၃၇၄။ လဲလိုက် - ၂
ဖေးယန်က ဂျန်ဝုရှီ မသိလောက်ဘူးထင်၍ အမျိုးသမီးအဝတ်အစားကုန်သေတ္တာကို သူ့အတွက် ဝယ်ပေးထားသည်ဟု ထင်မှတ်လိုက်သည်။ ကျောက်ချူ ကျီစယ်တာကိုလည်း မလွန်ဆန်နိုင်သဖြင့် အားတင်းကာ မိန်းကလေးအဝတ်အစားကို ဝတ်ဆင်၍ ဂျန်ဝုရှီရှေ့တွင် ပေါ်လာခြင်း ဖြစ်သည်။
သူ တမင်တကာ လိင်ဖုံးကွယ်ထားတာ မဟုတ်ဘူးဆိုတာကို ဂျန်ဝုရှီက တကယ် သတိပြုမိခဲ့သည်ဟူ၍ မည်သူ မှတ်ထင်မိမည်နည်း။
နောက်ကြောင်း ပြန်စဉ်းစားလျှင်, ဂျန်ဝုရှီ နိုးလာသည့် ပထမဆုံးနေ့တွင် သူက ကြောင်နက်လေးကို ရောင်းရူလက်ထဲ ထည့်ပေးထားခဲ့သည်။ နိုးနိုးချင်း ပထမဆုံး တွေ့ခဲ့သည့် ဖေးယန်လက်ထဲ ထည့်မပေးချေ။ ဂျန်ဝုရှီက ထိုကိစ္စကို အကြောင်းပြချက်ကောင်းကောင်းဖြင့် လုပ်ဆောင်ခဲ့ပုံပေါ်သည်။
ထို့ကြောင့် ဂျန်ဝုရှီက ရောင်းရူနှင့် ဖေးယန်၏ လိင်ကို အစောပိုင်းကတည်းက သိထားနှင့်ပုံ ပေါ်သည်။
ထို့ပြင် ဂျန်ရှီက ရောင်းရူကို တခြားလူများနှင့် မတူ ကွဲပြားစွာ ဆက်ဆံသည်။
ဖေးယန်က ထိုခဏတွင် အလွန်အမင်း ရှက်စိတ်မွှန်သွားသည်။ သို့သော် ရောင်းရူက ပြုံးမြဲသာ ပြုံးနေသည်။ ရောင်းရူက ဖေးယန်ကို ရုတ်တရက် ဆုံးဖြတ်ချက်ပြတ်သားစွာ ဆွဲခေါ်သွားသည်။ ခဏအကြာတွင် သူတို့က မူရင်းလိင်နှင့် ကိုက်ညီစွာ အဝတ်အစား ပြန်လဲ၍ ဂျန်ဝုရှီရှေ့မှာ ပြန်ပေါ်လာကြသည်။
သို့သော်.....
ဖေးယန်က လိင်လွဲအဝတ်အစားဝတ်ဆင်ထားလျှင် မိန်းကလေးလို ကြည့်ကောင်းနေပြီး ရောင်းရူလည်း ထို့အတူပင်။ လှပညက်ညောသော မိန်းကလေး အဝတ်အစားကို ဝတ်ဆင်ထားသည့် ရောင်းရူကို ကြည့်ရင်း ကျောက်ချူအရေပြားများက ရွစိရွစိ ဖြစ်လာသည်။ ယောက်ျားလေး အဝတ်အစားနှင့်သာ ရောင်းရူကို မြင်နေကျမို့ ဖြစ်သည်။
နောက်ဆုံးတွင် သူတို့နှစ်ယောက်က တခြားသူများ၏ အိုးတို့အန်းတန်း အကြည့်များကို သည်းမခံနိုင်တော့ဘဲ ပထမဆုံးအကြိမ်တုန်းကလိုပင် ပြန်လည် ဝတ်ဆင်ထားလိုက်ကြတော့သည်။
ဖေးယန်က မိန်းကလေးလို နောက်တစ်ကြိမ် ဝတ်ဆင်လာခဲ့လျှင် ကျောက်ချူက ကြည့်ရင်း မထိန်းနိုင် မသိမ်းနိုင် ရယ်တော့သည်။ ဖေးယန်က ကျောက်ချူကို လိုက်လံ ထိုးနှက်လေ၏။
ဖေးယန်က သူတို့ထဲတွင် အညှက်ဆုံး ဖြစ်သည်။ သို့သော် သူက အင်အားအကြီးဆုံး ဖြစ်သည်။ သူက ကျောက်ချူကို လက်သီးတစ်ချက်ဖြင့် အလဲသိပ်နိုင်သည်။ သူ၏ အစစ်အမှန် လိင်ကို မသိသူသာ ဆိုပါက, ဖေးယန်ကို မိန်းမကြမ်းကြီးဟူ၍ မှတ်ချက်ချမည် ဖြစ်သည်။ (Violent Lalita=လော်လီတာ၊ ရုပ်ရှင်ရှိသည်၊ ရှေးခေတ်အကြောင်းအရာမို့ မိန်းမကြမ်းကြီးလို့သာ ဘာသာပြန်ပါသည်။)
ဒေါသထွက်နေသည့် ဖေးယန် လိုက်တာကို ခံနေရသည့် ကျောက်ချူက ပတ်ပြေးနေစဉ်, ရောင်းရူက ဂျန်ဝုရှီဘေးတွင် ထိုင်ချသည်။ ကျေးဇူးပဲ။
သည်လောက် လုပ်ဆောင်ပေးသော်လည်း ဂျန်ဝုရှီက သည်ကိစ္စရပ်များကို စကားတစ်ခွန်းမျှ မဟပေ။
မလိုပါဘူး။ ဂျန်ဝုရှီက သိမ်မွေ့နူးညံ့စွာ ပြန်ပြောသည်။ သူမစိတ်ထဲတွင် ပိုက်ဆံ သုံးစွဲပေးတာ အကောင်းဆုံးအရာဟူ၍ တွေးလို့ကို မရပေ။
ဟွာယောင်းက လိင်လွဲအဝတ်အစားများကို ဝတ်ဆင်ထားကြသည့် ညီအမများကို စူးစိုက်ကြည့်နေရင်း ရုတ်တရက် သဘောကျသွားသည်။ သူက မျက်နှာ ပြန်တည်၍ ဂျန်ဝုရှီဖက်သို့ လှည့်ကြည့်ကာ တည်ကြည်လေးနစ်စွာ ပြောသည် အခု အချိန်ကောင်း မဟုတ်သေးပေမဲ့, ရှီလေး မင်း ငါတို့ကို ကူညီပေးရမဲ့ အရာတစ်ခု ရှိသေးတယ်။
ဆေးလား ဂျန်ဝုရှီက မျက်ခုံးတစ်ဖက် ပင့်၍ မေးသည်။
ဟွာယောင်းက ခေါင်းညိတ်ပြသည်။
ဆေးညွှန်း ဂျန်ဝုရှီက ခဏလေးပင် မတုံ့ဆိုင်းဘဲ မေးသည်။
ဟွာယောင်းက သူ့အင်္ကျီအိတ်ထဲမှ ဆေးညွှန်းစာရွက်ကို ထုတ်ပေးသည်။ ဂျန်ဝုရှီက အပေါ်ယံတစ်ချက်လောက် ဖတ်ကြည့်သည်။
ဒီဆေးက ဘယ်သူ့အတွက်လဲ ဂျန်ဝုရှီက ခေါင်းမော့၍ မေးသည်။
ဆရာ့အတွက်, လွန်ခဲ့တဲ့ နှစ်များစွာမှာ သူက ငါတို့ကို ကာကွယ်ရင်း ဒဏ်ရာအများကြီး ရခဲ့တယ်၊ အခု အရက်မပါရင် ထုံကျင်ကိုက်ခဲနေတော့တာပဲ။ ဟွာယောင်းက ၎င်းအကြောင်းကို ပြောနေရင်း သူ့ မျက်နှာက မည်းမှောင်သွားသည်။ ဆင်းရဲချို့တဲ့သဖြင့် သူတို့က ယန်ဘူဂွေ့အတွက် ဝိုင်ကိုပင် ဝယ်မပေးနိုင်ခဲ့ကြချေ။ ထိုဒဏ်ရာများမှ နာကျင်ခြင်းက ညှဉ်းပန်းနှိပ်စက်ခံနေရခြင်း ဖြစ်သည်။
သူတို့ အလယ်ဘုံမှ ထွက်ခွာလာစဉ်ကတည်းက ဆေးညွှန်းကို သူတို့နှင့် အတူတူ ယူဆောင်လာခဲ့ကြသည်။ သို့မှသာ ယန်ဘူဂွေ့ကို ကုသနိုင်မည် ဖြစ်သည်။ ကျောက်ချူက တစ္ဆေမြို့တော်သို့ အရှေ့ပိုင်းပုလဲနှင့် လဲလှယ်ရန် သွားစဉ်က, ရရှိလာခဲ့သည့် ပုလဲများက ဆေးအမယ်တစ်ခုအတွက်သာ လုံလောက်ခဲ့သည်။ သို့သော် ဆေးဖော်စပ်ဖို့က အင်မတန် ခက်ခဲလွန်းသည်။ အလယ်ဘုံမှာပင် မလွယ်ကူပေ။ လူအနည်းငယ်လောက်သာ ဖော်စပ်နိုင်သည်။
သူတို့က ဂျန်ဝုရှီနှင့် မတော်တဆ တွေ့ဆုံခဲ့ရစဉ်မှာ, သိပ် ယုံကြည်မှု မရှိသော်လည်း, မျှော်လင့်ချက်သေးသေးလေးပင် ဖြစ်ပါစေ, သူတို့က လက်လွှတ်ခံနိုင်မည် မဟုတ်ကြပေ။
ဂျန်ဝုရှီက ခေါင်းငုံ့၍ ဆေးညွှန်းကို စေ့စေ့စပ်စပ် ဖတ်ရှူသည်။
ဆေးဖက်ဝင်တွေ ဂျန်ဝုရှီက ရုတ်တရက် ပြောသည်။
ဘာလဲ
ငါ့ကို ဆေးဖက်ဝင်တွေ ပေး ဂျန်ဝုရှီက ဟွာယောင်းကို ကြည့်၍ ထပ်ပြောသည်။
ဟွာယောင်းက နောက်ဆုံးတွင် ဂျန်ဝုရှီ၏ ဆိုလိုရင်းကို နားလည်သွားသည်။ သူ၏ ပုံမှန် တည်ငြိမ်သည့် အမူအရာက စိတ်လှုပ်ရှားခြင်းတို့ဖြင့် အနည်းငယ် ပြိုအက်သွားရသည်။
မင်း ဖော်စပ်နိုင်တယ်ပေါ့။
ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ ဆေးညွှန်းများက ပုံမှန်ထက် ပိုမို ရှုပ်ထွေးသည်။ သို့သော် သူမ စွမ်းနိုင်တာထက် ပိုလွန်နေသည်တော့ မဟုတ်ပေ။ ကပ်သီးကပ်သပ်နိုင်သည့် အပိုင်းက အလွန်အမင်း ရှားပါးသည့် ဆေးဖက်ဝင်များ ဖြစ်သည်။ ဂျန်ဝုရှီသည်ပင် အရင်တုန်းက မမြင်ဖူးခဲ့ပေ။
ဒါက ဝမ်းသာစရာပဲ၊ ငါတို့ ဆေးဖက်ဝင်တွေ မရ ရအောင် လုပ်ပေးမယ်။ ဟွာယောင်း၏ မျက်နှာက အပြုံးများ ဝေဆာလာသည်။ မည်မျှလောက်ပင် ခက်ခဲနေပါစေ, နောက်ဆုံးတော့, အခု မျှော်လင့်ချက်လင်းရောင်ခြည်ကို သူတို့ တွေ့မြင်ကြရလေပြီ။