Book 33 Chapter 461

29 3 0
                                    

Uni

အခန်း (၄၆၁) မက်မွန်သီး ခုနစ်လုံးတောင်

ချန်ချင်က အိမ်ထဲမှ မထွက်ခွာ သွားချင်ဘူးဆိုသည့် အတွက် ဆန်းလျန်သည် မည်သို့မျှ မတတ်နိုင်ပါ။

ဆန်းလျန်က ပန်းချီကားကို စူးစိုက် ကြည့်လိုက်သည်။ တာအိုဆရာ၏ ပုံတူပန်းချီသည် ပန်းချီကားထဲတွင် ရှိမနေတော့ပါ။ ပန်းချီကားပေါ်တွင် မီးပုံသဏ္ဌာန် သင်္ကေတ အမှတ်အသား တစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

သမာဓိ မီးတောက်သည် "မီး" အားလုံး၏ အနှစ်သာရ ဖြစ်လေသည်။ တာအိုဆရာသည် သမာဓိ မီးတောက်၏ အရိပ်အမြွက် လေးမျှကိုသာ ပန်းချီကားထဲတွင် ထားခဲ့သည့်တိုင် သမာဓိ မီးတောက်၏ ထူးခြားချက်ကိုတော့ ခံစားနေ ရဆဲဖြစ်လေသည်။

ပန်းချီကားချပ် နံရံတွင် ချိတ်ဆွဲထားခြင်းမှာ တမင်သက်သက် အလှဆင်ထားခြင်း မဟုတ်ပါ။ အအေး စွမ်းအားတစ်ခုကို ဖိနှိပ်ထားခြင်းသာ ဖြစ်လေသည်။

ဆန်းလျန်ကြောင့် သမာဓိ မီးတောက် အရံအတား ပျက်စီးသွားရပြီ ဖြစ်သည့်အတွက် အအေး စွမ်းအားသည် ထွက်ပေါ် လာတော့မည် ဖြစ်လေသည်။ ချန်ချင်သည် ယခု ရက်ပိုင်း အတွင်းတွင် ဝိညာဉ်စွမ်းအား သစ်သီးများကို စားထားသည့်တိုင် သူမ၏ခန္ဓာကိုယ်က ဟန်ယင်းလောက် ကြံ့ခိုင်ခြင်း မရှိပါ။ ထို့ကြောင့် အအေးစွမ်းအား ထွက်ပေါ်လာသည့် အခါ သူမသည် နာကျင် ခံစား ရနိုင်လေသည်။

ဆန်းလျန်သည် ပန်းချီကားကို သုံးစက္ကန့်မျှ စိုက်ကြည့် နေလေသည်။ ထို့နောက်တွင်တော့ ဆန်းလျန်၏ မျက်ဝန်းဆီမှ ငွေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ခန်းမ တစ်ခုလုံးတွင် တက်နေသော ဖုံမှုန့်များ အားလုံး သန့်ရှင်း သွားလေသည်။

ပန်းချီကားထက်မှ မီးသင်္ကေတ ပုံသဏ္ဌာန် ပျောက်ကွယ်သွားပြီး ပန်းချီကားသည် ဗလာ ဖြစ်သွားလေသည်။ ထိုပန်းချီကားသည် တဖြည်းဖြည်း ကျယ်ပျံ့လာပြီး တံခါးတစ်ခု အဖြစ် အသွင် ပြောင်းသွား လေသည်။ ထိုတံခါးအတွင်းမှ ကျောရိုး တစ်လျှောက်လုံး စိမ့်သွား ရလောက်အောင် အေးခဲလွန်းသည့် အအေးစွမ်းအား တစ်ခု ထွက်ပေါ် လာလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now