Book 30 Chapter 416

38 5 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၆) ယာဇ်ပူဇော်ရာမိုး

ချန်ပေသိုက ချန်ကျင်းချင်ကို ငုံ့ကြည့်လိုက်သည်။

"နားထောင်… ဒီမိုးရေကို ယာဇ်ပူဇော်ရာမိုးရေလို့ခေါ်တယ်"

လူအများသည် တိုက်ပွဲတွင် အနိုင်ရရန်အတွက် ၀တ်ပြုခြင်းကို ပြုလုပ်ကြလေသည်။

ယခု ချန်ပေသိုက မိုးရွာခြင်းမှာ ယာဇ်ပူဇော်ရာမိုးဆိုသည့်အတွက် သူ၏နောက်ထပ်ခြေလှမ်းမှာ တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရန် ဖြစ်ပေလိမ့်မည်။

သို့သော် ကျုန်းစန်းတောင်တွင်တော့ ယာဇ်ပူဇော်ရန်အတွက် ဝိညာဉ်များ သိပ်များများစားစား မရှိနိုင်ပေ။

ကျုန်းစန်းတောင်တစ်ခွင်ထွက်ပေါ်လာသည့် အလင်းတန်းများကို မြင်တွေ့ရပြီးသည့်နောက် သူ၏စိတ်အာရုံများမှာ ပိုပြီး ပြတ်သားလာလေသည်။ ထိုအလင်းတန်းများမှာ ကျုန်းစန်းတောင်တစ်ခွင်မှ ဝိညာဉ်များပင် ဖြစ်လေသည်။

ယာဇ်ပူဇော်ရာမိုးရေက ထိုဝိညာဉ်များကို တဖြည်းဖြည်းအားနည်းသွားစေလေသည်။

အလင်းတန်းများသည် သွေးအိုင်များအဖြစ် ပြောင်းလဲကာ မိုးရေထဲတွင် ပျောက်ကွယ်ကုန်ကြလေသည်။

ချန်ကျင်းချင်မှာ ထိုဝိညာဉ်များကို သနားလျှက်ရှိလေတော့သည်။

ထိုဝိညာဉ်များအားလုံးမှာ တစ်ချိန်က သက်ရှိသတ္တဝါများဖြစ်ကြပြီး ယခုတော့ ယာဇ်ပူဇော်ရာ အသုံးချခံများအဖြစ် ပြောင်းလဲခဲ့ရပြီ။ ထိုသူများတွင် ရှင်းပြခွင့်မရှိသလို ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်း မရှိခဲ့ကြရှာပေ။

အချို့ဝိညာဉ်များကတော့ တန်ခိုးစွမ်းအားအနည်းငယ်မြင့်မားသည့်အတွက် တောင်စောင့်နတ်၀တ်ကျောင်းတော်ကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင်တော့ မိုးရေအောက်တွင် ပျောက်ကွယ်သွားရသည်ပဲ ဖြစ်လေသည်။

"ချန်ပေသို… မင်းက ဘာဖြစ်ချင်နေတာလဲ"

၀ိညာဉ်များ၏ မကျေမနပ်သံသည် ဆူညံလျှက်ရှိလေ၏။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now