Book 31 Chapter 433

41 4 0
                                    

Uni 

အခန်း (၄၃၃) အခြေအနေများ


ထျန်းမုန့် နတ်သမီးသည် ယန်ရွှီးအနားသို့ ရောက်လာလေသည်။

သူမနှင့် ယန်ရွှီးသည် ကောင်းကင်ထက်တွင် အတူတူရပ်နေပြီး အခြေအနေကို ကြည့်နေလေသည်။

"မိုးကောင်းကင် နတ်မိစ္ဆာက ဘယ်လို တန်ခိုးစွမ်းအားမျိုးကို အကြောက်ဆုံးလဲ မင်းသိလား"

ယန်ရွှီးက ထျန်းမုန့် နတ်သမီးကို မေးလိုက်သည်။

"မိုးကြိုး တန်ခိုးစွမ်းအားပေါ့"

ထျးန်မုန့် နတ်သမီးက ပြန်ဖြေ လိုက်လေသည်။

ယန်ရွှီးက ပြုံးလိုက်ပြီး...

"မင်းပြောတာမှန်တယ်၊ ဆန်းလျန်ရဲ့ အသံမဲ့ တေးသွားတောင်မှ ကျုပ်နှလုံးသားကို ချိတ်ပိတ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ဘူး"

ထျန်းမုန့် နတ်သမီးက...

"ရှင် အခုမှ ဒီအကြောင်းပြောတာ ဘာလျှို့ဝှက်ချက် ရှိလို့လဲ"

ယန်ရွှီးက လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်ရင်း...

"လောကမှ မိုးကြိုး တန်ခိုးစွမ်းအားတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ တကယ် စွမ်းအားကြီးတဲ့ မိုးကြိုး တန်ခိုး စွမ်းအားကတော့ နည်းနည်းပဲရှိတယ်၊ တစ်ခုက ချင်းရွှမ် နတ်တံခါးက စန်းရှောင်ကျင့်စဉ်ပဲ၊ ချုန်းဟယ် နတ်ဘုရားက စန်းရှောင် မိုးကြိုး လက်ဝါးသိုင်းကို တီထွင်ပြီးတဲ့နောက် လင်စုနတ်ဘုရားက အဲဒီ ကျင့်စဉ်ကို အနည်းငယ် ပြုပြင်ပြီး အဆင့်ကိုးဆင့် သတ်မှတ် ပေးခဲ့တယ်၊ နောက်ပိုင်းမှာ ကျိချန်က အဲဒီ စန်းရှောင် ကျင့်စဉ်ကို နဝမ အဆင့်ထိ အောင်မြင်အောင် ကျင့်ကြံခဲ့ပြီး ဖော့ဝမ့်အဆင့်ထိ တက်ရောက် နိုင်ခဲ့တယ်၊ ကျိချန်ဟာ စန်းရှောင် မိုးကြိုးလက်ဝါးသိုင်းနဲ့ လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်၊ တကယ်တော့ စန်းရှောင် မိုးကြိုး လက်ဝါးသိုင်းဟာ တကယ့် မိုးကြိုး တန်ခိုးစွမ်းအားရဲ့ အနှစ်သာရပဲ"

"ရှင်က ဘာကိုပြောချင်တာလဲ"

ထျန်းမုန့်နတ်သမီးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now