Book 32 Chapter 445

40 6 0
                                    

Uni

အခန်း (၄၄၅) သစ်ရွက်လေးတွေထက်က မိုးရေစက်လေးတွေ


ဆန်းလျန်၏ စကားကြောင့် ပိုင်ယွိဖေးက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း...

"ဒီထက်ကောင်းတဲ့ အကြံ မရှိတော့ဘူး"

အသက်အရွယ် ကြီးရင့်လာပြီ ဖြစ်သည့်အတွက် ပိုင်ယွိဖေးသည် ယခင်ကလောက် တက်ကြွမှု သိပ်မရှိတော့ပေ။ သို့သော် တစ်ချိန်က သိုင်းလောကသား တစ်ယောက် ဖြစ်ခဲ့သည့် အချက်ကိုတော့ မပြောင်းလဲနိုင်ပေ။ သိုင်းလောကသည် ခန့်မှန်းရခက်သည့် လောကတစ်ခု ဖြစ်သည့်တိုင် သိုင်းလောကသားများသည် သိုင်းလောသားမှန်လျှင် သိုင်းလောကကို မစွန့်ခွာနိုင်ကြပေ။

တစ်ချိန်က သိုင်းလောကတွင် နာမည်တစ်လုံးဖြင့် အောင်မြင် ကျော်ကြား ခဲ့မှုများသည် သိုင်းလောကသားတိုင်း၏ နှလုံးသားကို ပီတိ ဖြစ်စေလေသည်။

ပိုင်ယွိဖေးသည် ထင်းစည်းကို ပခုံးထက်တွင် ထမ်းလိုက်ပြီး ဆန်းလျန်ကို ချင်းရှဝတ် ကျောင်းတော် အတွင်းသို့ ခေါ်လာလေသည်။ ဝတ်ကျောင်းတော် အတွင်းထဲတွင် အလွန်မှ သန့်ရှင်း သပ်ရပ်နေပြီး ထင်းများကိုလည်း စီစီရီရီဖြင့် သပ်ရပ်စွာ ပုံထားလေသည်။ ဝတ်ကျောင်းတော် ခန်းမ အတွင်းရှိ ပရိဘောဂများမှာလည်း ဆန်းလျန် နောက်ဆုံး တစ်ကြိမ် နေထိုင်ခဲ့စဉ်က အတိုင်းပင် မပြောင်းမလဲ တည်ရှိနေလေသည်။ ပိုင်ယွိဖေးသည် ချင်းရှ ဝတ်ကျောင်းတော်ကို အသေးစိတ် ဂရုစိုက်ပြီး ပြုပြင်ထားခဲ့ဟန် ရှိလေသည်။

ပိုင်ယွိဖေးသည် ချင်းရှဝတ် ကျောင်းတော်ကို အဘယ်ကြောင့် ထိုသို့ ဂရုတစိုက် ပြုပြင် ထားခဲ့ရပါသနည်။

သူ့စိတ်ထဲတွင် တစ်နေ့သော အခါတွင်တော့ ဆန်းသခင်လေးသည် ချင်းရှဝတ် ကျောင်းတော်သို့ ကျင့်စဉ် ကျင့်ကြံရန် ပြန်လာလိမ့်မည်ဟု မျှော်လင့် ထားမိလေသည်။ ထိုသို့ ဆန်းသခင်လေး ပြန်လာသည့် အချိန်တွင် ပျက်စီးနေသည့် ချင်းရှဝတ် ကျောင်းတော်ကို သူက မတွေ့မြင် စေချင်မိပေ။

သို့သော်... ထိုအကြောင်းများကို ပိုင်ယွိဖေးက ဆန်းလျန် အပါအဝင် မည်သူ့ကိုမှ ပြောကြားခဲ့ခြင်း မရှိပါ။ ထို့ကြောင့် မည်သူကမှလဲ သိရှိခြင်း မရှိပေ။ အမှန်တော့ သူ့ဘဝတွင် အလေးစားဆုံး ပုဂ္ဂိုလ် တစ်ယောက်ကို ပြပါဆိုလျှင် ဆန်းလျန်သာ ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည် သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီး သူ့ဘဝကို ငြိမ်းချမ်းစေခဲ့သူ ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now