Book 31 Chapter 427

43 5 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၇) ကြောက်လွဲ ရဲ မင်းဖြစ်

ယွိမင်နတ်ဘုရား၏ အင်္ကျီလက်များက လေထဲတွင် လွင့်ပျံနေလေသည်။ သူ၏ပုံစံကလည်း အေးဆေးတည်ငြိမ်လွန်း လှသည်။

"ဂိုဏ်းတူညီလေးတုန်းဖုန်း ၊ ဟွမ်ကျန်းနေရာမှာ မင်းဖြစ်နေရင်လည်း ကျုပ်က သွားကူညီမှာပါပဲ"

တာအိုဆရာတုန်းဖုန်းသည် အစ်ကိုဖြစ်သူ ယွိမင်နတ်ဘုရားကို ရိုသေလေးစားလွန်းစွာဖြင့် ဦးညွှတ်လိုက်လေသည်။

"ကျုပ်ကတော့ သွားမကူစေချင်ဘူး ၊ ဟွမ်ကျန်းအခုလို ပြန်လာတာဟာ ဘယ်လိုအန္တရယ်တွေ ဖြစ်လာဦးမလဲဆိုတာ မသိနိုင်ဘူး ၊ အစ်ကို တကယ်မသိဘူးလား ၊ ချင်းဝေးဆိုတာ ကျုပ်တို့ဂိုဏ်းမှာ ပညာသင်ချင်ယောင်ဆောင်ပြီး ကျုပ်တို့သတိမပြုမိခင်မှာပဲ ကျုပ်တို့အားလုံးကို အသုံးချသွားခဲ့တာ ၊ သူက ဟွမ်ကျန်းကို အခုလိုလွှတ်လိုက်တာ အကြံအစည်တစ်ခုခုရှိလို့ဖြစ်ရမယ် ၊ အစ်ကိုသာ ဟွမ်ကျန်းကို သွားကူညီရင် သူ့ရဲ့လှည့်ကွက်ထဲကို တန်း၀င်သွားမှာပေါ့"

ယွိမင်နတ်ဘုရားက ဒေါသတကြီးဖြင့်…

"ဘာ ချင်းဝေးလဲ ၊ အဲဒီကောင်က ချင်းရွှမ်က ယန်ရွှီးဆိုတဲ့ ကောင်ပဲ ၊ ကျုပ် ကျင့်စဉ်လမ်းကို စပြီး၀င်ရောက်တဲ့အချိန်မှာ အဲဒီကောင်က မွေးတောင်မမွေးသေးဘူး ၊ သူ့ဟာသူ မိုးကောင်းကင်နတ်မိစ္ဆာကျင့်စဉ်မကလို့ ဘာကြီးပဲကျင့်ကြံထားထား ကျုပ်သူ့ကို နှိမ်နင်းပစ်မယ်"

တာအိုဆရာတုန်းဖုန်းက ယွိမင်နတ်ဘုရားကို စိုက်ကြည့်လိုက်ပြီး…

"ဂိုဏ်းတူအစ်ကို ၊ ချင်းရွှမ်က ဆန်းလျန်ဆိုတာ ကျင့်စဉ်လမ်းမှာ အမြန်ဆုံးနဲ့ နတ်ဘုရားဖြစ်သွားခဲ့တဲ့သူပဲ ၊ ကျုပ်တို့ထဲမှာ သူ့ကိုယှဉ်နိုင်တဲ့သူ ဘယ်သူရှိလို့လဲ ၊ သူတောင် ယန်ရွှီးကို မယှဉ်နိုင်ခဲ့ဘူး ၊ အခု ယန်ရွှီးက ကျုပ်တို့ ကွမ်းချင်းနတ်ဘုရားဂိုဏ်းက ကျင့်စဉ်တွေကိုအကုန်လုံးနီးပါးကိုလည်း သိနေပြီ ၊ ကျုပ်ရဲ့ ထိုက်ယွဲ့သဏ္ဍန်မှန်ပညာ ကိုလည်း သူကောင်းကောင်းနားလည်နေတယ် ၊ သူနဲ့သာသွားတိုက်ရင် ကျုပ်တို့နှစ်ယောက်လုံး ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပေါ့"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now