Book 31 Chapter 429

39 5 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၉) ရွှေရောင်နတ်စစ်သည်များ

အနက်ရောင်တိမ်တိုက်များအတွင်းတွင် ပြင်းထန်စွာရွာသွန်းနေသည့် မိုးရေများအတွင်းသို့ ယွိမင်နတ်ဘုရား ၀င်ရောက်သွားလေသည်။

ယွိမင်နတ်ဘုရားသည် တန်ခိုးစွမ်းအားအရာဖြင့် ကြည့်မည်ဆိုလျှင် လောကတွင် ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်လေသည်။

သို့သော်… အနက်ရောင်တိမ်တိုက်များအတွင်းတွင် ရွာသွန်းနေသော မိုးရေများမှာ တန်ခိုးစွမ်းအားကိုအသုံးပြုကာ ကာကွယ်မည်ဆိုလျှင်တောင် ကာကွယ်ရန် ခက်ခဲလှသည်။ ခန္ဓာကိုယ်မည်မျှ ကြံ့ခိုင်သည်ဖြစ်စေ ၊ မူလဝိညာဉ်ခန္ဓာ တန်ခိုးစွမ်းအား မည်မျှမြင့်မားသည်ဖြစ်စေ မိုးရေစက်များကို တွန်းလှန်နိုင်ရန်မှာ သိပ်တော့မလွယ်ကူလှပေ။

ယွိမင်နတ်ဘုရားသည် မိုးစက်များကို ခံစားလိုက်မိသည်နှင့် မိုးစက်တစ်စက်ချင်းဆီနှင့် တိုက်ခတ်နေသော စူးရှသည့်လေအေးသည် ဘ၀တစ်ခုကို အဆုံးသတ်ရန် လုံလောက်ကြောင်း သိရှိလိုက်ရလေသည်။ မိုးနှင့်လေသည် ကြာပွတ်တစ်ချောင်းအလား ဖြတ်သန်းတိုက်ခတ်သွားပြီး ထိုမိုးနှင့်လေ ပေါင်းစပ်သည့်ဒဏ်ကို မည်သူမျှ ကြာကြာ တွန်းလှန်ထားနိုင်မည် မဟုတ်ပေ။

လင်ရွှမ်ထင်နှင့် ထျန်းမုန့်နတ်သမီး၏ တိုက်ပွဲမှာလည်း ပြင်းထန်သည်ထက် ပြင်းထန်နေလေသည်။

ယွိမင်သည် မှောက်မိုက်နေသည့်ပတ်၀န်းကျင်တွင် ဟွမ်ကျန်းကို လိုက်လံရှာဖွေရင်း နောက်ဆုံးတွင်တော့ မိုးရေစက်များကြားတွင် ဟွမ်ကျန်းကို ရှာဖွေတွေ့ရှိသွားခဲ့လေသည်။

ဟွမ်ကျန်းမှာလည်း သူ၏ဆရာဖြစ်သူကို လှမ်းတွေ့လိုက်သည်။

သို့သော် ဟွမ်ကျန်းတစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီရဲနေပြီး ဒဏ်ရာများနှင့် ပြည့်နေလေသည်။ သူ၏ရွှေသားကျောက်စိမ်းကဲ့သို့ ၀င်းဝါနေသည့်အသားထက်တွင် ရွှေရောင်နှင့်သွေးရောင်များရောပြွန်းနေသည့် သွေးများက စီးကျနေလေသည်။ သူ၏အတောင်နှစ်ဖက်မှာလည်း ဘေးသို့ အားလျော့စွာ ရုတ်လျော့ကျဆင်းနေပြီး အားနည်းနေလေပြီ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now