Book 33 Chapter 462

33 2 0
                                    

Uni

အခန်း (၄၆၂) သုတ်သင်ပစ်မယ်

ဆန်းလျန်က ချန်ချင်နှင့် ဟန်ယင်းတို့ကို စန်းကျူကျင့်စဉ်ကို သင်ကြား ပေးပြီးသည့် အခါတွင်တော့ ချန်ချင်က ရှီးလျန်မြို့တော်သို့ ခဏ ပြန်သွား ချင်ခဲ့လေသည်။ သို့သော် ဆန်းလျန်ကတော့ သူမကို တားဆီးခဲ့သည်။

သူတို့သည် ဝိညာဉ် စွမ်းအား သစ်သီးများကို စားသောက်ခဲ့ကြပြီး ယင်အအေး စွမ်းအား စမ်းရေကို သောက်ခဲ့ကြသည့် အတွက် တစ်ည အတွင်းမှာပင် အတွင်းအားများ များစွာ မြင့်မား လာကြလေသည်။

ဟန်ယင်းကတော့ အတွင်းအား၏ အရေးပါပုံကို ကောင်းစွာ နားလည်လေသည်။ သူမက သူမ၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားများကို လှည့်ပတ် ကြည့်လိုက်သည်နှင့် သူမ၏ အတွင်းအားများ အဆမတန် မြင့်မားနေပြီ ဖြစ်ကြောင်း သိရှိလိုက်လေသည်။

ဆန်းလျန် သင်ကြားပေးသည့် ကျင့်စဉ်သည် ရိုးရှင်းပြီး လူသိများသည့် ကျင့်စဉ် တစ်ခု မဟုတ်ပေ။ သို့သော်... အလွန်စွမ်းအား ထက်မြက်ပြီး ရှီးလျန်မြို့တော်မှ အမျိုးသမီး စစ်သည်တော် များကို သင်ကြားပေးမည် ဆိုလျှင် အလွန်မှ စွမ်းအားကောင်းသည့် စစ်တပ်တစ်တပ်ကို တည်ဆောက် နိုင်မည်ဟု သူမ တွေးနေခဲ့မိလေသည်။

ဟန်ယင်းက ထိုသို့ တွေးနေသော်လည်း ချန်ချင်ကတော့ ထိုသို့မတွေးပါ။ သူမသည် တိုက်ခိုက် ရသည်ကို သဘောကျသူ တစ်ယောက် မဟုတ်ပေ။

ချန်ချင်က ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ပြီး...

"သားဆိုလိုတာက အမေတို့ ကျယ်ယန်းတောင်မှာ ရှိနေတယ်ဆိုတာကို သတင်း ဖြန့်လိုက်ရမယ်ပေါ့"

"အမှန်ပဲ၊ ကောင်းအိမ်တော်က ပုန်ကန်တာ သိပ်မကြာသေးဘူး၊ လောလောဆယ်မှာ ရှီးလျန်မြို့ကို အခြေတကျ ဖြစ်အောင် အုပ်ချုပ်နိုင်မှာ မဟုတ်သေးဘူး၊ ကောင်းအိမ်တော်ကို သဘောမကျတဲ့ သူတွေလည်း ရှိနေမှာပဲ၊ ဒါကြောင့် လောကနိယာမ တရားအတိုင်း ဆိုရင် ရှီးလျန်မှာ အမေ့ကို သစ္စာစောင့်သိနေတဲ့ လူတွေလည်း ရှိနေဦးမှာပဲ"

"လောကနိယာမ တရားအတိုင်း ဟုတ်လား"

ချန်ချင်က မေးလိုက်သည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Dove le storie prendono vita. Scoprilo ora