၃၉၁။ စာရင်းသွင်းခြင်း - ၇
မကြာခင်မှာပင် တပည့်ကြီးများက တပည့်သစ်များအား နည်းပေးလမ်းပြရန် ရွေးချယ်ခြင်းက ပြီးစီးသလောက် ဖြစ်သွားကြသည်။ နောက်ဆုံးတွင် အငယ်ဆုံးဖြစ်သော ဂျန်ဝုရှီ တစ်ယောက်တည်းသာ ကျန်တော့သည်။
တပည့်ကြီးများတွင် တစ်ယောက်က တပည့်သစ်များထဲမှ အသက်ကြီးသူများကို အမြန်အဆန် မရွေးချယ်နိုင်ခဲ့ပေ။ အခု သူက ပိန်ပိန်ပါးပါး ဂျန်ဝုရှီကို အထင်အမြင်သေးစွာ ခေါင်းစ ခြေဆုံး ကြည့်လိုက်သည်။ သူ့ကြည့်ရသလောက်တော့ ဂျန်ဝုရှီကို ရွေးကောက်ဖို့ လိုလားဟန် မရပေ။
မင်းက အသက် ၁၄နှစ်လား ထိုတပည့်ကြီးက ဂျန်ဝုရှီရှေ့သို့ လာရပ်သည်။ သူ့မျက်နှာက မကျေမနပ် ဖြစ်နေသည်။
ဂျန်ဝုရှီက အသာအယာ ခေါင်းညိတ်ပြသည်။ သူမက တပည့်ကြီး၏ မကျေမချမ်း ဖြစ်နေခြင်းကို သတိမပြုမိပေ။
မင်း လက်စွပ်ဝိညာဉ်က ဘာအမျိုးအစားလဲ ထို့နောက် တပည့်ကြီးက ဆက်မေးသည်။
သားရဲ အမျိုးအစား။
လချီးတဲ့မှ သူက ခပ်တိုးတိုး ဆဲလိုက်ပြီး တပည့်သစ်များကို ဦးဆောင်ခေါ်လာခဲ့သည့် လူငယ်ဘက်သို့ လှည့်ကာ ပြောသည် ငါ့ လက်စွပ်ဝိညာဉ်က လက်နက်အမျိုးအစား၊ ဒီတော့ ငါ ဒီကောင်လေးကို နည်းပေးလမ်းပြ မလုပ်နိုင်ဘူး။
တပည့်သစ်များကို ဦးဆောင်ခေါ်လာခဲ့သော လူငယ်က မနှစ်သက်ဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။ ပုံမှန်အားဖြင့် တပည့်သစ်များနှင့် လက်စွပ်ဝိညာဉ်တူသူချင်းသာ နည်းပြအဖြစ် တွဲစပ်ပေးသည်။ လက်စွပ်ဝိညာဉ်ချင်း မတူလျှင် ကျင့်ကြံခြင်း နည်းစနစ် မတူသဖြင့် နည်းပြပေးရန် ခက်ခဲသည်။ တပည့်ကြီးများက တပည့်သစ်များကို အုပ်ထိန်းသူအနေဖြင့် လက်ခံကြသော်လည်း, တပည့်သစ်များ၏ လက်စွပ်ဝိညာဉ်စွမ်းအားကို လေ့ကျင့်ပေးခြင်းမှာ မည်သည့် လမ်းညွှန်မှုကိုမျှ လုပ်ဆောင်ပေးနိုင်ကြသည် မဟုတ်ပေ။
နည်းပြရပြီးသော တပည့်သစ်များက ဂျန်ဝုရှီ၏ အခက်အခဲကို တွေ့ရ၍ အူမြူးနေကြသည်။
သူတို့၏ အားကျခြင်း မနာလိုခြင်းများက လှောင်ပြောင်ခြင်းသို့ အလျင်အမြန်ပင် ပြောင်းလဲလာကြသည်။
ဒီကောင်လေးကို ဂူလီရှန်က စိတ်ဝင်စားလည်း ဘာဖြစ်မှာတဲ့လဲ၊ သူက အဆုံးသတ်မှာတော့ တပည့်ကြီးတွေ အားလုံး အထင်သေးခံရတာပဲ မဟုတ်လား။
ထိုတပည့်သစ် လူငယ်များက သူတို့ဘာသာ ခပ်တိုးတိုး လှောင်ပြောင် ရယ်နေကြသည်။
တပည့်သစ်များ၏ လှောင်ပြောင်ခြင်း, တပည့်ကြီးများ၏ အထင်သေးခြင်းကို ခံနေရသော်လည်း ဂျန်ဝုရှီကား မည်သို့မျှ သက်ရောက်မှု ရှိမနေပေ။ သူမက အေးစက်စက်သာ ကြည့်နေသည်။ သူမ မျက်လုံးများမှာ မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ ပြသမနေပေ။
သားရဲအမျိုးအစားလား၊ ဒါဆို ငါနဲ့ အတူတူပဲပေါ့။ ရုတ်တရက် ဝမ်းမြောက်ရွှင်ပြသည့် အသံက ခန်းမကြီးထဲ ပဲ့တင်ထပ်သွားသည်။ အရပ်ထောင်ထောင်မောင်းမောင်းဖြင့် နှစ်သက်စဖွယ် မျက်နှာထားရှိသော လူတစ်ယောက်က လှမ်းဝင်လာသည်။ သူ့နောက်ဘက်တွင် မနက်ခင်း နေရောင်ခြည်က လင်းထိန်နေသည်။ သူက တင့်တယ်ခံ့ညားစွာ ပြုံးနေသည်။ ၎င်းအပြုံးကြောင့် လူတိုင်း သူ့အား နှစ်သက် သဘောကျစေသည်။
အကိုကြီး ဖန်, ဒီ ဘာလာ လုပ်တာလဲ ဂျန်ဝုရှီကို ပယ်ချရန် အကြောင်းပြချက်ကောင်းကောင်း ရှာနေသည့် တပည့်ကြီးက ထိုအရပ်ထောင်ထောင်မောင်းမောင်းပုံရိပ် ဝင်ရောက်လာတာကို တွေ့ရလျှင် တောင့်တင်းသွားသည်။
ဖန်ဂျင်က ပေါ့ပေါ့ပါးပါး ရယ်၍ ဖော်ဖော်ရွေရွေဖြင့် ထိုတပည့်ကြီး၏ ပခုံးကို ပုတ်ကာ ပြောသည် မင်းတို့ အားလုံး ငါတို့ရဲ့ တပည့်သစ်တွေကို ကြိုဆိုဖို့ ဒီနေရာ လာတယ်ဆိုလို့, ငါလည်း လာကြည့်တာလေ။
ထိုသို့ ပြောပြီးနောက် ဖန်ဂျင်၏ အကြည့်က တစ်ယောက်တည်း ဘေးတစ်ဖက်တွင် ရပ်နေသည့် ဂျန်ဝုရှီအပေါ်သို့ ရောက်ရှိသွားသည်။ လူတိုင်း၏ ရှေ့တွင် သူက ဂျန်ဝုရှီကို စေ့စပ်သေချာစွာ စူးစမ်းလေ့လာ၍ အပြုံးဖြင့် မေးသည် ဘယ် တပည့်ကြီးကမှ မင်းကို မသိမ်းပိုက်သေးဘူးလား။
ဂျန်ဝုရှီက ဖန်ဂျင်ကို အေးစက်စက် ကြည့်နေသည်။ မည်သည့်စကားကိုမျှ ပြန်မပြောချေ။
ဂျန်ဝုရှီကိုယ်တွင်းရှိ ကြောင်နက်လေးက ဒေါသထွက်ကာ ခုန်အုပ်ပစ်ချင်နေသည်။
(မင်းက သိမ်းပိုက်တယ်ဆိုတာ ဘာ ပြောချင်နေတာလဲ။)
(ငါ့သခင်မလေးက ဘယ်သူ့ အပိုင်ပစ္စည်းမှ မဟုတ်ဟူး။)
နောက်ဆုံး ကျန်ရစ်နေသည့် တပည့်ကြီးက ချောင်းဟန့်၍ သတိထားကာ ပြောသည် အကိုကြီး ဖန်... ကျနော် သူ့ကို လက်ခံချင်ပါတယ်, ဒါပေမဲ့... ကျနော်တို့ရဲ့ လက်စွပ်ဝိညာဉ်က မတူဘူး ဖြစ်နေတယ်၊ ကျနော် သူ့ကို လက်ခံခဲ့ရင်တောင်, သူ့တိုးတက်မှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်။ ထိုတပည့်ကြီး၏ အစောပိုင်း မာန်ထောင်လွှားခြင်းက ဖန်ဂျင်ကို မြင်ပြီးနောက် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီး ဂျန်ဝုရှီ၏ တိုးတက်ကြီးပွားခြင်းကို စိုးရိမ်ပူပန်ဟန် ပြသလာသည်။
ဖန်ဂျင်က ရယ်၍ လက်ကာပြကာ အရေးမကြီးဟန်ဖြင့် ပြောသည် မင်း ဒါနဲ့ ပတ်သက်လို့ စိုးရိမ်မနေပါနဲ့၊ မင်းတို့ လက်စွပ်ဝိညာဉ်က မတူမှတော့ ဒီကောင်လေးကို ငါဘဲ ဂရုစိုက်လိုက်ပါ့မယ်၊ ငါ ဒီတပည့်ငယ်လေးကို အချိန်အတိုင်းအတာ တစ်ခုအထိ နည်းပြပေးလိုက်မယ်။
ဖန်ဂျင်က ဂျန်ဝုရှီကို ကြည့်လျက် ပြောသည်။ သူက ဖော်ရွေဟန်ဖြင့် တောက်လျှောက် ပြုံးနေသည်။
ဘယ်လို,,, အကိုကြီး ဖန်... မင်း... မင်းက သူ့ကို နည်းပြ ပေးမှာလား ထိုတပည့်ကြီးက ဖန်ဂျင် မှားများ ပြောနေသလားလို့ စဉ်းစားလျက် မျက်လုံးပြုးကာ မေးသည်။
အင်း... ငါ ဒီကောင်လေးကို သဘောကျတယ်, သူ့ကို နည်းပြ ပေးနိုင်မယ်လို့လည်း ထင်တယ်။ ဖန်ဂျင်က ရယ်ရယ်မောမောဖြင့် ပြောသည်။