Book 30 Chapter 417

36 4 0
                                    

Uni

ချင်းရွှမ်းလမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၇) နတ်ဘုရားဓား

ကျုန်းစန်းတောင်တွင် ရွာသည့်မိုးမှာ နေ့တစ်၀က်ခန့်ကြာမြင့်လေသည်။ တောင်အနောက်ဘက်သို့ နေ၀င်သွားသည့်အချိန်တွင် ပုဇွန်ဆီရောင်ကောင်းကင်အောက်တွင် ကျုန်းစန်တောင်သည် ပန်းနုရောင်သမ်းနေတော့သည်။

သွေးရောင်မှာ အနီရင့်ရောင်ဖြစ်သည့်တိုင် မိုးရေနှင့်ရောနှောသွားပြီး ပန်းနုရောင်သမ်းနေခြင်းဖြစ်လေသည်။

လောကတွင် ကျင့်ကြံသူများစွာရှိလေသည်။ သို့သော် ရော့စွေမြစ်ကိုဖြတ်သန်းကာ ကျုန်းစန်းတောင်ပေါ်သို့ ရောက်အောင်လာနိုင်သည့် ကျင့်ကြံသူကတော့ မရှိသလောက် ရှားပါးလေသည်။ ကျုန်းစန်းတောင်သို့ ရောက်အောင်လာနိုင်သည့်ကျင့်ကြံသူကို ထိပ်တန်းကျင့်ကြံသူဟု သတ်မှတ်၍ရနိုင်လေသည်။ သို့သော်… ထိုသူများကို ချန်ပေသိုက မိုးရွာချလိုက်ရုံမျှဖြင့် သတ်ပစ်နိုင်လေသည်။

အခြေခံကျကျပြောရမည်ဆိုလျှင် ချန်ပေသိုသည် ကျုန်းစန်းတောင် တောင်စောင့်နတ်ဖြစ်လေသည်။ သူက ကျုန်းစန်းတောင်နှင့် ရော့စွေမြစ်ကို ကိုယ်စားပြုသူလည်း ဖြစ်လေသည်။ ကျင့်ကြံသူများသည် မိုးမြေစွမ်းအားများနှင့် အသက်ဓာတ်စွမ်းအားများကို နေ့စဉ်စုပ်ယူကာ ကျင့်ကြံမှုများကို ပြုလုပ်ကြလေသည်။ ထို့ကြောင့်သူတို့သည် မိုးမြေကို အကြွေးတင်လျှက်ရှိကြလေသည်။ တောင်စောင့်နတ်ကိုလည်း အကြွေးတင်လျှက်ရှိသည်ဆိုလျှင်လည်း မမှားနိုင်ပေ။

ထိုသို့ပြောရကြေးဆိုလျှင် ယာဇ်ပူဇော်ရာမိုးသည် ချန်ပေသိုက သူခိုးများကိုသတ်ပစ်လိုက်ခြင်းပင်ဖြစ်လေသည်။

ရှန်ဝါဒမှဖြစ်တည်လာသည့်နတ်ဒေဝါများသည် တာအိုဝါဒနှင့် ဘေးချင်းယှဉ်လျှက်တည်ရှိနေကြသူများ ဖြစ်လေသည်။ သူတို့က မိုးမြေနိယာမတရားများကို အုပ်စိုးသူများဖြစ်ပြီး သက်ရှိသတ္တဝါအပေါင်းကိုလည်း ဂရုစိုက်ကြလေသည်။

သို့သော် ကျင့်ကြံသူများများပြားလာသည်နှင့်အမျှ မိုးမြေဥပဒေသများမှာ ပျောက်ဆုံးကုန်ကြရသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now