Book 33 Chapter 453

37 4 0
                                    

Uni

အခန်း (၄၅၃) ဆန်းလျန်နှင့်အလွဲများ

ဆန်းလျန်သည် သူ၏ မိခင်ပြောနေသည့် ပုံပြင်ကို နားထောင် နေလေသည်။

"အဲဒီနောက်တော့ ကောင်းကင်ပေါ်မှာ နေမင်းပေါ်လာရောတဲ့၊ နေမင်း ပေါ်ပေါက် လာပြီးတဲ့နောက် ကမ္ဘာပေါ်မှာ လူတွေလည်း ပေါ်ပေါက် လာတော့တာပဲ၊ လူတွေ ပေါ်ပေါက် လာပြီးတဲ့ နောက်တော့ ဝိညာဉ်တွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်း သွားခဲ့တယ်"

"ပထမဆုံး လောကမှာ ရှင်သန်ခွင့်ရတဲ့ လူသားတွေက သူလိုကိုယ်လို သာမန်လူတွေပါပဲ၊ ဒါပေမဲ့ သူရဲကောင်းတွေကတော့ သေဆုံးပြီးတဲ့ နောက်ပိုင်း ကောင်းကင်မှာ ကြယ်စင်တွေ ဖြစ်သွားကြတယ်တဲ့"

"ကောင်းကယ်မှာ လမင်းကြီးလည်း ရှိတယ်လေ၊ လမင်းကြီးက ကြယ်တွေကြားမှာ အထွန်းလင်းဆုံးပဲပေါ့၊ သူ့အလင်းရောင်က ကြယ်တွေ အားလုံးကိုတောင် ဖုံးကွယ် ထားနိုင်တယ်"

"ဒါကြောင့် လက ကြယ်တွေကို ငဲ့ညှာတဲ့ အနေနဲ့ တစ်လမှာ နှစ်ခါပဲ လပြည့်အဖြစ် ထွန်းလင်း ပေးမယ်လို့ ကတိပေးခဲ့တယ်၊ သူရဲကောင်းတွေ သေဆုံးတိုင်း ကြယ်တွေ ဖြစ်သွားကြတဲ့ အတွက် ကောင်းကင်မှာ ကြယ်အရေအတွက်ကလည်း တဖြည်းဖြည်း အရမ်းများလာပြီပေါ့"

"အဲဒီအချိန်မှာ ကြယ်တွေက နေနဲ့အတူ ယှဉ်တွဲပြီး နေချင်ကြတော့ဘူး၊ ဒါကြောင့် လမင်းနဲ့ ကြယ်စင်တွေက မဟာမိတ်ဖွဲ့ပြီး သစ္စာပြုခဲ့ကြတယ်၊ နေထွက်လာတာနဲ့ သူတို့က ပျောက်ကွယ် သွားပေးမယ်၊ လမင်းနဲ့ ကြယ်စင်တွေ ထွက်ပေါ်လာတာနဲ့ နေကလည်း ဝင်ပေးရမယ်လို့ သစ္စာပြု ခဲ့ကြတယ်"

"နေမင်းက လောကကို နွေးထွေးမှုကို ပေးတယ်၊ နေထွက်လာတာနဲ့ ကမ္ဘာကြီးက စတင် သက်ဝင် လှုပ်ရှားလာတာပဲ၊ နောက်ပိုင်းတော့ လူတွေနဲ့ ဝိညာဉ်တွေ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင် ခဲ့ကြတယ်တဲ့ကွယ်"

"ဒါပေမဲ့ တစ်ခု ပြောစရာရှိတာက ဘယ်တော့မှ မဆုံးနိုင်တဲ့ ဝိညာဉ်တွေ စီးဆင်းနေတဲ့ အသူရာ ချောက်မှာ နေမင်းသာ ထွက်ပေါ် မလာခဲ့ဘူးဆိုရင် လူသားတွေလည်း ဖြစ်တည်လာမှာ မဟုတ်ဘူး၊ နေရောင်ခြည်ကြောင့်သာ လူသားတွေ ဒီလောကမှာ မွေးဖွားလာပြီး ဒီလောကကြီး ကလည်း ဒီနေ့ဒီအချိန်ထိ ပြောင်းလဲ တိုးတက် လာခဲ့တာပေါ့"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now