Book 29 Chapter 397

65 8 0
                                    

Uni

အခန်း (၃၉၇) ကယ်တင်ရှင်
 
နောက်တစ်နေ့နံနက်…

ကျဆင်းနေသည့် နှင်းများသည် ရပ်တန့်သွားပြီ ဖြစ်လေသည်။

နှင်းကျသည်မှာ ဆယ်ရက် ပြည့်ပြီဖြစ်ပြီး ဆန်းလျန်တို့ ကျင်းကျိ တိုင်းပြည်သို့ ရောက်နေသည်မှာ ခုနစ်ရက်ရှိပြီ ဖြစ်လေသည်။

ဆီးနှင်းများ ကျဆင်းမှု ရပ်တန့်သွားသည့်တိုင် အေးစိမ့်သည့် ရာသီဥတုကတော့ ကျန်ရှိ နေသေးသည်။ သို့သော် တိုင်းသူပြည်သားများ အားလုံးမှာ အလွန်ပျော်ရွှင် နေကြလေသည်။ ဆီးနှင်းများ ကျဆင်းမှု ရပ်တန့်သွားပြီ ဖြစ်သည့်အတွက် နောက်ရက်များတွင် ဆီးနှင်းများ အရည်ပျော်သွားလျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်လေသည်။

နံနက်ခင်း နေရောင်ခြည်သည် ကောင်းကင်ထက်တွင် ထိန်ထိန်သာ နေလေသည်။

ထိုနေ့သည် ကောင်းမွန်သည့် နေ့ရက်လေး တစ်ရက် ဖြစ်လေသည်။ နှင်းများ ကျဆင်းပြီး သွားသည်နှင့် လာမည့်နှစ်တွင် သူတို့သည် အစာရေစာ ခေါင်းပါးခြင်း ရှိတော့မည် မဟုတ်ပေ။

တောင်သူ လယ်သမားများ၏ မျှော်လင့်ချက်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း "မျှော်လင့်ချက်" ဟု စဉ်းစားလိုက်မိသည်နှင့် ရင်ထဲတွင် နွေးထွေးမှုကို ခံစား လိုက်ကြရသည်။

မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင် အနည်းငယ်မျှသော မျှော်လင့်ချက် ကလေးသည်ပင်လျှင် ကောင်းမွန် လွန်းလှပေသည်။

ဆန်းလျန်သည် ခါတိုင်း နေ့များကဲ့သို့ပင် ပြည်သူများကို ရေနွေးများ ဝေငှပေးနေဆဲ ဖြစ်လေသည်။ ဆင်းရဲသားများသည် ဆန်းလျန်ထံတွင် ရေနွေးများ ယူနေကြစဉ် လမ်းမထက်မှ တူရိယာ တီးခတ်သံများ ထွက်ပေါ်လာလေသည်။

စူးဖန်းနာ့ ဧကရာဇ်မင်း၏ ကိုယ်ရံတော် တစ်ယောက်သည် ဆန်းလျန် နေထိုင်ရာ အိမ်ရှေ့သို့ ရောက်ရှိလာပြီး ဧကရာဇ်၏ အမိန့်စာကို ဖတ်ကြား လေတော့သည်။

စူးဖန်းနာ့ဘုရင်က သူ၏ ရောဂါကို ကုသပေးရန်အတွက် ဆန်းလျန်ကို ဆင့်ခေါ်သည့် အမိန့်စာ ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now