အပိုင်း(2)🌾🌴Zawgyi

2.2K 77 3
                                    

     
"အလှူ့ရှင် အလှူ့မများ ခင်များကျွန်တော်တို့ရွာရဲ့ကျက်သရေဆောင်အလှူမင်္ဂလာမဏ္ဍပ်ကြီးမှာ သထာလဲလှူ မသထာလဲလှူ မရှိလဲလှူ ရှိလဲလှူ သဒ္ဓါတရားနည်း များမဆို  လာရောက် ပါဝင်လှူဒါန်း နိုင်ပါပြီခင်များ!"

"ဟ!! ဆက်ထုံး မင်းဟာက မဟုတ်သေးပါဘူး သူလှူချင်မှ လှူမှာပေါ့ မင်းဟာကဇွတ်ကြီးလို့ ဖြစ်နေပြီ"

"မင်းဘာသိလို့လဲ ဖိုးထောင်ရာ အလှူငွေ များများရမှ မြန်မြန်
အလုပ်ပြီး မြန်မြန် ထန်းတောလစ်လို့ရမှာ သူကြီးဆီ မျက်နာရအောင် လုပ်ရမှာပဲ မင်းအသာနေစမ်းပါ"

"မင်းဟာကလဲ ငါခေါင်းကျိန်းပါတယ်ကွာ "

တစ်ရက်ကို ရွာသားနှစ်ယောက် အလှည့်ကြအလှူခံမဏ္ဍပ် ထိုင်ရမည်ဆိုသည့်သူကြီးအမိန့်ကိုဆက်ထုံးမလွန်ဆန်နိုင်။ဒါကြောင့်သူမလာမဖြစ်လာ နေရခြင်းဖြစ်ကာ နဲနဲမှ တစ်နေရာထဲ ထိုင်နေရတာမျိုးကိုသူစိတ်မဝင်စားပါ။

ဆက်ထုံးရဲ့လော်ကြီးရဲတော်ကီအောက်မှာ ဖိုးထောင်ခင်မျာ မျက်နှာငယ်နဲ့ ထိုင်နေရရှာသည်။
ရွာရဲ့ ငယ်ရန်ဘက် သူကြီးကတော် ဒေါ်လှတင်နှင့် တောင်ပိုင်းက ရွာမျက်နာဖုံးဦး​အေးကျော်ကတော် ဒေါ်ခင်ဝင်း တို့ ဈေးမှ ပြန်လာကြသည်ကို ဆက်ထုံး မြင်လိုက်စဉ် မျက်နာ နေခင်းကြောင်တောင် လသာ သကဲ့သို့ ဆက်ထုံးမျက်နှာမှာဝင်းပသွားသည်။

"ဟောဒီက ရွာရဲ့သူကြီးကတော် ကြီး ဘယ်ကပြန်လာတာတုန်းဗျ"

"ဟဲ့ !! ဆက်ထုံးရယ် နင့်လော်
ကြီးနဲ့ မအော်စမ်းပါနဲ့ဟယ် ဈေးကပြန်လာတာ​မမြင်ဘူးလား "

"ဟဲဟဲ အလှူငွေလေး နည်းများမဆို ပါဝင်လှူပါအုံးလားသူကြီးကတော်ကြီးရဲ့ "

"ဟို ကျုပ် ဈေးဖိုးကုန်ခဲ့ပြီအေ့ နောက်မှ လှူမယ်ဟင်းချက်နောက်မကျခင် သွားလိုက်ဦးမယ်"

*ဘွားတော် လည်ပင်းကဆွဲကြိုးမှအားမနာဗြောင်လိမ်ဗြောင်စား နဲ့ တွေ့မယ် ဒင်း*

"ရပါတယ်သူကြီးကတော်ရယ် သွားပါသွားပါ နောက်ကလာနေတဲ့ ​စေတနာ သဒ္ဓါ တရား ထက်သန်တဲ့ ရွာတောင်ပိုင်းက ကြီးတော်ကြီး ခင်ဝင်းဆီကပဲ အလှူခံလိုက်တော့မယ်ဗျ  ကြွပါဗျ သွားပါဗျ "

မောင့်.....သက်ဆက်ထုံး (Complete) Unde poveștirile trăiesc. Descoperă acum