အပိုင်း(21)🏙

13.5K 784 80
                                    

ဆက်ထုံး မမြင့်သို့အိမ်ကအပြန် လမ်းမှာဗိုက်ကရုတ်တရက် ထိုးအောင့်လာခဲ့သည်။လမ်းဘေးတွင် သူခဏထိုင်လိုက်ကာ သက်သာလို သက်သာငုား နေကြည့်သော်လဲ ဗိုက်ကမရဆက်တိုက်နာနေသည်။  မိုးကလဲနဲနဲမှောင်ချင်နေပြီ။

သူနီးစပ်ရာ ဆေးခန်းတစ်ခုသို့ ဝင်မှ ဖြစ်တော့မည်ဆိုတာ သိလိုက်ပြီ ။ နာနေသောဗိုက်အား လက်ဖြင့်ဖိကာ အားယူထ၍ ရှေ့တစ်မှတ်တိုင်ကျော်တွင် သူမြင်ခဲ့သော ဆေးခန်းကို ပြန်လှည့်လျှောက်ရပြန်သည်။

ဗိုက်ကလေးကို ဖိကာ ဆေးခန်းထဲသို့ အားပြုဝင်လိုက်ပြီး စာရင်းပေးလိုက်သည်။ နဖူးက ကျနေသောချွေးစေးများကို လက်ဖြင့်သုတ်ကာ ရှေ့ကလူနာပြီးရန် သူအားတင်းစောင့်နေရသည်။

"ကို သက်ဆက်ထုံး ဝင်လို့ရပါပြီ"

သူနာမည် ခေါ်သည်နှင့် သူအားယူထ၍ အခန်းထဲသို့ ဝင်လိုက်သည်။

"ဟင် ခင်များ ...အယ်"

ဆရာ၀န် ဖြစ်နေတာမို့သူပါးစပ်ကိုအမြန်ပိတ်လိုက်သည်။

"အော် ဘယ်သူများလဲလို့ ခင်များလေးကို လာထိုင်ပါဦး သက်ဆက်ထုံး"

ဆက်ထုံး ဆိုင်းဘုတ်ပြားက နာမည်ကို အခုမှဖတ်မိလိုက်သည်။

Dr.သွင်ခန့်ငြား
MBBS.(Med Sc)
အထွေထွေရောဂါကုဆရာ၀န်

*ဟင် ..ဒီလူကဆရာဝန်ပေါ့ မထူးပါဘူးလေ ရောက်ပြီးမှတော့ ပြလိုက်တော့မယ် အရက်ပုလင်းဖိုးတော့ အလျှော်မတောင်း လောက်ဘူးထင်ပါတယ်*

"ဟိတ် ဟိတ်!!"

"အမ် ဗျာ !!"

"ဘာဖြစ်တာလဲ လို့ "

"ဟို ဗိုက်က အရမ်းအောင့်လို့ပါ"

"မကြာမကြာ အောင့်လား"

"ဟုတ်ကဲ့ ခဏခဏပါပဲ။ ခုနောက်ပိုင်းတော့တော်တော်လေးအောင့်လာတယ်"

"အရင်ဆေးခန်းတွေ ဘာတွေကောပြဘူးလား"

"ဟင်အင့် ဒါပထမဆုံးပဲ မနေနိုင်တော့လို့ပြတာ"

ပြန်ရလိုက်တဲ့အဖြေကြောင့် ခန့်ငြားရယ်လိုက်မိသည်ထိ ပေတေလေးအား သဘောကျသွားသည်။

မောင့်.....သက်ဆက်ထုံး (Complete) Où les histoires vivent. Découvrez maintenant