Book 30 Chapter 415

49 8 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၅) မိုးထန်လေထန်

ဆန်းလျန်၏ စိတ်ထဲသို့ အရှုံးတရားများထည့်ပေးလိုသည့်အတွက် ဖန်းယန်ယင်းကို အသုံးချခဲ့သည်ဟု ဆန်းလျန်က ကောက်ချက်ချလိုက်မိလေသည်။ သူတို့နှစ်ယောက်၏ အစမကောင်းခဲ့သောရေစက်သည် ယခုတော့ ဖြေရှင်း၍မရတော့သည့် အမုန်းတရားအဖြစ် အခိုင်အမာဖြစ်တည်ခဲ့ရပြီ။

သို့သော် ယန်ရွှီးတိုက်ခိုက်တိုင်းသာ ခံနေရလျှင် ဆန်းလျန်ဘယ်ဟုတ်တော့ပါမည်နည်း။

ဖန်းယန်ယင်းမှာ တစ်စုံတစ်ယောက်က ဆန်းလျန်ကို ထိခိုက်စေရန်အတွက် သူမကိုအသုံးချခဲ့သည်ကို သိရှိသွားသည့်အတွက် အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရလေသည်။ သို့သော် ဆရာဦးလေးဖြစ်သူ၏ နွေးထွေးသော အကြည့်များက သူမကို စိတ်သက်သာရာ ရစေသည်။

"ဓားပေး…"

ဆန်းလျန်က ဖန်းယန်ယင်းဆီမှ မှော်၀င်ဓားကို တောင်းလိုက်သည်။

ဖန်းယန်ယင်းက ဒြပ်စင်ငါးပါးမှော်၀င်ဓားကို ဆန်းလျန်ဆီသို့ ရိုရိုသေသေဖြင့် ကမ်းပေးလိုက်လေသည်။

ဖန်းယန်ယင်းသည် ယခုအခါ ကိုယ်ပျောက်ဓားဝိညာဉ်ဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားပြီးသည့်တိုင် ဆန်းလျန်နှင့်ယှဉ်လျှင်တော့ ကလေးနှင့် လူကြီးပမာ ရယ်စရာမျှသာ ဖြစ်နေလေသည်။

ဆန်းလျန်က သူမထံမှ ဓားကိုလှမ်းယူလိုက်သည်နှင့် ကြီးမားသည့်ဓားတန်ခိုးစွမ်းအားတစ်ခုသည် သူမ၏ကိုယ်တွင်းသို့ ဖြတ်သန်းစီးဆင်းသွားလေသည်။

ကိုယ်ပျောက်ဓားဝိညာဉ်သည် သဏ္ဍန်မဲ့ဓားဝိညာဉ်နှင့် အနည်းငယ်ဆင်တူလေသည်။ ခြားနားချက်မှာ ကိုယ်ပျောက်ဓားဝိညာဉ်က ပိုပြီးသန့်စင်နေခြင်းပင်ဖြစ်လေသည်။

ဆန်းလျန်ဆီမှထွက်ပေါ်နေသော ဓားတန်ခိုးစွမ်းအားမှာ ဗုဒ္ဓဘာသာနှင့် တာအိုဝါဒနှစ်ခုပေါင်းစပ်ထားသည့် အနှစ်သာရတစ်မျိုးဖြစ်လေသည်။ ထိုအနှစ်သာရသည် ကိုယ်ပျောက်ဓားဝိညာဉ်၏ အနှစ်သာရပင် ဖြစ်လေသည်။ ဓားသူတော်စင်ကျီဝေးသည် ရှိခြင်းမရှိခြင်းဓားဝိညာဉ်ကို အဆင့်မြှင့်တင်ရန်အတွက် ကျိကျိုက်သီလရှင်ကျောင်းသို့ သွားရောက်ခဲ့သည် မဟုတ်ပါလား။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now