Book 33 Chapter 454

41 5 0
                                    

Uni

အခန်း (၄၅၄) အကြောင်းရင်း

ဆယ်လပြည့်သည့် နေ့တွင်တော့ ဆန်းလျန်၏မိခင်မှာ သူ့ကို မွေးဖွားတော့မည် ဖြစ်သည့် အတွက် လိုအပ်သည့် အရာများ အားလုံးကို ပြင်ဆင်ထားပြီး ဖြစ်လေသည်။

ထိုသို့ဖြင့်...

မိခင်ဖြစ်သူမှာ မွေးဖွားခါနီး ဗိုက်နာလာသည့် အချိန်တွင်တော့ မိန်းကလေး အစေခံများမှာလည်း ရေနွေးအိုးတည်သူ တည်၊ အခြားသော လုပ်စရာရှိသည်များကို လုပ်ရင်း အလုပ်ရှုပ်နေကြကာ လက်သည် အဘွားကြီးကလည်း မိခင်ဖြစ်သူ အကောင်းဆုံး မွေးဖွားနိုင်ရန် ကူညီပေးလေသည်။

ထိုနေ့ ညနေခင်း အချိန်တွင်တော့ ဆန်းလျန်ကို မွေးဖွားခဲ့လေသည်။

ဆန်းလျန်သည် လူ့လောကသို့ ပြန်လည် မွေးဖွားခြင်းဖြင့် ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

မွေးဖွားလာသည့် ဆန်းလျန်လေးသည် ခန္ဓာကိုယ် ကောင်းကောင်း မဖွံ့ဖြိုးသေးသည့် အတွက် ပေါင်မပြည့်ဘဲ အလွန်မှ သေးငယ်လေသည်။

မိခင်ဖြစ်သူက သူ့ကို မွေးဖွားထားရသည့် အတွက် အားနည်း နေသည့်တိုင် အားယူပြီး စကားပြောလိုက်သည်။

"ကျွန်မသမီးလေးကို ကြည့်ပါရစေ"

မိခင်ဖြစ်သူ၏ စကားကြောင့် ဆန်းလျန်မှာ များစွာ အံ့သြ သွားရလေသည်။

"သေရပြီ... သူက ငါက သမီးလေး ဖြစ်လာမယ်ဆိုတာ ဘယ်လိုလုပ် ကြိုသိနေပါလိမ့်"

လက်သည် အဘွားကြီးက ဆန်းလျန်ကို ရေချိုး သန့်စင်ပေးပြီး မိခင်ဖြစ်သူ၏ လက်ထဲသို့ ထည့်ပေး လိုက်လေသည်။

မိခင်ဖြစ်သူသည် ဆန်းလျန်လေးကို ပွေ့ချီလိုက်ပြီး ချစ်ခင်မြတ်နိုးသည့် မျက်ဝန်းအစုံဖြင့် ကြည့်နေလေသည်။ ဆန်းလျန်မှာ စိတ်မသက်မသာ ခံစားနေရပြီး မျက်လုံးကို စုံမှိတ် ထားလိုက်တော့သည်။

ဆန်းလျန်၏ မိခင်ဖြစ်သူက ပြုံးလိုက်ရင်း...

"ကြည့်ပါဦး၊ သမီးလေးရဲ့ မျက်လုံးတွေက လှလိုက်တာ၊ ကောင်းကင်က ကြယ်စင်လေးတွေ ကျနေတာပဲ"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now