Book 33 Chapter 460

30 4 1
                                    

Uni

အခန်း (၄၆၀) ပန်းချီကားထဲက တာအိုဆရာ

"ရှေ့ကို ခြေလှမ်းငါးလှမ်းလှမ်းလိုက်၊ တစ်လှမ်းမှ မလျော့စေနဲ့၊ တစ်လှမ်းမှလည်း မပိုစေနဲ့"

ဆန်းလျန်က ဟန်ယင်းကို ပြောလိုက်သည်။

ဟန်ယင်းမှာ ကြောက်ဒူးတုန် နေသည့်တိုင် နှစ်ပေါင်းများစွာ လေ့ကျင့်ထားသည့် ညစစ်သည် တစ်ယောက်ဖြစ်သည့် အတွက် တိကျသည့် ခြေလှမ်းငါးလှမ်းကို အပိုအလိုမရှိ လှမ်းလိုက်လေသည်။

ကျားနက်ကြီးမှာ ဧရာမစပါးအုံး မြွေကြီးက တင်းကြပ်စွာ ရစ်ပတ်ထားသည့် အတွက် လှုပ်မရတော့သည့်တိုင် ရုန်းကန်နေဆဲ ဖြစ်လေသည်။

မြွေကြီးက ဆန်းလျန်တို့ ရောက်လာသည်ကို တွေ့သော်လည်း အရေးပင် မလုပ်ပေ။ သူက ထိုလူသားများမှာ သူ့ကို နာကျင်အောင် လုပ်နိုင်မည် မဟုတ်ဟု ထင်မှတ်ထားလေသည်။

သို့သော် ကျားနက်ကြီးကတော့ အန္တရာယ်ကောင် ဖြစ်လေသည်။

ဟန်ယင်းက ခြေလှမ်း ငါးလှမ်း လှမ်းပြီးသွားသည်နှင့် ဆန်းလျန်က သူ၏ ကြယ်စင်ရောင် တောက်ပ နေသည့် မျက်ဝန်းများဖြင့် မြွေကြီးကို စိုက်ကြည့် လိုက်လေသည်။

စပါးအုံးမြွေကြီးမှာ သေတော့မည်ကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက် တောင့်တင်း သွားလေသည်။ လှုပ်ရှားမှုလည်း မပြုလုပ်နိုင်တော့ပေ။

အကြည့်တစ်ချက်သည် ထိုမျှ စွမ်းအား ကြီးလိမ့်မည်ဟု မြွေကြီးမှာ ထင်မှတ်မထားမိပေ။ သူ၏ ဆရာပင်လျှင် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်း မရှိပေ။

"မင်း ဘယ်လိုလုပ် လူသား အသွင် ပြောင်းနိုင်တာလဲ"

ဆန်းလျန်က မြွေကြီးကို စိုက်ကြည့်ရင်း မေးလိုက်သည်။

မြွေကြီး၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်ခါသွားလေသည်။ ဆန်းလျန် မေးသည့် မေးခွန်းကို သူက ပြန်ဖြေရန်အတွက် ပါးစပ်ကို ဟလိုက်သည့်တိုင် အသံတစ်သံမှ ထွက်မလာပေ။ သို့သော် ဆန်းလျန်ကတော့ မြွေကြီး၏ အတွေးများကို သိနိုင်သူ တစ်ယောက် ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now