Book 31 Chapter 422

40 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၂) ဖြတ်တောက်ခြင်း

ဆန်းလျန်၏ဘ၀တွင် မရေမတွက်နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

သို့သော်… ယခုရင်ဆိုင်နေရသော အန္တရာယ်များလှသည့် အခြေအနေမျိုးကို တစ်ခါမှ ကြုံခဲ့ဖူးခြင်း မရှိပေ။ "သေခြင်းတရား" သည် သူနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ။ သူ၏ရုပ်ခန္ဓာသည် တဖြည်းဖြည်းလဲပြိုကျနေပြီး သူ၏မူလဝိညာဉ်ခန္ဓာသည် တဖြည်းဖြည်း ပျက်ပြယ်နေခဲ့ပြီ။

သူသေဆုံးသွားသည်နှင့် သူ၏ ဒြပ်စင်ငါးပါးမှော်၀င်ဓားသည်လည်း အချိန်နှင့်နေရာအတိအကျမရှိခြင်းတွင် လွင့်မျောသွားပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

ဆန်းလျန်သည် သူတစ်ဘ၀လုံးကျင့်ကြံခဲ့သမျှ အနှစ်သာရတန်ခိုးစွမ်းအားများအားလုံးကို သူ့နှလုံးသားဆီမှ ဖော်ထုတ်လိုက်ပြီး မှော်၀င်ဓားကို တင်းကြပ်စွာ စုပ်ကိုင်ထားလေသည်။ သူသည် နောက်ဆုံးဓားသိုင်းကို ဖော်ထုတ်ချင်ခဲ့မိသေးသည်။ သို့သော်… ဖြစ်နိုင်ချေများအားလုံးကို သူပြုလုပ်ခဲ့ပြီးပြီ။

"ပြီးပြည့်စုံတယ်ဆိုတာ အပြစ်ကင်းစင်တာကိုပြောတာမဟုတ်ဘူးပဲ ၊ ပြီးပြည့်စုံတယ်ဆိုတာ အဆုံးမရှိ အသုံးပြုနိုင်ခြင်းကို ဆိုလိုတာပဲ"

ဆန်းလျန် တွေးလိုက်မိသည်။

သေခြင်းတရားကိုရင်ဆိုင်နေရသည့် နောက်ဆုံးအချိန်တွင် ဆန်းလျန်ခေါင်းထဲသို့ ၀င်လာသည့် အတွေးဖြစ်လေသည်။

ကမ္ဘာကြီးကို "ဖြစ်တည်မှု" မှ မွေးဖွားလာသည်။

"ဖြစ်တည်မှု" ဆိုသည်က "မရှိမှု" မှ လာလေသည်။

နောက်ဆုံးတော့ "မရှိမှုတရား" သည် "လွတ်လပ်ခြင်း" ပင်ဖြစ်လေသည်။

ထိုသဘောတရားသည် "ရှိခြင်းမရှိခြင်းဓားဝိညာဉ်" ၏ အခြေခံသဘောတရားပင် ဖြစ်လေသည်။

သူ၏ ဝိညာဉ်နှင့် ရုပ်ခန္ဓာသည် "ဖြစ်တည်" နေပါက သူသည် "မရှိမှုတရား" သို့ အဘယ်သို့ ပြောင်းလဲနိုင်ပါမည်နည်း။ သို့သော် "ဖြစ်တည်မှု" မှ "မရှိမှု" သို့ သွားခြင်းသည် လောကနိယာမနှင့် ဆန့်ကျင်နေလေသည်။ ဆန်းလျန်သည် သူ၏ဖြစ်တည်မှုကို "မရှိမှု" သို့ ပြောင်းလဲမည်ဆိုပါက အောင်မြင်ရန်မှာ မဖြစ်နိုင်သလောက်ရှိလေ၏။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now