Book 32 Chapter 443

31 3 0
                                    

Uniအခန်း (၄၄၃) သေတဲ့အထိ ဘယ်တော့မှ ပြန်မတွေ့ကြတော့ဘူး


သူမလာရသည့် အကြောင်းရင်းကို အစ်မဖြစ်သူက သိရှိနေသည့် အတွက် ကျောက်ရှောင်ယွီက များစွာ အံ့သြ သွားရလေသည်။ သို့သော် သူမက အံ့သြသည့် စိတ်ကို ထိန်းချုပ် ထားလိုက်ပြီး ချိုမြသည့် လေသံလေးဖြင့် စကားစပြီး ပြောလိုက်သည်။

"အစ်မရယ်၊ နင့်ရဲ့ တန်ခိုးစွမ်းအားနဲ့ဆိုရင် ငါ နင့်ကို ရှာမတွေ့အောင် ဖုံးကွယ်ထားလို့ ရတာပဲဟာ၊ ဒါပေမဲ့ အဲဒီလို မလုပ်ဘူး ဆိုကတည်းက မန္တန်အလင်း ချေဖျက်ခြင်း ကျမ်းကို ငါ့ကို နင်ပေးချင်နေလို့ မဟုတ်လား၊ အစ်မ လိုအပ်တဲ့ အကူအညီ ရှိရင်လည်း ပြောပါ၊ ဒီကညီမလေးက ကူညီပေးဖို့ အသင့်ပါပဲ"

ကျောက်ရှောင်ယွီ၏ စကားဆုံးသွားသည်နှင့် အိမ်ငယ်လေးထဲမှ အဖြူရောင် အလင်းတန်း တစ်ခု လင်းလက်သွားပြီး အလွန်လှပသည့် မိန်းမပျိုတစ်ဦး ထွက်ပေါ် လာလေသည်။

ထိုမိန်းမပျိုမှာ ကျောက်ရှောင်ယွီ၏ ဂိုဏ်းတူအစ်မ ကျိုးလင်ပင် ဖြစ်လေသည်။ သို့သော် ကျိုးလင်သည် ယခင် အချိန်ကထက် ဆယ်နှစ်ခန့်ပင် ပိုမိုငယ်ရွယ်နေပုံရလေသည်။ သူမ၏ အသားအရေမှာ ဆီးနှင်းကဲ့သို့ ဖြူစင်နေပြီး မျက်ဝန်းများကလည်း ရေစင်ကဲ့သို့ ကြည်လင် နေလေသည်။

ကျိုးလင်က နူးညံ့ သိမ်မွေ့သည့် လေသံဖြင့်...

"ဂိုဏ်းတူညီမလေး၊ မင်းက အရင်တုန်းက သူများတွေ အတွက်ဆိုရင် ဒီလိုမျိုးတွေ ဒုက္ခ မခံတတ်ပါဘူး၊ ဘာလဲ... ဆန်းလျန်ကို မင်းချစ်နေမိပြီလား..."

ကျောက်ရှောင်ယွီက ပြုံးလိုက်ရင်း...

"သူ့ကို ဘာလို့ချစ်ရမှာလဲ၊ ဒါပေမဲ့ သူ့ကို သံယောဇဉ်ရှိလို့ပါ"

"ဆရာကမင်းကို သူ့ရဲ့ ကျင့်စဉ်တန်ခိုး စွမ်းအားတွေ အားလုံး လက်ဆင့် ကမ်းပေးခဲ့တာက မင်းက ခံစားချက်ကင်းမဲ့တဲ့ လူတစ်ယောက် မို့လို့ပဲ၊ ဒါပေမဲ့ မင်းဒီလောက် ကျင့်စဉ်လမ်းကို မလျှော့တဲ့ဇွဲနဲ့ လျှောက်လှမ်းလာတာ လူတစ်ယောက် အပေါ် ထားတဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးလား"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now