Book 31 Chapter 425

41 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၅) ရေနဂါး

ပန်းဥယျာဉ်လေးတစ်ခု…

ပန်းဥယျာဉ်လေးက တိတ်ဆိတ်ရှင်းလင်းနေလေသည်။

ကောင်းကင်ထက်တွင်တော့ လ၀န်းက ထွန်းလင်းလျှက်…။

ထိုပန်းဥယျာဉ်လေးအတွင်းတွင် စီးဆင်းနေသည့် စမ်းချောင်းလေးနားတွင် ယန်ရွှီး ရုတ်တရက် ပေါ်လာလေသည်။ သူက တံတားလေးအဆုံးတွင် တစ်ယောက်တည်းရပ်နေပြီး သူ၏၀တ်ရုံများက လေထဲတွင် လွင့်မျောနေလေသည်။

ယန်ရွှီးနှင့် မနီးမဝေးတစ်နေရာတွင် ထျန်းမုန့်နတ်သမီး ရပ်နေလေသည်။ သူမ၏လက်ထဲတွင် ထိုက်စုနတ်ဘုရားဓားကို ကိုင်ထားလေသည်။ သူမက ခံစားချက်ပေါင်းများစွာဖြင့် ယန်ရွှီးကို စိုက်ကြည့်နေလေသည်။ သူမ၏အကြည့်တွင် အချစ်နှင့်အမုန်းများ ရောထွေးနေလေသည်။

ထိုပန်းဥယျာဉ်လေးသည် ထိုက်စုနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နေရာတစ်ခု ဖြစ်ပြီး ထျန်းမုန့်နတ်သမီးနေထိုင်သည့် နန်းဆောင်အောက်တွင် တည်ရှိလေသည်။

ထိုက်စုနတ်ဘုရားသုံးပါးနေထိုင်သည့် နတ်ဘုရားတောင်သည် ထိုလျှို့ဝှက်နေရာ၏ ညာဘက်ခြမ်းတွင်တည်ရှိလေသည်။ သို့သော် ယန်ရွှီးက ထိုက်စုနတ်ဘုရားဂိုဏ်းမှ နတ်ဘုရားသုံးပါးကို ဂရုပင်မစိုက်ပါ။

သူသည် စီးဆင်းနေသည့်ရေများထဲတွင် အရိပ်ထင်နေသည့် လရောင်ကို ငေးကြည့်နေလေသည်။ ရေထဲတွင် လမင်းက ရောင်ပြန်ဟပ်နေပြီး ကြယ်စင်တစ်ခုချင်းစီကိုတွေ့မြင်နေရလေသည်။

ထိုကြယ်စင်တစ်ခုချင်းစီတွင် တိုက်ရိုက်ဖြစ်စေ ၊ သွယ်ဝိုက်၍ဖြစ်စေ သူသတ်ဖြတ်ခဲ့သည့် လူများ၏ မျက်နှာများကို တွေ့မြင်နေရလေသည်။

သို့သော်... ထိုသို့တွေ့မြင်နေရသည့်အတွက် ယန်ရွှီးကတော့ စိတ်အနှောက်အယှက် မဖြစ်မိပါ။ သူက သူတို့ကို စိတ်တောင်၀င်စားမိသေးသည်။ ထိုသူများသည် သူ့ကို လက်စားချေချင်ကြသည့်တိုင်အောင် လက်စားချေနိုင်ကြမည်မဟုတ်ပေ။ မည်မျှပျော်စရာကောင်းလိုက်သည့်ခံစားချက်လဲလေ။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)On viuen les histories. Descobreix ara