၃၆၀။ ကျုပ်လုပ်တော့ ဘာဖြစ်လဲ - ၂
ကျောက်ချူနှင့် တခြားသုံးယောက်က မေးကြောကြီးများ ထောင်ကာ လက်သီးဆုပ်ထားကြသည်။ သို့သော် သူတို့ ဘာမျှ ပြန်မပြောကြချေ။
အရင်ကလည်း အကြိမ်ပေါင်းများစွာ သည်လိုပင် အဆဲခံခဲ့ကြရသည်။ သူတို့ကိုယ်သူတို့ ထိန်းချုပ်ပြီး အနိုင်ကျင့်စော်ကားတာကို ခံနေရုံမှ တပါး သူတို့လုပ်နိုင်တာ ဘာမျှ မရှိချေ။
ငါတို့ကို ရက်နည်းနည်း ထပ်ပေးအုံးရောင်းရူက နောက်ဆုံးတွင် တောင်းပန်လာသည်။ သူ့လေသံက ဖော်ရွေနေသည်။
လူငယ်များခေါင်းဆောင်က ရောင်းရူ၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည်။ မည်သူမျှ မမျှော်လင့်သည့် လုပ်ရပ်ဖြစ်သည်။ ငါတို့ မင်းတို့ကို လပေါင်းများစွာ အချိန်ပေးရင်တောင်, မင်းတို့ကောင်တွေ တစ်ပြားတစ်ချပ်တောင် ပေးနိုင်ကြမှာ မဟုတ်ဘူး၊ ဖီးနစ်ကျောင်းတော်ကနေ ထွက်သွားကြ၊ မင်းတို့လို သူတောင်းစားတွေကို ဒီနေရာက မလိုချင်ဘူး။
ထိုစဉ် သူတို့လေးယောက်၏ မျက်နှာများက ပြောင်းလဲသွားကြသည်။ ကျောက်ချူက တင်းမာလာပြီး ဒေါသကို မနှိပ်ကွပ်နိုင်သဖြင့် ရှေ့သို့ တက်လှမ်းလာသည်။ သို့သော် ခြေတစ်လှမ်းဖြင့် ရောင်းရူက သူ့ပခုံးကို ကိုင်၍ ခေါင်းယမ်းပြသည်။
အိုး, ဒါက ဘာသဘောလဲ၊ မင်းတို့က ငါ့တို့ကို ရိုက်ချင်ကြတာလား ထိုလူငယ်က ကျောက်ချူကို စူးစူးရဲရဲ ကြည့်သည်။ သူ့မျက်နှာက အထင်သေးဟန် အထင်းသား ပေါ်နေသည်။
ထိုလူငယ်က ထိုလေးယောက်အပေါ် အကြိမ်တိုင်း သည်လို လုပ်ခဲ့တာကို ပြန်စဉ်းစားနေသည်။ အကြိမ်တိုင်း အရှေ့ဖက်ဝင်းမှ သည်သူတောင်းစားများက လက်တုံ့မပြန်ရဲကြချေ။
ကျောက်ချူက လက်ဖဝါးမှ သွေးထွက်သည်အထိ လက်သီးကျစ်ကျစ် ဆုပ်ထားမိသည်။ ယန်ဘူဂွေ့ အမိန့်ပေးမထားခဲ့လျှင်, ၎င်းအထင်သေးသည့် မျက်နှာကို သူက အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်လောက်နေပြီ။
သို့သော် လူငယ်ခေါင်းဆောင်ကို သူ့နောက်လိုက်များက အော်ဟစ်အားမပေးခင်မှာပင်, လက်သီးပြင်းပြင်းက သူ့မျက်နှာပေါ်သို့ ကျနောက်လာပြီး သူက လေထဲ လွင့်ထွက်သွားရသည်။
လူတိုင်းက လက်သီးဖြင့် ထိုးသူကို လှည့်ကြည့်ကြသည်။
ဂျန်ဝုရှီက သတိလစ်နေဆဲဖြစ်သည့် ကြောင်နက်လေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားပြီး နောက်လက်တစ်ဖက်ကို မြှောက်ထားဆဲပင် ရှိသေးသည်။ သူမ၏ အေးစက်စက် မျက်နှာမှာ မည်သည့် ခံစားချက်မျှ ရှိမနေပေ။ သို့သော် ထိုမျက်လုံးများမှာ အေးစက်စက် သတ်ဖြတ်လိုခြင်းများက လင်းလက်နေသည်။
ရှီလေး.....ထိုအခိုက်တွင် ကျောက်ချူ၏ ဒေါသက လေလျော့သွားသည့် ပူပေါင်းလို ပျောက်ကွယ်သွားသည်။ သူက ဂျန်ဝုရှီကို ခံစားချက်ပေါင်းစုံဖြင့် ပြောစရာမစကားရှာမရဘဲ ကြည့်နေမိသည်။
လွင့်ပျံသွားသည့် လူငယ်ကို တခြားလူငယ်များက ကူညီဖေးမပေးသည်။ သူက နာကျင်စွာ ညည်းတွားသည်။ ဖူးယောင်သွားသည့် သူ့မျက်နှာကို လက်ဖြင့် ကိုင်ထားသည်။ သူက ဂျန်ဝုရှီကို ဒေါသတကြီး စူးစူးရဲရဲ ကြည့်သည်။
မင်းလို သူတောင်းစားက ငါ့ကို ရိုက်ရဲတယ်ပေါ့၊ အသက်ရှင်နေရတာ ပင်ပန်းနေတယ်လား၊ မင်းတို့အားလုံး, သူ့ကို သမစမ်း လူငယ်ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်သည်။ သူ့အား ဝိုင်းရံနေသည့် လူငယ်များက ဂျန်ဝုရှီထံ ခုန်ဝင်လာကြသည်။
ဂျန်ဝုရှီ၏ မျက်လုံးများက ရက်စက်လိုဟန်ဖြင့် ကျဉ်းမြောင်းသွားကြသည်။ သူမက ကြောင်နက်လေးကို ဟွာယောင်းလက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။ သူမ၏ ပေါ့ပါးသည့် ခန္ဓာကိုယ်မှာ ရုတ်တရက် လိမ္မော်ရောင် အလင်းများ တောက်ပလာပြီး သူမက တိုက်ခိုက်ရန်လာသည့် လူငယ်များသို့ ပစ်လွှင့်လိုက်သည်။
ခန္ဓာကိုယ်ကြီးမားသည့် လူငယ်များက သေးသွယ်သည့် ကောင်လေးကို လွယ်လွယ် အနိုင်ယူနိုင်မည်ဟု သူတို့ဘာသာ တွက်ဆထားကြပြီး ကြောက်ရွံ့ခြင်းမရှိ တိုးတိုက် ဝင်ရောက်လာကြသည်။ သို့သော် သူတို့က လိမ္မော်ရောင်အလင်းတန်းများကို မြင်လိုက်လျှင်, ရုတ်တရက် ကြောက်စိတ်ပေါ်လာကြသည်။ သူတို့မျက်လုံးများတွင် ကြောက်စိတ်များ ပေါ်လွင်နေတာ ထင်ရှားလွန်းသည်။
ဘာလဲဟ...
ဒီငပိန်ကောင်လေးက လိမ္မော်ရောင်အဆင့်ကို ရောက်နေပြီလား။
ရှေ့သို့ တက်လာသည့် သူတို့အရှိန်ကို ရပ်တန့်ဖို့ သူတို့ နောက်ကျသွားကြလေပြီ။ လိမ္မော်ရောင်အလင်းတန်းက သူတို့ကြားထဲ တိုးဝင်သွားသည်။ လူငယ်များအားလုံး နောက်လန်လဲကျ၍ ဒဏ်ရာများ ရသွားကြလေ၏။
ဒါက မျက်စိတစ်မှိတ်စာသာ ကြာသည်။ မာနထောင်လွှားပြီး အထင်အမြင်သေးခဲ့သည့် သူတို့ လူငယ်များအားလုံး မြေကြီးပေါ်တွင် လဲကျသွားကြပြီး နာကျင်လွန်းသဖြင့် မျက်ရည်များ ယိုစီးကျလာကြသည်။ လူငယ်ခေါင်းဆောင်၏ မျက်နှာတွင် ဒေါသထွက်ခြင်း, မာနထောင်လွှားခြင်းက ပျောက်လွင့်သွားပြီး သူ့အနား ရောက်လာသည့် ဂျန်ဝုရှီကို ကြောက်ရွံ့သဖြင့် မျက်လုံးအပြူးသားဖြင့် ကြောင်ငေးကြည့်နေမိသည်။
မင်း..... မင်း ဘာလုပ်ချင်တာလဲ.... ငါ..... ငါက တောင်ဘက်ဝင်းက ကျောင်းသားခေါင်းဆောင်ပဲ.... မင်း ငါ့ကို ထိခိုက်အောင် မလုပ်ရဲပါဘူး...နို့မို့ဆို...
ဘန်း
လူငယ်က သူ့စကားကိုပင် ဆုံးအောင် မပြောရလိုက်ချေ။ ဂျန်ဝုရှီက သူ့မျက်နှာအား နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး သူ့ကော်လာကို နောက်လက်တစ်ဖက်ဖြင့် ဆွဲကိုင်၍ အသားကုန် လက်သီးဖြင့် ဆင့်ဆင့် ထိုးလိုက်သည်။
သူ့ကော်လာကို တင်းတင်းကျပ်ကျပ် ဆွဲကိုင်ထားသဖြင့် သူ့ခေါင်းက ဂျန်ဝုရှီ၏ လက်သီးချက်ကြောင့် ချာချာလည်သွားရသည်။ သူက ကာကွယ်ချင်သော်လည်း ဂျန်ဝုရှီ၏ ကြမ်းကြုတ်ရက်စက်သော လက်သီးချက်များက သူ့မျက်နှာပေါ်သို့ ဆက်တိုက် ကျရောက်လာသဖြင့် နှစ်မြို့စရာ မရှိသည့် သူ့မျက်နှာက ဖူးယောင်ကားလာပြီး တွန့်ရှုံ့သွားကာ သွေးများဖြင့် ပေကျံနေတော့သည်။
တခြားလူငယ်များက မလှုပ်ရှားရဲကြတော့ချေ။ သူတို့ နေရာမှာပင် အမြစ်စွဲကာ ရပ်နေကြသည်။ သူတို့က ကြောက်လန့်နေကြကြီး ဂျန်ဝုရှီ၏ ရိုက်နှက်နေခြင်းကို ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေကြသည်။
ဒါက ကြမ်းကြုတ်တယ်, ဒါက အရမ်း ရက်စက်တယ်။
သူ့ကို ရပ်ခိုင်းပါအုံး၊ နို့မို့ဆို တစ်ယောက်ယောက် သေသွားလိမ့်မယ်။