Book 33 Chapter 464

60 4 2
                                    

Uni

အခန်း (၄၆၄) ဖန်ဆင်းရှင် ဆိုသည်မှာ

ရက်အနည်းငယ် အတွင်းမှာပင် ရှီးလျန်မြို့တော် တံခါးထက်မှ ကောင်းအိမ်တော် အလံများကို ဖြုတ်ချ လိုက်ကြပြီး ချန်အိမ်တော် အလံများကို ပြန်လည် လွှင့်ထူ လိုက်ကြလေသည်။

ဆန်းလျန်သည် အဖြစ်အပျက်များ အားလုံးကို အမြင့်ဆုံး မျှော်စင်ကြီး ထက်မှ ကြည့်ရှု နေလေသည်။

သူသည်မြို့ အတွင်းရှိ လူများ၏ ဆုံးရှုံးမှုများ၊ စိုးရိမ်ပူပန်မှုများနှင့် မျှော်လင့်ချက်များကို ခံစား ခဲ့နေရသည်။ သူတို့သည် အုပ်ချုပ်ခံ လူတန်းစားများသာ ဖြစ်လေသည်။ ထို့ကြောင့် မြို့တော်ကို အုပ်ချုပ်မည့်သူ မရှိတော့မည်ကိုသာ သူတို့ ကြောက်ရွံ့ကြသည်။ အုပ်ချုပ်သူ မရှိလျှင် သူတို့၏ ဘဝများသည်လည်း ပျက်ပြား သွားမည် ဖြစ်လေသည်။

လူဆိုသည်က အသားကျနေသည့် ဘဝတွင် နေထိုင်ခဲ့ရပါက အပြောင်းအလဲများကို ကြောက်ရွံ့ စမြဲပင် ဖြစ်လေသည်။

လူတိုင်း၏ လိုအပ်ချက်များက မတူညီ ကြသည့်တိုင် တူညီသည့် လူသားများ၏ လိုအပ်ချက် များကတော့ ဦးတည်ချက် တစ်ခုသို့သာ သွားလေသည်။

နတ်ဘုရားများကို လူသားများ အဘယ့်ကြောင့် ကိုးကွယ် ဆည်းကပ် ကြသည်ကို ဆန်းလျန် နားလည်လေသည်။ အဘယ်ကြောင့် ဆိုသော ကိုးကွယ် ဆည်းကပ်ခြင်းမှ ဖြစ်ပေါ်လာသည့် ယုံကြည်မှုသည် အစွမ်းထက် သောကြောင့် ဖြစ်လေသည်။ သို့သော် ကိုးကွယ် ယုံကြည်မှုကြောင့် ဖြစ်ပေါ်လာသည့် အယူအဆွဲ များကလည်း အဆုံးမရှိနိုင်ပေ။

နတ်ဘုရား များကလည်း တန်ခိုးစွမ်းအား မြင့်မားရန် အတွက် လူအများ၏ ကိုးကွယ် ဆည်းကပ်မှုကို ခံယူရန် လိုအပ်လေသည်။ နတ်ဘုရားများက လူအများ၏ ကိုးကွယ် ဆည်းကပ်မှုကို လိုအပ်ကြသလို အုပ်ချုပ်သူကလည်း လူအများ၏ ထောက်ခံမှုကို လိုအပ်လေသည်။ ဤသည်မှာ အုပ်ချုပ်မှု၏ အခြေခံအချက်ပင် ဖြစ်လေသည်။

ပြည်သူများ၏ အသိအမှတ် ပြုမှုနှင့် ထောက်ခံမှု ပျောက်ကွယ်သွားပါက အာဏာသည် အလကားပင် ဖြစ်ပြီး မြေမှုံ့ကဲ့သို့ အသုံးမဝင်တော့ပေ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now