Book 31 Chapter 434

40 2 0
                                    

Uni

အခန်း (၄၃၄) ဆန်းချင်းရှသည်သာ လူသားအားလုံး၏မျှော်လင့်ရာ


ချင်းရွှမ်နတ်တံခါး....

ထိုက်ယီတောင်ထိပ်...

ထိုက်ယီတောင်ထိပ်ရှိ ဟွမ်ထင် ကျမ်းစာရေးထွင်း ထားသည့် ကျောက်နံရံကြီး နံဘေးတွင် အဆောင်လေး တစ်ခု ရှိလေသည်။

အဆောင်လေး အတွင်းတွင် လက်ဖက်ရည် အခိုးအငွေ့များသည် တိမ်တိုက် နဂါးတစ်ကောင် အလားပင် အဆက်မပြတ် ပျံ့လွင့် ထွက်ပေါ်နေလေသည်။

မွှေးပျံ့လွန်းသည့် လက်ဖက်ရည်ရနံ့သည် ရှူရှိုက်မိသူတိုင်း၏ စိတ်ကို ကြည်လင် လန်းဆန်း စေလေသည်။

"ဒါဆို ဆရာဘွားဘွား ချင်းရှောင်းက လျန်လေးကြောင့် ယန်ရွှီးကို လွှတ်ပေးလိုက်တာလား"

ဆန်းလျန်သည် ခရမ်းရောင် ဝတ်စုံဖြင့် အလွန်တရာ လှပလွန်းနေသည့် ကျိလင်နတ်သမီးကို ငေးကြည့်ရင်း မေးလိုက်လေသည်။

ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် အကြမ်းခွက် တစ်ခွက်လုံးကို မော့သောက် လိုက်တော့သည်။

ကျိလင်က လက်ဖက်ရည်ကြမ်း မွှေးမွှေးလေးကို တစ်ကျိုက် အရသာခံသောက် လိုက်လေသည်။ သူမနှလုံးသားတစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။

"လျန်လေး၊ မင်းက လက်ဖက်ရည်ကြမ်းတောင် ကျိုသောက် နေနိုင်သေးတယ် ဆိုတော့ စိတ်အခြေအနေက တော်တော် အေးဆေး တည်ငြိမ်နေတာပဲ၊ ဒီလိုစိတ်အခြေအနေနဲ့ဆိုရင် မင်းဘာမှ မဖြစ်နိုင်သေးပါဘူး၊ ပြီးတော့ ချင်းရှောင်းက မင်းအတွက်ကြောင့် တစ်ခုတည်းနဲ့ ယန်ရွှီးကို လွှတ်ပေးလိုက်တာ မဟုတ်ပါဘူးလေ၊ တကယ်တမ်းက သူလည်း ယန်ရွှီးကို မသတ်နိုင် သေးဘူးလေ"

ကျိလင်နတ်သမီးက ဆန်းလျန်ကို ရှင်းပြလိုက်လေသည်။

ယနေ့ ကျိလင်နတ်သမီးနှင့် အတူ လင်ကွမ်းနတ်သမီး အတူတူ လိုက်ပါလာခြင်း မရှိသည့်အတွက် သူတို့နှစ်ယောက် အေးဆေးစွာ စကား ပြောနိုင်လေသည်။

ဆန်းလျန်၏ မျက်ဝန်းများက ချက်ချင်းပင် အရောင် မှေးမှိန်သွားလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now