Book 32 Chapter 437

36 5 0
                                    

Uni

အခန်း (၄၃၇) တည်ရှိမှုတစ်ခု


ကျောက်ရှောင်ယွီသည် ယန်ရွှီးကို အလွန်သနားစရာ ကောင်းသည့် သတ္တဝါတစ်ကောင်ကို ကြည့်နေသည့် အလား ကြည့်နေလေသည်။ သို့သော်... သူမ အကြည့်များက အေးစက် လွန်းလှသည်။

"ဒါပေမဲ့ ရှင့်မှာတော့ နှလုံးသားမရှိဘူး မဟုတ်လား"

ယန်ရွှီးက ရယ်မောလိုက်လေသည်။

ယန်ရွှီး၏ အပြုံးသည် သေစေနိုင်သော လက်နက်သာ ဖြစ်ခဲ့ပါက ကျောက်ရှောင်ယွီသည် သေသွားစရာ အကြောင်း ရှိလေသည်။

ယန်ရွှီးက...

"မင်းနဲ့ သိခွင့်ရတာ နောက်ကျသွားတယ် ကျောက်ရှောင် ယွီနတ်သမီး၊ မင်းက ကျုပ်တွေ့ဖူး သမျှထဲမှာ အင်မတန် ထူးခြားတဲ့ မိန်းကလေး တစ်ယောက်ပဲ"

ကျောက်ရှောင်ယွီသည် စကားတစ်လုံးမှ မပြောဘဲ ယန်ရွှီးကို စိုက်ကြည့်နေဆဲ ဖြစ်လေသည်။ သူမ၏ အကြည့်များက ပို၍ပင် အေးစက် လာသယောင် ထင်ရသည်။

သူမ၏ အကြည့်များကြောင့် ယန်ရွှီးက အနေရခက်မသွားခဲ့ပါ။

"ကျုပ်မျက်လုံးထဲမှာ ထူးခြားတဲ့ မိန်းကလေးဆိုတာ ဘယ်လိုလူမျိုးကို ပြောတာလဲဆိုတာ မင်းမသိချင်ဘူးလား"

ကျောက်ရှောင်ယွီက ယန်ရွှီး၏ စကားများကို အရေးမလုပ်ဘဲ သူမ၏ တန်ခိုးစွမ်းအားများကို နှင်းပွင့်များ ဆီသို့ ပို့လွှတ် လိုက်လေသည်။

သူမသည် အလွန် ခမ်းနားလွန်းသည့် ကျက်သရေနှင့် အလှတရားကို ပိုင်ဆိုင် ထားလေသည်။ ကြာပန်း ကိုးပွင့် ကျောင်းတော်ကို တည်ထောင်သူ ဆရာသခင်ပင်လျှင် သူမ၏ တန်ခိုး စွမ်းအားများကို ယှဉ်ပြိုင် နိုင်တော့မည် မဟုတ်ပေ။

ယန်ရွှီးက...

"မင်းကသာ ဆန်းလျန်ကို မင်းနှလုံးသားထဲမှာ အရေးပါတဲ့သူလို့ သတ်မှတ်ထားတာ၊ ဒါပေမဲ့ ဆန်းလျန်ရဲ့ ရင်ထဲမှာတော့ မင်းက အရေးပါတဲ့သူ မဟုတ်ခဲ့ဘူး ဆိုတာ မင်းကို သိစေချင်လိုက်တာ၊ အင်းလေ... ဆန်းလျန်ရဲ့ နှလုံးသားကို ကျုပ်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာမှ မဟုတ်တာ"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now