အပိုင်း(12)🏙🔺Zawgyi

1.6K 60 1
                                    

"ဆက်ထုံးလေးရေ မောင့်ထုံးလေး မောင်ပြန်လာပြီ "

လူကအရင်မလာဘူး အသံကကြားရပြီ။

"ဘာလို့အကျယ်ကြီးအော်နေတာလဲ မောင်ရဲ့ ငါဒီမှာ"

" လွမ်းလို့လေ ဘာလဲမခေါ်
ရဘူးလား "

ပိုလွန်းသူကိုဆက်ထုံးမျက်စောင်းလေးဖြင့် ကြည့်လိုက်သည်။

"သင်တန်းကအဆင်ပြေခဲ့ရဲ့လား "

"ပြေပါတယ်ဗျ အပ်ခဲ့ပါပြီခင်ဗျ ဒီမှာပိုတဲ့ပိုက်ဆံပါခင်ဗျ"

"သေချာရော အပ်ခဲ့ရဲ့လား လောက်ရောလောက် ရဲ့လားဟင် ငါစိတ်ပူနေတာ "

"ဟော လောက်လို့ ပိုတောင်ပိုနေတာကို ထုံးရဲ့"

"အင်းပါ အဆင်ပြေတယ်ဆိုလဲပြီတာပါပဲ၊ သွားရင်တော့လိုင်းကားပဲ စီးသွားရမှာပေါ့နော်"

"ဒါပေါ့ မောင်စီးတတ်နေပါပြီ အေးဆေး"

ဆက်ထုံးခေါင်းလေးငုံသွားကာ သူလက်လေးကိုဆုပ်ကိုင်လာသည်။

"ငါ..စိတ်မကောင်းဘူးမောင် "

"ဘာလိုလဲ ထုံးရဲ့"

"ငါကြောင့်.."

"တော်တော့ ဘာမှဆက်မပြော နဲ့တော့ ဗိုက်ဆာနေပြီ ရေအရင်သွားချိုးတော့မယ် ဒီနေ့မောင့်ထုံးလေး ဘာဟင်းချက်ထားလဲ"

"အင်း မြန်မြန်သွားချိုးလိုက် ငါအဆင်သင့်ခူးထားလိုက်မယ်၊ ပြောစရာလဲ ရှိတယ်"

"ဟုတ်ကဲ့ မောင့်မိန်းမ အမိန့်တော်အတိုင်းပါဗျ"

ဆက်ထုံး လက်ခလယ်သာထောင်ပြလိုက်သည်။

"အရိုင်းတုံးလေးကတော့ နာချင်နေပြီ"

"ကဲသွားမှာသွားပါ"

သဏ္ဍန် ရေချိုးခန်းထဲဝင်ကာ ရေမိုးချိုးလိုက်တော့သည်။ သင်တန်းအပ် ကျောင်းကိစ္စစုံစမ်းရနဲ့ သူဒီနေ့အတော်ပင်ပန်းခဲ့သည်။ အရင်က ကားလေးပေါ် Aircon လေးနဲ့သွားနေတဲ့သူက Ybsကို 200 ပေးစီးကာ လှည်းတန်းထိ သူ သွားတတ်ခဲ့ပြီ ။

သို့သော် သူမညည်းငြူမိပါ သူအတွက် ဆိုပြီးအနစ်နာခံ ချစ်ပေးတဲ့ သူအိမ်သားလေးက သူအနားတွင် ရှိနေသည်မို့ထင်။အချစ်ကအရာရာကိုပြောင်းလဲစေနိုင်ပါသည်။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now