Book 30 Chapter 414

38 6 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၀)

အခန်း (၄၁၄) အတုအယောင်နှင့်အမှန်တရား

ဖန်းယန်ယင်းသည် ချန်ကျင်းချင်ကို လိုက်မမီသည့်အဆုံး တောင်ခြေသို့ ပြန်ဆင်းလာလေသည်။

သို့သော် သူမတောင်ခြေသို့မရောက်မီမှာပင် ထင်းရှူးပင်တစ်ပင်ထက်တွင် ထိုင်နေသည့် ဆန်းလျန်ကို သူမ မြင်တွေ့လိုက်ရလေသည်။

ထင်းရှူးကိုင်းထက်တွင် ထိုင်နေသည့် ဆန်းလျန်၏ ပုံစံမှာ ဒဏ္ဍာရီဆန်လွန်းလှပြီး ဝိညာဉ်ကမ္ဘာမှ နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရလေသည်။

နေထွက်လာခဲ့ပြီ….။

နေထွက်လာသည်နှင့် လရောင်က လွင့်ပြယ်သွားခဲ့ပြီ။

ရော့စွေမြစ်ရေစီးဆင်းသံသဲ့သဲ့ကိုကြားနေရပြီး ပတ်၀န်းကျင်သည် အထီးကျန်ဆန်လွန်းလှသည်။

"ယန်ယင်း ၊ မင်းကို ကိုယ်ပျောက်ဓားဝိညာဉ်သိုင်း လေ့ကျင့်ဖို့ ပြောထားတာလေ ၊ ဘာလို့ စကားနားမထောင်ဘဲ လျှောက်သွားနေရတာလဲ"

ဆရာဦးလေး၏ စကားသည် ပေါက်ကွဲသံတစ်ခုအလား ဖန်းယန်ယင်းနားတွင်းသို့ ၀င်ရောက်လာလေသည်။

"ဆရာဦးလေး ၊ ကျွန်မလေ့ကျင့်ပြီးပါပြီ"

ဖန်းယန်ယင်းက ဒြပ်စင်ငါးပါးမှော်၀င်ဓားကို ကိုင်ထားရင်း ပြောလိုက်သည်။

သူမစကားဆံးသည်နှင့် ထင်းရှူးပင်မှ အရွက်များသည် ဓားတစ်လက်ဖြင့်ထိုးခုတ်ခံလိုက်ရသည့်အလား တစ်ဖြုတ်ဖြုတ်ကြွေကျကုန်လေသည်။

ဖန်းယန်ယင်းကတော့ တည်ငြိမ်စွာဖြင့် မှော်၀င်ဓားကို သူမ၏ ရင်ပတ်ရှေ့တွင် တည့်မတ်စွာ ကိုင်ဆောင်ထားလေသည်။

ဤသည်မှာ သူက ရှိခြင်းမရှိခြင်း ဓားဝိညာဉ်ကို လေ့ကျင့်ခဲ့ကြောင်း ဆန်းလျန်ကို သက်သေပြလိုက်ခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်က သူမကိုစိုက်ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။

"မင်းအိပ်မက်ထဲမှာ ထပ်ပြီးဓားသိုင်းလေ့ကျင့်ခဲ့ပြန်ပြီ မဟုတ်လား"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now