Book 31 Chapter 421

43 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၁) တိုက်ပွဲ

အမှန်တော့ ဗလာနယ်တစ်ခု ဖန်ဆင်းပြီး တိုက်ခိုက်မှ ဖြစ်တော့မည့် အခြေအနေသို့ ရောက်ရှိသွားသည့်အတွက် ချန်ပေသိုက ဗလာနယ်တစ်ခုကို ဖန်ဆင်းလိုက်ရခြင်း ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကျုန်းစန်းတောင်တစ်ခွင်မှ သက်ရှိသတ္တဝါများမှာ သူတို့နှစ်ယောက်၏ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ဓားသိုင်းစွမ်းအားများကို မခံနိုင်ကြတော့ပေ။

ဆန်းလျန်၏ "အစမရှိ ၊ အဆုံးမရှိ" သိုင်းကွက်မှာ ချန်ပေသို၏ ဓားသိုင်းအောက်တွင် ပျောက်ဆုံးသွားရလေသည်။

ချန်ပေသို၏ ဓားသိုင်းမှာ အထွတ်ထိပ်အဆင့်သို့ရောက်ရှိနေပြီ ဖြစ်လေသည်။ ထိုသို့ ဓားတန်ခိုးစွမ်းအား မြင့်မားစေရန်အတွက် ချန်ပေသိုကလည်း ယာဇ်ပူဇော်ရာမိုးကို ရွာချပေးခဲ့ခြင်း ဖြစ်လေသည်။

ချန်ပေသိုဆိုသည်က တန်ခိုးစွမ်းအားကို ရွေးခြယ်ခဲ့သူဖြစ်ပြီး သူရွေးခြယ်ခဲ့သည့်အရာကို သူယုံကြည်လေသည်။

ဆန်းလျန်အနေဖြင့် ပြေးစရာနေရာမရှိတော့ပေ။ ထို့ကြောင့် သူကလည်း မပြေးခဲ့ပါ။

ချန်ပေသို၏ ဓားဝိညာဉ်သည် အချိန်နှင့်နေရာကို ဂရုမစိုက်ဘဲ ဒီရေကဲ့သို့ ဆန်းလျန်၏ နှလုံးသားဆီသို့ ၀င်ရောက်လာလေသည်။

ဆန်းလျန်သည် ချက်ချင်းပင် နှလုံးသားထဲတွင် ရေခဲအလင်းကို ဖန်ဆင်းလိုက်လေသည်။

ချန်ပေသို၏ ဓားဝိညာဉ်က ဆန်းလျန်၏နှလုံးသားသို့ ထိုးစိုက်မိချိန်တွင် နတ်ဘုရားထောင်ခြောက်ဓားက ဆန်းလျန်၏ မျက်ခုံးနှစ်ခုကြားသို့ ချိန်ရွယ်ထားလေသည်။

ဆန်းလျန်မှာ သူ၏မူလဝိညာဉ်ခန္ဓာ ပျောက်ကွယ်သွားတော့မည့်အလား ခံစားလိုက်ရလေသည်။

သူ၏ ဝိညာဉ်စွမ်းအားများသည် မူလဝိညာဉ်ခန္ဓာအတွင်းသို့ ၀င်ရောက်ကာ တဖြည်းဖြည်းမှေးမှိန်သွားလေသည်။

ဆန်းလျန် ပင့်သက်တစ်ချက် ရှိုက်လိုက်မိသည်။

ထိုအချိန်မှာပင်…

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now