ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Pa...

By nyachanlinkar

3.6K 351 9

Zawgyi + Unicode Daoist Master of Qing Xuan မူရင္းေရးသားသူ - Zhong Yuan Wu Bai ဘာသာျပန္ဆိုသူ - ဇင္ေျပ Total e... More

Book 29 Chapter 396
Book 29 Chapter 397
Book 29 Chapter 398
Book 29 Chapter 399
Book 29 Chapter 400
Book 29 Chapter 401
Book 29 Chapter 402
Book 29 Chapter 403
Book 29 Chapter 404
Book 29 Chapter 405
Book 29 Chapter 406
Book 30 Chapter 407
Book 30 Chapter 408
Book 30 Chapter 409
Happy Thadingyut To You All
Book 30 Chapter 410
Book 30 Chatper 411
Book 30 Chapter 412
Book 30 Chapter 413
Book 30 Chapter 414
Book 30 Chapter 415
Book 30 Chapter 416
Book 30 Chapter 417
Book 30 Chapter 418
Book 30 Chapter 419
Book 30 Chapter 420
Book 31 Chapter 421
Book 31 Chapter 422
Book 31 Chapter 423
Book 31 Chapter 424
Book 31 Chapter 425
Book 31 Chapter 426
Book 31 Chapter 427
Book 31 Chapter 428
Book 31 Chapter 429
Book 31 Chapter 430
Book 31 Chapter 431
Book 31 Chapter 432
Book 31 Chapter 433
Book 31 Chapter 434
Book 31 Chapter 435
Book 31 Chapter 436
Book 32 Chapter 437
Book 32 Chapter 438
Book 32 Chapter 439
Book 32 Chapter 440
Book 32 Chapter 441
Book 32 Chapter 442
Book 32 Chapter 443
Book 32 Chapter 445
Book 32 Chapter 446
Book 32 Chapter 447
Book 32 Chapter 448
Book 32 Chapter 449
Book 32 Chapter 450
Book 33 Chapter 451
Book 33 Chapter 452
Book 33 Chapter 453
Book 33 Chapter 454
Book 33 Chapter 455
Book 33 Chapter 456
Book 33 Chapter 457
Book 33 Chapter 458
Book 33 Chapter 459
Book 33 Chapter 460
Book 33 Chapter 461
Book 33 Chapter 462
Book 33 Chapter 463
Book 33 Chapter 464
Book 34 Chapter 465
Book 34 Chapter 466
Book 34 Chvapter 467
Book 34 Chapter 468
Book 34 Chapter 469
Book 34 Chapter 470
Book 34 Chapter 471
Book 34 Chapter 472
Book 34 Chapter 473
Book 34 Chapter 474
Book 34 Chapter 475
Book 34 Chapter 476
Book 34 Chapter 477
Book 34 Chapter 478
Book 35 Chapter 479
Book 35 Chapter 480

Book 32 Chapter 444

33 3 0
By nyachanlinkar

Uni

အခန်း (၄၄၄) အရက်ကောင်း သောက်ရင်း စကားစမြည် ပြောမယ်


ကျောက်ရှောင်ယွီ၏ မျက်နှာသည် ပြုံးနေလေသည်။ သူမ၏ ဆံနွယ်များသည် ရေတံခွန် တစ်ခုအလား လေထဲတွင် လွင့်မျော နေကြလေသည်။ သူမသည် ကြယ်တာရာ စွမ်းအားများကြောင့် ပွက်ပွက် ဆူနေသည့် ရေဝဲကန်တော့ကြီး အတွင်းသို့ ဖြည်းဖြည်းချင်း နစ်မြုပ် သွားလေတော့သည်။ သို့သော်.... ပွက်ပွက် ဆူနေသည့် ရေများသည် သူမ၏ နတ်ဘုရား ခန္ဓာကိုယ်ကို လောင်ကျွမ်း သွားအောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပါ။

ကျောက်ရှောင်ယွီ၏ ပုံစံမှာ ရေထဲတွင် ရေသူမလေး တစ်ယောက်နှင့်ပင် တူနေလေသည်။ သူမ၏ ဘေးပတ်ပတ်လည်တွင် ရေပူစီဖောင်းလေးများ ပျံဝဲနေပြီး သူမသည် ရေဝဲကန်တော့ ကြမ်းပြင်ထိ တိုင်အောင် နစ်မြုပ် သွားလေသည်။ ထို့နောက် သူမသည် ရေအောက်ကြမ်းပြင်တွင် တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်လေသည်။

ပွက်ပွက်ဆူနေသောရေမှ အဖြူရောင် အခိုးအငွေ့များ ထွက်ပေါ်နေပြီး ရေ၏ အလွှာတစ်ခုချင်းတွင် ကြယ်တာရာ စွမ်းအားများဖြင့် ပြည့်နှက် နေလေသည်။ ကျောက်ရှောင်ယွီသည် ကြယ်တာရာများ ပြည့်နေသည့် မြစ်တစ်ခု အတွင်းသို့ ပစ်ချ ခံလိုက်ရသလို ခံစား နေရလသည်။ ကြယ်တာရာ စွမ်းအားများ၏ အပူဓာတ်သည် သူမ၏ အရေပြားကို ထိုးဖောက်ကာ သူမခန္ဓာကိုယ်ကို လောင်ကျွမ်းရန် ကြိုးစားနေကြလေသည်။

သာမန် လူတစ်ယောက်သာ ယခုကဲ့သို့ ကြုံတွေ့ရပါက မခံမရပ်နိုင်သည့် ဆင်းရဲဒုက္ခကို ခံစားရမည် ဖြစ်လေသည်။ သို့သော် ကျောက်ရှောင်ယွီကတော့ လောကီကိစ္စများကို ကျော်လွန်သည့် နတ်ဘုရား တစ်ပါးဖြစ်သည့် အတွက် ဆင်းရဲဒုက္ခများကို ခံစားရခြင်းမရှိပေ။

သူမသည် အိပ်မက် တစ်ခုတည်းတွင် ရောက်နေသကဲ့သို့ ခံစားနေရပြီး မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းစာ ရွတ်ဖတ်သံကြောင့် ပတ်ဝန်းကျင်တွင် နတ်မိစ္ဆာများစွာ ထွက်ပေါ် လာလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ရောင်စုံ ဖန်သားများကလည်း လင်းလက်နေပြီး ထူးဆန်းသည့် အမွှေးနံ့ တစ်ခုလည်း ထွက်ပေါ်နေလေသည်။

သို့သော်.... လှည့်စားမှုများက ကျောက်ရှောင်ယွီကို ကျဆုံးစေခြင်းမရှိပါ။

ကျောက်ရှောင်ယွီသည် သူမ၏ နှလုံးအိမ်ထဲတွင် ကြာဖြူပန်း တစ်ပွင့်ကို ပိုပြီး ပီပြင်လာအောင် ဖန်ဆင်း နေလေသည်။

ကျောက်ရှောင်ယွီ၏ နတ်ဘုရား စွမ်းအားများသည် တဖြည်းဖြည်း အားနည်း လာသည့်တိုင် လှပသည့် ကြာဖြူ ပန်းတစ်ပွင့်သည် သူမ၏ နှလုံးသားထက်တွင် ပွင့်လန်း လာလေသည်။ သူမ၏ စိတ်အစဉ်က တည်ငြိမ် အေးချမ်းနေဆဲ ဖြစ်လေသည်။

ကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းသည် အလွန်မှ ထူးဆန်းသည့် ကျင့်စဉ်ကျမ်းတစ်ခု ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ ထိုကြာပန်း ကိုးပွင့် ကျင့်စဉ်ကျမ်းမှာ ကျီမော့တောင်ထိပ်ရှိ လော်ဝါဒ တည်ထောင်သူ ဆရာသခင်ဆီမှ လက်ဆင့်ကမ်း ဆင်းသက်လာသည့် ပညာရပ်တစ်ခု ဖြစ်လေသည်။ ကြာပန်းပွင့်မှ မွေးဖွားလာသည့် ကြာပန်းမျိုးစေ့နှင့် အလားသဏ္ဌာန် တူလေသည်။

မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းသည် ကျောက်ရှောင်ယွီ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို အမြစ်ပြတ် ချေမှုန်းနိုင်ခြင်း မရှိအောင် ကျောက်ရှောင်ယွီ၏ နှလုံးအိမ်ထဲမှ ကြာဖြူပန်းက ကာကွယ် ပေးထားလေသည်။

ကျောက်ရှောင်ယွီ၏ နတ်ဘုရားစွမ်းအားများ လုံးဝကုန်ခန်းသွားသည့် အခါတွင်တော့ သူမသည် ဗလာနယ်ထဲတွင် လွင့်မျော နစ်မြုပ်နေသည့် လူတစ်ယောက်ပမာ ခံစားလိုက်ရလေသည်။ သူမ၏ ဝိညာဉ်သည် လွင့်မျောနေပြီး သူမ၏ နှလုံးအိမ်က တောက်ပ နေလေသည်။

မိုးနှင့်မြေတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေလေသည်။

ကျောက်ရှောင်ယွီသည် လှေငယ်လေး တစ်စင်းထက်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ လေသည်။ သူမရှေ့တွင် ဗျပ်စောင်း တစ်လက်ရှိနေပြီး သူမ၏လက်များက ဗျပ်စောင်း ထက်တွင် ပြေးလွှား တီးခတ် နေလေသည်။

သာမန်ထက်ပိုပြီး တောက်ပနေသည့် လရောင်သည် သူမခန္ဓာကိုယ် ထက်သို့ ဖြာကျ နေလေသည်။

ထိုအချိန်ခဏ အတွင်းမှာပင်...

ဆန်းလျန်သည် သူမရှေ့တွင် ပေါ်လာလေသည်။

မည်သည့် နေရာက ထွက်ပေါ်လာမှန်းမသိ။ ဆန်းလျန်သည် သူမရှေ့သို့ အလိုလို ရောက်လာခြင်း ဖြစ်လေသည်။ သို့သော် သူမရှေ့မှ ဆန်းလျန်သည် ပန်းချီကား တစ်ချပ်နှင့် ဆင်တူလေသည်။

ဘယ်လို ပန်းချီကားမျိုးလဲ...။

မိုးနှင့်မြေမှ မွေးဖွားလာသည့် ပန်းချီကား အလားပင် ဖြစ်လေသည်။

ဆန်းလျန်ဆိုသည်က ကျောက်ရှောင်ယွီ၏ နှလုံးသားထဲတွင် မည်သည့်အခါမှ ပျောက်ပျက် သွားမည် မဟုတ်သည့် လူတစ်ယောက် ဖြစ်လေသည်။

သူမသည် ဆန်းလျန်အနားသို့ တဖြည်းဖြည်း တိုးကပ်သွားပြီး ဆန်းလျန်၏ မျက်နှာကို အနီးကပ် ကြည့်လိုက်သည်။ ထို့နောက် သူမသည် နက်ရှိုင်းစွာ ပြုံးလိုက် မိလေသည်။

သူမသည် ထိုလူသားကို နက်ရှိုင်းစွာ၊ စိတ်လှုပ်ရှားစွာ ချစ်ခင် မြတ်နိုးလေသည်။

ဆန်းလျန်သည် စိမ်းလန်းသည့်တောင်ထက်မှ မိုးရေစက်များကဲ့သို့၊ ဆောင်းညတွင် တိုက်ခတ် လာသည့် လေပြေအေးကဲ့သို့ ပင်ဖြစ်လေသည်။ လောက တစ်ခုလုံးတွင် ဆန်းလျန်ကို မချစ်ဘဲ နေနိုင်မည့် မိန်းကလေးဟူ၍ မရှိနိုင်ပေ။

ကျောက်ရှောင်ယွီ၏ ရင်ထဲတွင် ဆယ်ကျော်သက် မိန်းမပျိုလေး တစ်ယောက်လို လိုချင်ဆန္ဒများက တဖြည်းဖြည်း ကြီးထွားလာလေသည်။ သူမက ပန်းလေး တစ်ပွင့်ကဲ့သို့ လှပစွာ ပြုံးလိုက်ပြီး သူမနှလုံးသားသည် ရင်ခုန်လွန်းသောကြောင့် ပေါက်ထွက်တော့ မတတ်ပင်။

သို့သော်... သူမ တီးခတ်နေသည့် ဗျပ်စောင်းသည် ရုတ်တရက်ပင် အက်ကွဲသွားကာ ငွေရောင် ဓားတစ်လက် အဖြစ်သို့ ကူးပြောင်း သွားလေသည်။ သူမသည် တစ်ချက်ပင် တုံ့ဆိုင်းခြင်း မရှိတော့ဘဲ ဆန်းလျန်ကို ဓားဖြင့် ထိုးစိုက် ချလိုက်လေသည်။

ထို့နောက် ...

ကျောက်ရှောင်ယွီ မျက်ဝန်းများကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့် လိုက်လေသည်။ သူမပတ်ဝန်းကျင်တွင် ပွက်ပွက်ဆူနေသည့် ရေကန်တော့ မီးဖိုကြီး ရှိမနေတော့ပါ။ ရေများသည်လည်း ပတ်ဝန်းကျင် တစ်ခုလုံးတွင် တည်ငြိမ်နေကြလေသည်။

သူမ အနားတွင် ဂိုဏ်းတူအစ်မ ကျိုးလင်ကို မြင်တွေ့ လိုက်ရလေသည်။

"နင်သာ ဆန်းလျန်ကို မသတ်ရက်ဘူး ဆိုရင် ဒီတိုက်ပွဲမှာ နင် ရှုံးတော့မှာ"

ကျိုးလင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

ကျောက်ရှောင်ယွီက မတ်တတ် ထရပ်လိုက်ရင်း ခံစားချက် ကင်းမဲ့သည့် လေသံဖြင့်....

"အဲဒါက အတုကြီးဆိုတာ ငါသိသားပဲ၊ အတုကြီးကို ငါက ဘာလို့ စွဲလန်းနေရမှာလဲ၊ အစ်မ... နင်ကလေ တကယ်တော်တဲ့ လူတစ်ယောက်ပါ၊ ဒါပေမဲ့ အစစ်နဲ့အတုကြားက ကွဲပြားခြင်းကို နင်မသိသေးဘူး"

ထို့နောက်...

ကျောက်ရှောင်ယွီက လေထဲတွင် လက်တစ်ဖက် ဝှေ့ယမ်းလိုက်ပြီး ကြာဖြူ ပန်းတစ်ပွင့်ကို ဖန်ဆင်း လိုက်လေသည်။ ထိုကြာဖြူပန်းမှာ ကျောက်ရှောင်ယွီ၏ နှလုံးအိမ်မှ မွေးဖွားလာသည့် ကြာဖြူပန်း ဖြစ်သည့်အတွက် အလှအပကို မပြည့်အဝ ဖော်ပြနိုင်လေသည်။

ထိုကြာဖြူ ပန်းပွင့်သည် ကျိုးလင်ဆီသို့ လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ဝင်ရောက် သွားလေသည်။

ကျိုးလင်မှာ သူမထံသို့ ဝင်ရောက်လာသည့် ကြာဖြူပန်းကို မြင်နေရသည့်တိုင် ရှောင်တိမ်း နိုင်စွမ်း မရှိတော့ပေ။

သို့သော် ကြာဖြူပန်းပွင့်သည် တဖြည်းဖြည်း နှေးကွေးသွားပြီး တစ်ပတ် လည်သွားကာ ကျိုးလင်၏ မျက်ခုံးနှစ်ခု ကြားသို့ မရောက်မီ လက်မဝက်ခန့် အလိုတွင် ရပ်တန့် သွားလေသည်။ ရှေ့သို့ အနည်းငယ်သာ ရွေ့လျားလာပါက ကျိုးလင်သည် ကျိန်းသေပေါက် အသက် ဆုံးရှုံးရမည် ဖြစ်လေသည်။

ကျိုးလင်သည် ဝမ်းနည်း သွားမိလေသည်။

ပြီးမှ သူမက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"နောက်ဆုံးတော့ ငါနင့်ကို ရှုံးရတာပါပဲ..."

ကြာဖြူပန်းပွင့်သည် လေထဲတွင် ပျောက်ကွယ်သွားပြီး ကျောက်ရှောင်ယွီမှာလည်း ပျောက်ကွယ် သွားလေသည်။

"ဂိုဏ်းတူအစ်မ၊ ငါတို့နှစ်ယောက် တိုက်ခိုက်ကြတိုင်း အနိုင်အရှုံးဆိုတဲ့ အချက်ကို ငါဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး"

လေထဲတွင် ကျောက်ရှောင်ယွီ၏ အသံက ပျံ့လွင့် ကျန်ရစ်ခဲ့လေသည်။

နှစ်လပိုင်း၊ ဆယ့်ငါးရက်နေ့...။

ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါးမှ ထွက်ခွာလာပြီး ချင်းပြည်နယ် မြို့တော်ရှိ "ချင်းရှ" ဝတ်ကျောင်းတော်သို့ ရောက်ရှိ နေခဲ့လေသည်။

"ချင်းရှဝတ်ကျောင်းတော်"

ထိုတာအို ကျောင်းတော်သည် လွန်ခဲ့သည့် နှစ်များစွာက သူ့ဘဝ စတင်ခဲ့ရာ နေရာ ဖြစ်လေသည်။ ဤနေရာတွင်ပင် သေဆုံးသွားခဲ့သည့် ဆန်းလျန်အစစ်၏ ခန္ဓာကိုယ်ကို ရရှိခဲ့ပြီး ဘဝအသစ် စတင်ခဲ့ရသည့် နေ့လည်း ဖြစ်လေသည်။

သူ့ဘဝတွင် မွေးနေ့ သတ်မှတ်မည် ဆိုလျှင် ဤနေ့ကို သတ်မှတ်၍ ရလေသည်။

နှစ်များကို ရေတွက်ကြည့်မည် ဆိုလျှင် ဤနေရာမှ သူထွက်ခွာ လာသည်မှာ သုံးဆယ့် သုံးနှစ်တိုင်တိုင် ရှိခဲ့ပြီ။

အချိန်သုံးဆယ့် သုံးနှစ် အတွင်းတွင် သူသည် မိုးမြေတစ်ခွင်တွင် အထွတ်အထိပ် အဆင့်ရှိသည့် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။

ကျင့်ကြံသူ လောကတွင် ဆန်းလျန်သည် အသက်ငါးဆယ် မပြည့်ခင် နတ်ဘုရားတစ်ပါး ဖြစ်လာသည်ဟုသာ သိထားကြလေသည်။ သို့သော်... သူ့အကြောင်းကိုသာ သေသေချာချာ စုံစမ်း လေ့လာကြည့်ပါက သူ၏အောင်မြင်မှုကို ယုံကြည် ကြလိမ့်မည်ပင် မဟုတ်ပေ။

သို့သော်... ဆန်းလျန်ကတော့ သူကြုံတွေ့ ခဲ့သမျှသည် ယုတ္တိရှိနေသည့် အတွက် ထိတ်လန့် အံ့သြစရာကိစ္စဟု မခံစားခဲ့ရပါ။

"စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း" က သူ၏ ဝိညာဉ်ကို တန်ခိုးစွမ်းအား မြင့်မားစေရန် အတွက် လေ့ကျင့် ပေးလေသည်။

ဆရာသခင်ကျန်းရော့ရွှီးက သူ၏ ရုပ်ခန္ဓာနှင့် ပတ်သက်သည့် အားနက်ချက်ကို ထုတ်ဖော် ပြောဆိုခဲ့ပြီး ဝိညာဉ်မြစ်ထဲတွင် ကျင့်ကြံစေခဲ့သည်။

သူ၏မွေးရာပါဖြစ်သည့် ရိုးရှင်းသည့် တာအိုကျင့်ကြံသူ စိတ်ထားက ကျင့်စဉ်လမ်း တစ်လျှောက် ကြုံတွေ့ရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ကူညီ ပေးလေသည်။

သူ့ဘဝတွင် သေလုနီးပ ါးအခြေအနေများကို အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် လွတ်မြောက် ခဲ့သည်ချည်းပင် ဖြစ်လေသည်။

ဆန်းလျန်သည် ယခုရက်များတွင် နေ့တိုင်းလိုလို ပျော်ရွှင် နေခဲ့လေသည်။ သို့သော် သူ၏ နက်ရှိုင်းသည့် နှလုံးသား တစ်နေရာတွင်တော့ ကြောက်ရွံ့မှုကိုလည်း ခံစားနေရလေသည်။ အဘယ်ကြောင့်ဆိုသော် မမြင်ရသည့် မျက်ဝန်းတစ်စုံက သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့် နေသည်ဟု ခံစားရသောကြောင့် ဖြစ်လေသည်။

သူ့ကိုကြည့်နေသူမှာ သူ၏စိတ်ထဲတွင် အမြဲတမ်း ပုံဖော်လေ့ရှိသည့် ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင် ထားသည့် နတ်ဘုရားများလားဟု သူတွေးနေခဲ့လေသည်။ ထိုမူလနတ်ဘုရား၏ တန်ခိုးစွမ်းအားများမှာ တာအို ဆရာသခင်ကြီးနှင့် ဗောဓိသကျထက်ပင် ကြောက်စရာ ကောင်းလေ သည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ခုခံတွန်းလှန် နိုင်စွမ်း မရှိခဲ့ပေ။

နေဝင်ချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။

ထင်းစည်းတစ်စည်းကို ကျောထက်တွင် သယ်ဆောင်ကာ လမ်းလျှောက် လာသည့် လူတစ်ယောက်ကို ဆန်းလျန် တွေ့မြင်လိုက်ရသည်။ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ထိုသူမှာ သက်လတ်ပိုင်း အရွယ် သစ်ခုတ်သမား တစ်ယောက် ဖြစ်ကြောင်း သိရှိလိုက်ရသည်။

သစ်ခုတ်သမားသည် ဆန်းလျန်ကို တွေ့လိုက်ရသည်နှင့် အနည်းငယ် တုံ့ဆိုင်းနေပြီးမှ...

"ဆန်းသခင်လေးလား..."

ဟု မေးလိုက်လေသည်။

ဆန်းလျန်က သစ်ခုတ်သမားကို ပြုံးပြလိုက်ရင်း...

"အစ်ကိုပိုင်၊ မင်းက ချင်းရှဝတ် ကျောင်းတော် ပတ်ဝန်းကျင်မှာပဲ နေနေတုန်းလား၊ ချင်းရှဝတ် ကျောင်းတော်ကို ပြန်ပြုပြင် ပေးထားတာလဲ မင်းပဲလား၊ အရမ်းကို ဝမ်းသာပြီး ကျေးဇူး တင်မိပါတယ်ဗျာ"

သစ်ခုတ်သမားမှာ ယခင်အချိန်များစွာက ဆန်းလျန်၏ သူငယ်ချင်း ဖြစ်ခဲ့သူ သူတော်စင် စောရပိုင်ယွိဖေး ဖြစ်လေသည်။ ရဲ့လျိုယွင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရလာပြီး ဆန်းလျန်၏ "အန်း" တည်းခိုရိပ်သာ ရှေ့တွင် လဲကျနေသည့် ပိုင်ယွိဖေးကို ဆန်းလျန်က ကယ်တင်ခဲ့ရခြင်း ဖြစ်လေသည်။

လွန်ခဲ့သည့် နှစ်များက ဆန်းအိမ်တော် တစ်ခုလုံး ကွက်မျက် သတ်ဖြတ်ခံရသည့် အချိန်တွင် ရော့ရှီလေးကို ကယ်တင်ခဲ့သူမှာလည်း ပိုင်ယွိဖေးပင် ဖြစ်လေသည်။ ထိုအချိန်က သူက တခြားဒေသ တစ်ခုသို့ ထွက်ခွာ သွားမည်ဟု ပြောခဲ့ဖူးသည်။

ပိုင်ယွိဖေးသည် သာမန် လူသားတစ်ယောက်မျှသာ ဖြစ်လေသည်။ ယနေ့ ဆန်းလျန်နှင့် မထင်မှတ်ဘဲ ပြန်လည် ဆုံတွေ့ရသည့် အချိန်တွင် ပိုင်ယွိဖေးသည် သူ့ကိုယ်သူ ပုရွက်ဆိတ် တစ်ကောင်အလား သိမ်ငယ်စွာ ခံစားလိုက်ရလေသည်။

သို့သော် ဆန်းလျန်ကတော့ သူ့ကို ယခုအချိန်ထိ ရင်းရင်းနှီးနှီး ရှိနေဆဲပင်။

ပိုင်ယွိဖေးကလည်း ဆန်းလျန်ကို အရင်အတိုင်းပင် ခင်မင်နေဆဲ ဖြစ်လေသည်။

"မင်းပြန်လာမယ်လို့ ကျုပ်မထင်ခဲ့မိဘူး၊ ခုလို ပြန်ဆုံရမယ်လို့လည်း လုံးဝ မထင်ခဲ့မိဘူး"

ဆန်းလျန်က သူ၏ လက်ချောင်းများကို ချိုးရင်းတွက်ချက် ကြည့်လိုက်သည်။ ထိုသို့ တွက်ချက် ကြည့်လိုက်ခြင်းက လွန်ခဲ့သည့် နှစ်များအတွင်း ပိုင်ယွိဖေး အကြောင်းကို ခန့်မှန်း ကြည့်နိုင်လေသည်။

"အစ်ကိုပိုင်၊ မင်း ဒီနှစ်ပိုင်းတွေမှာ ဒီမှာပဲ နေခဲ့တာလား၊ တခြား ဘာကိစ္စတွေများ ဖြစ်ခဲ့သေးလဲ"

ပိုင်ယွိဖေးက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း...

"ကျုပ် ဒီကိုပြန်လာတာ သိပ်မကြာသေးဘူး၊ နှစ်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ ပြီးတော့ တခြားဘာကိစ္စမှ ထွေထွေထူးထူးလည်း မရှိခဲ့ပါဘူး၊ ဒါနဲ့ ကျုပ်မှာ တောင်ပေါ်က ရလာတဲ့ အရက် တစ်အိုးရှိတယ်၊ မင်းအားနေတယ်ဆိုရင် ကျုပ်တို့ သောက်ကြမယ်လေ"

ဆန်းလျန်ကလည်းရယ်မောလိုက်ရင်း...

"အစ်ကိုပိုင်မှာ အရက်ကောင်း ရှိနေတာကိုး၊ ကျုပ်မှာတော့ ပြောစရာ စကားတွေ အများကြီး ရှိနေတယ်၊ အရက်သောက်ရင်း ပြောကြတာပေါ့ဗျာ"

Zawgyi

အခန္း (၄၄၄) အရက္ေကာင္း ေသာက္ရင္း စကားစျမည္ ေျပာမယ္ေက်ာက္ေရွာင္ယြီ၏ မ်က္ႏွာသည္ ၿပဳံးေနေလသည္။ သူမ၏ ဆံႏြယ္မ်ားသည္ ေရတံခြန္ တစ္ခုအလား ေလထဲတြင္ လြင့္ေမ်ာ ေနၾကေလသည္။ သူမသည္ ၾကယ္တာရာ စြမ္းအားမ်ားေၾကာင့္ ပြက္ပြက္ ဆူေနသည့္ ေရဝဲကန္ေတာ့ႀကီး အတြင္းသို႔ ျဖည္းျဖည္းခ်င္း နစ္ျမဳပ္ သြားေလေတာ့သည္။ သို႔ေသာ္.... ပြက္ပြက္ ဆူေနသည့္ ေရမ်ားသည္ သူမ၏ နတ္ဘုရား ခႏၶာကိုယ္ကို ေလာင္ကြၽမ္း သြားေအာင္ စြမ္းေဆာင္ႏိုင္ျခင္း မရွိခဲ့ပါ။ေက်ာက္ေရွာင္ယြီ၏ ပုံစံမွာ ေရထဲတြင္ ေရသူမေလး တစ္ေယာက္ႏွင့္ပင္ တူေနေလသည္။ သူမ၏ ေဘးပတ္ပတ္လည္တြင္ ေရပူစီေဖာင္းေလးမ်ား ပ်ံဝဲေနၿပီး သူမသည္ ေရဝဲကန္ေတာ့ ၾကမ္းျပင္ထိ တိုင္ေအာင္ နစ္ျမဳပ္ သြားေလသည္။ ထို႔ေနာက္ သူမသည္ ေရေအာက္ၾကမ္းျပင္တြင္ တင္ပ်ဥ္ေခြခ်ိတ္ကာ ထိုင္လိုက္ေလသည္။ပြက္ပြက္ဆူေနေသာေရမွ အျဖဴေရာင္ အခိုးအေငြ႕မ်ား ထြက္ေပၚေနၿပီး ေရ၏ အလႊာတစ္ခုခ်င္းတြင္ ၾကယ္တာရာ စြမ္းအားမ်ားျဖင့္ ျပည့္ႏွက္ ေနေလသည္။ ေက်ာက္ေရွာင္ယြီသည္ ၾကယ္တာရာမ်ား ျပည့္ေနသည့္ ျမစ္တစ္ခု အတြင္းသို႔ ပစ္ခ် ခံလိုက္ရသလို ခံစား ေနရလသည္။ ၾကယ္တာရာ စြမ္းအားမ်ား၏ အပူဓာတ္သည္ သူမ၏ အေရျပားကို ထိုးေဖာက္ကာ သူမခႏၶာကိုယ္ကို ေလာင္ကြၽမ္းရန္ ႀကိဳးစားေနၾကေလသည္။သာမန္ လူတစ္ေယာက္သာ ယခုကဲ့သို႔ ႀကဳံေတြ႕ရပါက မခံမရပ္ႏိုင္သည့္ ဆင္းရဲဒုကၡကို ခံစားရမည္ ျဖစ္ေလသည္။ သို႔ေသာ္ ေက်ာက္ေရွာင္ယြီကေတာ့ ေလာကီကိစၥမ်ားကို ေက်ာ္လြန္သည့္ နတ္ဘုရား တစ္ပါးျဖစ္သည့္ အတြက္ ဆင္းရဲဒုကၡမ်ားကို ခံစားရျခင္းမရွိေပ။သူမသည္ အိပ္မက္ တစ္ခုတည္းတြင္ ေရာက္ေနသကဲ့သို႔ ခံစားေနရၿပီး မႏၲန္အလင္း ေခ်ဖ်က္ျခင္း က်မ္းစာ ႐ြတ္ဖတ္သံေၾကာင့္ ပတ္ဝန္းက်င္တြင္ နတ္မိစာၦမ်ားစြာ ထြက္ေပၚ လာေလသည္။ ပတ္ဝန္းက်င္ တစ္ခုလုံးတြင္ ေရာင္စုံ ဖန္သားမ်ားကလည္း လင္းလက္ေနၿပီး ထူးဆန္းသည့္ အေမႊးနံ႔ တစ္ခုလည္း ထြက္ေပၚေနေလသည္။သို႔ေသာ္.... လွည့္စားမႈမ်ားက ေက်ာက္ေရွာင္ယြီကို က်ဆုံးေစျခင္းမရွိပါ။ေက်ာက္ေရွာင္ယြီသည္ သူမ၏ ႏွလုံးအိမ္ထဲတြင္ ၾကာျဖဴပန္း တစ္ပြင့္ကို ပိုၿပီး ပီျပင္လာေအာင္ ဖန္ဆင္း ေနေလသည္။ေက်ာက္ေရွာင္ယြီ၏ နတ္ဘုရား စြမ္းအားမ်ားသည္ တျဖည္းျဖည္း အားနည္း လာသည့္တိုင္ လွပသည့္ ၾကာျဖဴ ပန္းတစ္ပြင့္သည္ သူမ၏ ႏွလုံးသားထက္တြင္ ပြင့္လန္း လာေလသည္။ သူမ၏ စိတ္အစဥ္က တည္ၿငိမ္ ေအးခ်မ္းေနဆဲ ျဖစ္ေလသည္။ၾကာပန္း ကိုးပြင့္ က်င့္စဥ္က်မ္းသည္ အလြန္မွ ထူးဆန္းသည့္ က်င့္စဥ္က်မ္းတစ္ခု ျဖစ္သည္မွာ သံသယရွိစရာ မလိုေပ။ ထိုၾကာပန္း ကိုးပြင့္ က်င့္စဥ္က်မ္းမွာ က်ီေမာ့ေတာင္ထိပ္ရွိ ေလာ္ဝါဒ တည္ေထာင္သူ ဆရာသခင္ဆီမွ လက္ဆင့္ကမ္း ဆင္းသက္လာသည့္ ပညာရပ္တစ္ခု ျဖစ္ေလသည္။ ၾကာပန္းပြင့္မွ ေမြးဖြားလာသည့္ ၾကာပန္းမ်ိဳးေစ့ႏွင့္ အလားသဏၭာန္ တူေလသည္။မႏၲန္အလင္း ေခ်ဖ်က္ျခင္း က်မ္းသည္ ေက်ာက္ေရွာင္ယြီ၏ ႏွလုံးသားႏွင့္ စိတ္ဝိညာဥ္ကို အျမစ္ျပတ္ ေခ်မႈန္းႏိုင္ျခင္း မရွိေအာင္ ေက်ာက္ေရွာင္ယြီ၏ ႏွလုံးအိမ္ထဲမွ ၾကာျဖဴပန္းက ကာကြယ္ ေပးထားေလသည္။ေက်ာက္ေရွာင္ယြီ၏ နတ္ဘုရားစြမ္းအားမ်ား လုံးဝကုန္ခန္းသြားသည့္ အခါတြင္ေတာ့ သူမသည္ ဗလာနယ္ထဲတြင္ လြင့္ေမ်ာ နစ္ျမဳပ္ေနသည့္ လူတစ္ေယာက္ပမာ ခံစားလိုက္ရေလသည္။ သူမ၏ ဝိညာဥ္သည္ လြင့္ေမ်ာေနၿပီး သူမ၏ ႏွလုံးအိမ္က ေတာက္ပ ေနေလသည္။မိုးႏွင့္ေျမတစ္ခုလုံး တိတ္ဆိတ္ ၿငိမ္သက္ေနေလသည္။ေက်ာက္ေရွာင္ယြီသည္ ေလွငယ္ေလး တစ္စင္းထက္တြင္ တိတ္ဆိတ္ၿငိမ္သက္စြာ ထိုင္ေန ေလသည္။ သူမေရွ႕တြင္ ဗ်ပ္ေစာင္း တစ္လက္ရွိေနၿပီး သူမ၏လက္မ်ားက ဗ်ပ္ေစာင္း ထက္တြင္ ေျပးလႊား တီးခတ္ ေနေလသည္။သာမန္ထက္ပိုၿပီး ေတာက္ပေနသည့္ လေရာင္သည္ သူမခႏၶာကိုယ္ ထက္သို႔ ျဖာက် ေနေလသည္။ထိုအခ်ိန္ခဏ အတြင္းမွာပင္...ဆန္းလ်န္သည္ သူမေရွ႕တြင္ ေပၚလာေလသည္။မည္သည့္ ေနရာက ထြက္ေပၚလာမွန္းမသိ။ ဆန္းလ်န္သည္ သူမေရွ႕သို႔ အလိုလို ေရာက္လာျခင္း ျဖစ္ေလသည္။ သို႔ေသာ္ သူမေရွ႕မွ ဆန္းလ်န္သည္ ပန္းခ်ီကား တစ္ခ်ပ္ႏွင့္ ဆင္တူေလသည္။ဘယ္လို ပန္းခ်ီကားမ်ိဳးလဲ...။မိုးႏွင့္ေျမမွ ေမြးဖြားလာသည့္ ပန္းခ်ီကား အလားပင္ ျဖစ္ေလသည္။ဆန္းလ်န္ဆိုသည္က ေက်ာက္ေရွာင္ယြီ၏ ႏွလုံးသားထဲတြင္ မည္သည့္အခါမွ ေပ်ာက္ပ်က္ သြားမည္ မဟုတ္သည့္ လူတစ္ေယာက္ ျဖစ္ေလသည္။သူမသည္ ဆန္းလ်န္အနားသို႔ တျဖည္းျဖည္း တိုးကပ္သြားၿပီး ဆန္းလ်န္၏ မ်က္ႏွာကို အနီးကပ္ ၾကည့္လိုက္သည္။ ထို႔ေနာက္ သူမသည္ နက္ရႈိင္းစြာ ၿပဳံးလိုက္ မိေလသည္။သူမသည္ ထိုလူသားကို နက္ရႈိင္းစြာ၊ စိတ္လႈပ္ရွားစြာ ခ်စ္ခင္ ျမတ္ႏိုးေလသည္။ဆန္းလ်န္သည္ စိမ္းလန္းသည့္ေတာင္ထက္မွ မိုးေရစက္မ်ားကဲ့သို႔၊ ေဆာင္းညတြင္ တိုက္ခတ္ လာသည့္ ေလေျပေအးကဲ့သို႔ ပင္ျဖစ္ေလသည္။ ေလာက တစ္ခုလုံးတြင္ ဆန္းလ်န္ကို မခ်စ္ဘဲ ေနႏိုင္မည့္ မိန္းကေလးဟူ၍ မရွိႏိုင္ေပ။ေက်ာက္ေရွာင္ယြီ၏ ရင္ထဲတြင္ ဆယ္ေက်ာ္သက္ မိန္းမပ်ိဳေလး တစ္ေယာက္လို လိုခ်င္ဆႏၵမ်ားက တျဖည္းျဖည္း ႀကီးထြားလာေလသည္။ သူမက ပန္းေလး တစ္ပြင့္ကဲ့သို႔ လွပစြာ ၿပဳံးလိုက္ၿပီး သူမႏွလုံးသားသည္ ရင္ခုန္လြန္းေသာေၾကာင့္ ေပါက္ထြက္ေတာ့ မတတ္ပင္။သို႔ေသာ္... သူမ တီးခတ္ေနသည့္ ဗ်ပ္ေစာင္းသည္ ႐ုတ္တရက္ပင္ အက္ကြဲသြားကာ ေငြေရာင္ ဓားတစ္လက္ အျဖစ္သို႔ ကူးေျပာင္း သြားေလသည္။ သူမသည္ တစ္ခ်က္ပင္ တုံ႔ဆိုင္းျခင္း မရွိေတာ့ဘဲ ဆန္းလ်န္ကို ဓားျဖင့္ ထိုးစိုက္ ခ်လိုက္ေလသည္။ထို႔ေနာက္ ...ေက်ာက္ေရွာင္ယြီ မ်က္ဝန္းမ်ားကို ျဖည္းျဖည္းခ်င္း ျပန္ဖြင့္ၾကည့္ လိုက္ေလသည္။ သူမပတ္ဝန္းက်င္တြင္ ပြက္ပြက္ဆူေနသည့္ ေရကန္ေတာ့ မီးဖိုႀကီး ရွိမေနေတာ့ပါ။ ေရမ်ားသည္လည္း ပတ္ဝန္းက်င္ တစ္ခုလုံးတြင္ တည္ၿငိမ္ေနၾကေလသည္။သူမ အနားတြင္ ဂိုဏ္းတူအစ္မ က်ိဳးလင္ကို ျမင္ေတြ႕ လိုက္ရေလသည္။"နင္သာ ဆန္းလ်န္ကို မသတ္ရက္ဘူး ဆိုရင္ ဒီတိုက္ပြဲမွာ နင္ ရႈံးေတာ့မွာ"က်ိဳးလင္က စိတ္ပ်က္လက္ပ်က္ျဖင့္ ေျပာလိုက္ေလသည္။ေက်ာက္ေရွာင္ယြီက မတ္တတ္ ထရပ္လိုက္ရင္း ခံစားခ်က္ ကင္းမဲ့သည့္ ေလသံျဖင့္...."အဲဒါက အတုႀကီးဆိုတာ ငါသိသားပဲ၊ အတုႀကီးကို ငါက ဘာလို႔ စြဲလန္းေနရမွာလဲ၊ အစ္မ... နင္ကေလ တကယ္ေတာ္တဲ့ လူတစ္ေယာက္ပါ၊ ဒါေပမဲ့ အစစ္နဲ႔အတုၾကားက ကြဲျပားျခင္းကို နင္မသိေသးဘူး"ထို႔ေနာက္...ေက်ာက္ေရွာင္ယြီက ေလထဲတြင္ လက္တစ္ဖက္ ေဝွ႔ယမ္းလိုက္ၿပီး ၾကာျဖဴ ပန္းတစ္ပြင့္ကို ဖန္ဆင္း လိုက္ေလသည္။ ထိုၾကာျဖဴပန္းမွာ ေက်ာက္ေရွာင္ယြီ၏ ႏွလုံးအိမ္မွ ေမြးဖြားလာသည့္ ၾကာျဖဴပန္း ျဖစ္သည့္အတြက္ အလွအပကို မျပည့္အဝ ေဖာ္ျပႏိုင္ေလသည္။ထိုၾကာျဖဴ ပန္းပြင့္သည္ က်ိဳးလင္ဆီသို႔ လ်င္ျမန္သည့္ အရွိန္အဟုန္ျဖင့္ ဝင္ေရာက္ သြားေလသည္။က်ိဳးလင္မွာ သူမထံသို႔ ဝင္ေရာက္လာသည့္ ၾကာျဖဴပန္းကို ျမင္ေနရသည့္တိုင္ ေရွာင္တိမ္း ႏိုင္စြမ္း မရွိေတာ့ေပ။သို႔ေသာ္ ၾကာျဖဴပန္းပြင့္သည္ တျဖည္းျဖည္း ေႏွးေကြးသြားၿပီး တစ္ပတ္ လည္သြားကာ က်ိဳးလင္၏ မ်က္ခုံးႏွစ္ခု ၾကားသို႔ မေရာက္မီ လက္မဝက္ခန႔္ အလိုတြင္ ရပ္တန႔္ သြားေလသည္။ ေရွ႕သို႔ အနည္းငယ္သာ ေ႐ြ႕လ်ားလာပါက က်ိဳးလင္သည္ က်ိန္းေသေပါက္ အသက္ ဆုံးရႈံးရမည္ ျဖစ္ေလသည္။က်ိဳးလင္သည္ ဝမ္းနည္း သြားမိေလသည္။ၿပီးမွ သူမက မေက်မနပ္ျဖင့္ ေျပာလိုက္သည္။"ေနာက္ဆုံးေတာ့ ငါနင့္ကို ရႈံးရတာပါပဲ..."ၾကာျဖဴပန္းပြင့္သည္ ေလထဲတြင္ ေပ်ာက္ကြယ္သြားၿပီး ေက်ာက္ေရွာင္ယြီမွာလည္း ေပ်ာက္ကြယ္ သြားေလသည္။"ဂိုဏ္းတူအစ္မ၊ ငါတို႔ႏွစ္ေယာက္ တိုက္ခိုက္ၾကတိုင္း အႏိုင္အရႈံးဆိုတဲ့ အခ်က္ကို ငါဘယ္တုန္းကမွ မေတြးခဲ့ဖူးပါဘူး"ေလထဲတြင္ ေက်ာက္ေရွာင္ယြီ၏ အသံက ပ်ံ႕လြင့္ က်န္ရစ္ခဲ့ေလသည္။ႏွစ္လပိုင္း၊ ဆယ့္ငါးရက္ေန႔...။ဆန္းလ်န္သည္ ခ်င္း႐ႊမ္နတ္တံခါးမွ ထြက္ခြာလာၿပီး ခ်င္းျပည္နယ္ ၿမိဳ႕ေတာ္ရွိ "ခ်င္းရွ" ဝတ္ေက်ာင္းေတာ္သို႔ ေရာက္ရွိ ေနခဲ့ေလသည္။"ခ်င္းရွဝတ္ေက်ာင္းေတာ္"ထိုတာအို ေက်ာင္းေတာ္သည္ လြန္ခဲ့သည့္ ႏွစ္မ်ားစြာက သူ႔ဘဝ စတင္ခဲ့ရာ ေနရာ ျဖစ္ေလသည္။ ဤေနရာတြင္ပင္ ေသဆုံးသြားခဲ့သည့္ ဆန္းလ်န္အစစ္၏ ခႏၶာကိုယ္ကို ရရွိခဲ့ၿပီး ဘဝအသစ္ စတင္ခဲ့ရသည့္ ေန႔လည္း ျဖစ္ေလသည္။သူ႔ဘဝတြင္ ေမြးေန႔ သတ္မွတ္မည္ ဆိုလွ်င္ ဤေန႔ကို သတ္မွတ္၍ ရေလသည္။ႏွစ္မ်ားကို ေရတြက္ၾကည့္မည္ ဆိုလွ်င္ ဤေနရာမွ သူထြက္ခြာ လာသည္မွာ သုံးဆယ့္ သုံးႏွစ္တိုင္တိုင္ ရွိခဲ့ၿပီ။အခ်ိန္သုံးဆယ့္ သုံးႏွစ္ အတြင္းတြင္ သူသည္ မိုးေျမတစ္ခြင္တြင္ အထြတ္အထိပ္ အဆင့္ရွိသည့္ နတ္ဘုရားတစ္ပါး ျဖစ္လာခဲ့သည္။က်င့္ႀကံသူ ေလာကတြင္ ဆန္းလ်န္သည္ အသက္ငါးဆယ္ မျပည့္ခင္ နတ္ဘုရားတစ္ပါး ျဖစ္လာသည္ဟုသာ သိထားၾကေလသည္။ သို႔ေသာ္... သူ႔အေၾကာင္းကိုသာ ေသေသခ်ာခ်ာ စုံစမ္း ေလ့လာၾကည့္ပါက သူ၏ေအာင္ျမင္မႈကို ယုံၾကည္ ၾကလိမ့္မည္ပင္ မဟုတ္ေပ။သို႔ေသာ္... ဆန္းလ်န္ကေတာ့ သူႀကဳံေတြ႕ ခဲ့သမွ်သည္ ယုတၱိရွိေနသည့္ အတြက္ ထိတ္လန႔္ အံ့ၾသစရာကိစၥဟု မခံစားခဲ့ရပါ။"စိတ္အာ႐ုံမ်ားကို ထိန္းခ်ဳပ္ႏိုင္ျခင္း" က သူ၏ ဝိညာဥ္ကို တန္ခိုးစြမ္းအား ျမင့္မားေစရန္ အတြက္ ေလ့က်င့္ ေပးေလသည္။ဆရာသခင္က်န္းေရာ့႐ႊီးက သူ၏ ႐ုပ္ခႏၶာႏွင့္ ပတ္သက္သည့္ အားနက္ခ်က္ကို ထုတ္ေဖာ္ ေျပာဆိုခဲ့ၿပီး ဝိညာဥ္ျမစ္ထဲတြင္ က်င့္ႀကံေစခဲ့သည္။သူ၏ေမြးရာပါျဖစ္သည့္ ႐ိုးရွင္းသည့္ တာအိုက်င့္ႀကံသူ စိတ္ထားက က်င့္စဥ္လမ္း တစ္ေလွ်ာက္ ႀကဳံေတြ႕ရသည့္ အခက္အခဲမ်ားကို ေက်ာ္လႊားႏိုင္ရန္ ကူညီ ေပးေလသည္။သူ႔ဘဝတြင္ ေသလုနီးပ ါးအေျခအေနမ်ားကို အႀကိမ္ေပါင္းမ်ားစြာ ႀကဳံေတြ႕ခဲ့ရသည့္တိုင္ လြတ္ေျမာက္ ခဲ့သည္ခ်ည္းပင္ ျဖစ္ေလသည္။ဆန္းလ်န္သည္ ယခုရက္မ်ားတြင္ ေန႔တိုင္းလိုလို ေပ်ာ္႐ႊင္ ေနခဲ့ေလသည္။ သို႔ေသာ္ သူ၏ နက္ရႈိင္းသည့္ ႏွလုံးသား တစ္ေနရာတြင္ေတာ့ ေၾကာက္႐ြံ႕မႈကိုလည္း ခံစားေနရေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ မျမင္ရသည့္ မ်က္ဝန္းတစ္စုံက သူ၏ လႈပ္ရွားမႈတိုင္းကို ေစာင့္ၾကည့္ ေနသည္ဟု ခံစားရေသာေၾကာင့္ ျဖစ္ေလသည္။သူ႔ကိုၾကည့္ေနသူမွာ သူ၏စိတ္ထဲတြင္ အၿမဲတမ္း ပုံေဖာ္ေလ့ရွိသည့္ ေက်ာက္စိမ္းက်ိဳင္းတံ ကိုင္ေဆာင္ ထားသည့္ နတ္ဘုရားမ်ားလားဟု သူေတြးေနခဲ့ေလသည္။ ထိုမူလနတ္ဘုရား၏ တန္ခိုးစြမ္းအားမ်ားမွာ တာအို ဆရာသခင္ႀကီးႏွင့္ ေဗာဓိသက်ထက္ပင္ ေၾကာက္စရာ ေကာင္းေလ သည္။ ထို႔ေၾကာင့္ ဆန္းလ်န္အေနျဖင့္ ခုခံတြန္းလွန္ ႏိုင္စြမ္း မရွိခဲ့ေပ။ေနဝင္ခ်ိန္သို႔ ေရာက္ရွိလာၿပီ ျဖစ္ေလသည္။ထင္းစည္းတစ္စည္းကို ေက်ာထက္တြင္ သယ္ေဆာင္ကာ လမ္းေလွ်ာက္ လာသည့္ လူတစ္ေယာက္ကို ဆန္းလ်န္ ေတြ႕ျမင္လိုက္ရသည္။ တျဖည္းျဖည္း နီးကပ္လာသည္ႏွင့္ အမွ် ထိုသူမွာ သက္လတ္ပိုင္း အ႐ြယ္ သစ္ခုတ္သမား တစ္ေယာက္ ျဖစ္ေၾကာင္း သိရွိလိုက္ရသည္။သစ္ခုတ္သမားသည္ ဆန္းလ်န္ကို ေတြ႕လိုက္ရသည္ႏွင့္ အနည္းငယ္ တုံ႔ဆိုင္းေနၿပီးမွ..."ဆန္းသခင္ေလးလား..."ဟု ေမးလိုက္ေလသည္။ဆန္းလ်န္က သစ္ခုတ္သမားကို ၿပဳံးျပလိုက္ရင္း..."အစ္ကိုပိုင္၊ မင္းက ခ်င္းရွဝတ္ ေက်ာင္းေတာ္ ပတ္ဝန္းက်င္မွာပဲ ေနေနတုန္းလား၊ ခ်င္းရွဝတ္ ေက်ာင္းေတာ္ကို ျပန္ျပဳျပင္ ေပးထားတာလဲ မင္းပဲလား၊ အရမ္းကို ဝမ္းသာၿပီး ေက်းဇူး တင္မိပါတယ္ဗ်ာ"သစ္ခုတ္သမားမွာ ယခင္အခ်ိန္မ်ားစြာက ဆန္းလ်န္၏ သူငယ္ခ်င္း ျဖစ္ခဲ့သူ သူေတာ္စင္ ေစာရပိုင္ယြိေဖး ျဖစ္ေလသည္။ ရဲ႕လ်ိဳယြင္ေၾကာင့္ ဒဏ္ရာ အျပင္းအထန္ ရလာၿပီး ဆန္းလ်န္၏ "အန္း" တည္းခိုရိပ္သာ ေရွ႕တြင္ လဲက်ေနသည့္ ပိုင္ယြိေဖးကို ဆန္းလ်န္က ကယ္တင္ခဲ့ရျခင္း ျဖစ္ေလသည္။လြန္ခဲ့သည့္ ႏွစ္မ်ားက ဆန္းအိမ္ေတာ္ တစ္ခုလုံး ကြက္မ်က္ သတ္ျဖတ္ခံရသည့္ အခ်ိန္တြင္ ေရာ့ရွီေလးကို ကယ္တင္ခဲ့သူမွာလည္း ပိုင္ယြိေဖးပင္ ျဖစ္ေလသည္။ ထိုအခ်ိန္က သူက တျခားေဒသ တစ္ခုသို႔ ထြက္ခြာ သြားမည္ဟု ေျပာခဲ့ဖူးသည္။ပိုင္ယြိေဖးသည္ သာမန္ လူသားတစ္ေယာက္မွ်သာ ျဖစ္ေလသည္။ ယေန႔ ဆန္းလ်န္ႏွင့္ မထင္မွတ္ဘဲ ျပန္လည္ ဆုံေတြ႕ရသည့္ အခ်ိန္တြင္ ပိုင္ယြိေဖးသည္ သူ႔ကိုယ္သူ ပု႐ြက္ဆိတ္ တစ္ေကာင္အလား သိမ္ငယ္စြာ ခံစားလိုက္ရေလသည္။သို႔ေသာ္ ဆန္းလ်န္ကေတာ့ သူ႔ကို ယခုအခ်ိန္ထိ ရင္းရင္းႏွီးႏွီး ရွိေနဆဲပင္။ပိုင္ယြိေဖးကလည္း ဆန္းလ်န္ကို အရင္အတိုင္းပင္ ခင္မင္ေနဆဲ ျဖစ္ေလသည္။"မင္းျပန္လာမယ္လို႔ က်ဳပ္မထင္ခဲ့မိဘူး၊ ခုလို ျပန္ဆုံရမယ္လို႔လည္း လုံးဝ မထင္ခဲ့မိဘူး"ဆန္းလ်န္က သူ၏ လက္ေခ်ာင္းမ်ားကို ခ်ိဳးရင္းတြက္ခ်က္ ၾကည့္လိုက္သည္။ ထိုသို႔ တြက္ခ်က္ ၾကည့္လိုက္ျခင္းက လြန္ခဲ့သည့္ ႏွစ္မ်ားအတြင္း ပိုင္ယြိေဖး အေၾကာင္းကို ခန႔္မွန္း ၾကည့္ႏိုင္ေလသည္။"အစ္ကိုပိုင္၊ မင္း ဒီႏွစ္ပိုင္းေတြမွာ ဒီမွာပဲ ေနခဲ့တာလား၊ တျခား ဘာကိစၥေတြမ်ား ျဖစ္ခဲ့ေသးလဲ"ပိုင္ယြိေဖးက ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္ရင္း..."က်ဳပ္ ဒီကိုျပန္လာတာ သိပ္မၾကာေသးဘူး၊ ႏွစ္နည္းနည္းေလာက္ပဲ ရွိေသးတယ္၊ ၿပီးေတာ့ တျခားဘာကိစၥမွ ေထြေထြထူးထူးလည္း မရွိခဲ့ပါဘူး၊ ဒါနဲ႔ က်ဳပ္မွာ ေတာင္ေပၚက ရလာတဲ့ အရက္ တစ္အိုးရွိတယ္၊ မင္းအားေနတယ္ဆိုရင္ က်ဳပ္တို႔ ေသာက္ၾကမယ္ေလ"ဆန္းလ်န္ကလည္းရယ္ေမာလိုက္ရင္း..."အစ္ကိုပိုင္မွာ အရက္ေကာင္း ရွိေနတာကိုး၊ က်ဳပ္မွာေတာ့ ေျပာစရာ စကားေတြ အမ်ားႀကီး ရွိေနတယ္၊ အရက္ေသာက္ရင္း ေျပာၾကတာေပါ့ဗ်ာ"

Continue Reading

You'll Also Like

97.4K 5.3K 115
🪸Mhaw🪸 Fantasy Adventure Series ... Own Creation (Season -1 to Season -11) Started date - 18.5. 2019 Ended date - Novel Creator- Sue Khat Pann
119K 5.3K 64
အချစ်က အဆိပ်တစ်ခွက်ဖြစ်နေခဲ့ရင်တောင် ပျားရည်အမှတ်နဲ့ကျွန်တော်ကတော့ သောက်သုံးနေမိအုံးမှာဘဲ။
230K 26.4K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...