အပိုင်း(14)🏙

12.2K 781 87
                                    

"ဘာ! အဲ့ကောင်က အဲ့လိုပဲပြောလိုက်လား သမီး"

"ဟင့်ဟင့် ဟုတ်တယ် အန်တီထင် သမီးက သဏ္ဌန်ခက်ခဲနေမှာဆိုးလို့ ကူညီမလို့ပါ။  သူကမလိုဘူး သူထားပေးနိုင်တယ်တဲ့ ပြီးတော့ သမီးကို ရိုင်းရိုင်းပျပျဆက်ဆံလိုက်တယ်အန်တီ "

"တောရွာဇနပုဒ်က အပုပ်ပွတွေဆိုတော့ စရိုက်ဆန်မှာပေါ့သမီးရယ်"

"ဟုတ်မယ် အန်တီထင် သဏ္ဌန်ကိုလဲ ဘယ်လိုစည်းရုံးထားတယ် မသိဘူး။ သမီးကို သဏ္ဌန်ကလဲ နှင်တယ် အန်တီ ဟင့်"

"ငိုမနေပါနဲ့ သမီးရယ် အန်တီသားကို အန်တီရအောင် ပြန်ခေါ်မယ် သမီးလေးကသာနားလည်ပေးမယ်မလားဟင် "

"အန်တီသာ သဏ္ဌန်ကို ပြန်ခေါ်ပေးပါ သမီးအဲ့လို ယောကျ်ားချင်း လက်ထပ်တာတွေကို အယုံအကြည်လဲမရှိဘူး၊ အဓိကသဏ္ဍန်ဖြစ်နေရင် အကုန်နားလည်လက်ခံပေးနိုင်ပါတယ် အန်တီ"

"ကျေးဇူးပါသမီးလေးရယ် အန်တီ သားကို ရအောင်ပြန်ခေါ်ပါ့မယ် အဲ့လို့ စရိုက်တွေ ကြားမှာ သားကိုကြာကြာမထားနိုင်ဘူး အန်တီရူးရလိမ့်မယ်"

"သမီးလဲ သဏ္ဌန် ပြောင်းလဲသွားတာကိုကြည့်ပြီး အရမ်းအံသြမိတယ် အန်တီ"

"ဟင့်ဟင့် အန်တီသားလေး"

ဒေါ်ထင်သဏ္ဍန် ထိုင်ချကာချုံးပွဲချငိုတော့သည်။ သားလေးက မွေးထဲက ဖူးဖူးမူတ်ထားခဲ့တာ သူနဲ့တစ်ရက်တောင်မခွဲဘူး။ လိုတိုင်းတ ရချင်တာအကုန် လက်ညိုးထိုးမလွှဲ နေလာခဲ့ရတဲ့ သားလေး အခုတော့ တိုက်ခန်းစုတ်လေးမှာ စားပွဲမပါတဲ့ ထမင်းဝိုင်းကို စားပြီး ဘာကြောင့်မိဘရင်ခွင်ကို စုန်ကန်ချင်ရတာလဲ သားရယ် ။ အမေရင်ထဲမချိလိုက်တာ ဘယ်လိုအောက်တန်းစားတွေကြောင့် အမေရင်ကို စုန်ကန်ရတာလဲ ကွယ်။

မြမိုးသွယ် အန်တီထင်ကို ဖက်၍ နှစ်သိမ့်ပေးနေလိုက်သည်။ သူလိုချင်တာရဖို့ ဘယ်သူကို စတေးရ စတေးရ သူမမူ့ပါ သဏ္ဌန်ကို သူချစ်လာရတာကြာခဲ့ပြီ သူပိုင်ပြီးဆိုတဲ့ အရာကို ဒင်းက ဘာအဆင့်တန်းရှိလို့ငါဆီက လူယူသွားရတာလဲ။  မြမိုးသွယ် အပိုင်ကို လာထိရင်ဘာဖြစ်သွား နိုင်လဲ မင်းသိဖို့ကောင်းတယ် သက်ဆက်ထုံး ။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now