Book 32 Chapter 446

36 4 1
                                    

Uni

အခန်း (၄၄၆) အချိန်တွေ အကုန်မြန်လိုက်တာ

ပိုင်ယွိဖေးသည် အိပ်ပျော်နေရာမှ နိုးလာသည့် အခါတွင်တော့ စားပွဲထက်မှ ကဗျာလေးကို စိုက်ကြည့် နေမိလေသည်။

ထိုကဗျာလေးကို ဖတ်ရင်း သူ၏ စိတ်ထဲတွင် ဝမ်းနည်းခြင်းကို ခံစားလိုက်ရသလို စိတ်သက်သာရာလည်း ရသွားခဲ့ လေသည်။

ထိုကဗျာလေးထဲတွင် ဆန်းလျန်၏ အတွေ့အကြုံနှင့် ခံစားချက်များကို မြင်တွေ့ နေရလေသည်။

နောက်ဆုံးတော့ နတ်ဘုရားများ ဆိုသည်ကလည်း လူသားများပင် မဟုတ်ပါလား။ ဘဝသံသရာ ပင်လယ်ကြောတွင် ရုန်းမထွက်နိုင်ကြဘဲ နစ်မွမ်း နေကြဆဲပင် ဖြစ်လေသည်။

ပိုင်ယွိဖေးသည် စားပွဲကို ကောက်မလိုက်လေသည်။ သို့သော် ထိုစားပွဲကို မည်သည့်နေရာသို့ ရွှေ့ထားရမည်ကိုလည်း မသိ ဖြစ်နေရလေသည်။ နောက်ဆုံးတွင်တော့ မူလနေရာတွင်ပင် ပြန်ချ ထားလိုက်လေတော့သည်။

သူက ထိုကဗျာလေးကို ဖျက်ပစ်ချင်စိတ်လည်း မရှိသလို ဂါထာတစ်ပုဒ်လို ရွတ်ဖတ် နေချင်စိတ်လည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဗျာလေးထဲတွင် ဆန်းလျန်၏ ကြေကွဲခြင်းများကို မြင်တွေ့ နေရသောကြောင့် ဖြစ်လေသည်။

နောက်ပိုင်းတွင်တော့....

ပိုင်ယွိဖေးသည် လယ်တောသူ မိန်းမပျို တစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး သားသမီးများစွာ ထွန်းကား ခဲ့လေသည်။ သူက ဆန်းလျန် ပြောပြသည့် ဆန်းလျန်၏ ဘဝဇာတ်လမ်းများကို သူ၏ ကလေးများကို ပုံပြင်အဖြစ် ပြန်ပြောပြလေ့ ရှိလေသည်။

ထိုပုံပြင်များသည် မျိုးဆက် တစ်ခုမှတစ်ခုသို့ လက်ဆင့်ကမ်းသွားပြီး ဆန်းလျန်သည် ဒဏ္ဍာရီသဖွယ် ထင်ကျန်ရစ် လေတော့သည်။

ဆီးနှင်းမိုးများ ရွာသွန်းခြင်း မရှိသည့်တိုင် ကျီဖူတောင်ထိပ်ရှိ မြင်ကွင်းကတော့ အလွန်မှ ထူးခြားစွာ လှပ လွန်းလေသည်။

နှင်းပွင့်လေးများက အနည်းငယ် ကျဆင်းနေပြီး ပန်းများက လှပစွာ ပွင့်လန်း နေကြလေသည်။ ကျီဖူတောင်ထိပ်တွင် ယင် နှင့် ယန်သည် သဟဇာတ ဖြစ်လျက် ရှိလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now