Book 31 Chapter 426

36 4 0
                                    

Uni

ချင်းရွှမ်လမ်းစဉ် ဆရာသခင် (စာစဉ် - ၃၁)

အခန်း (၄၂၆) ဂိုဏ်းတူအစ်ကို အပြင်ထွက်လို့မရဘူးလေ

"မင်းသဘောတူပြီးမှတော့ နောက်ပြန်ဆုတ်လို့မရတော့ဘူးလေ ၊ ပြီးတော့…"

ဆန်းလျန်က နူးညံ့စွာ ပြောလိုက်သည်။

"ပြီးတော့ ဘာဖြစ်သလဲ…"

ဆန်းလျန်က ရေနဂါးကြီးကို ဖိနှိပ်ထားသည့် ဖိအားကို ဖယ်ရှားလိုက်သည့်အတွက် ရေနဂါးကြီးမှာ စကားပြော၍ ရလာလေသည်။

ဆန်းလျန်က ရေနဂါးကြီး၏ တစ်ဖက်ပြတ်နေသည့်ဦးချိုကို အသာပွတ်သပ်လိုက်ရင်း…

"နဂါးအသားက အရသာရှိတယ်လို့ ကြားဖူးတယ် ၊ မင်းစကားမတည်ဘူးဆိုရင် နဂါးအသားဘယ်လိုအရသာရှိလဲဆိုတာ သိရအောင် မင်းကို ချက်စားပစ်လိုက်မယ် ၊ မင်းက နဂါးအစစ်မဟုတ်ပေမယ့်လည်း အသားကတော့ ဆိုးမယ်မထင်ပါဘူးလေ"

ဆန်းလျန်သည် ရေနဂါးကြီးကို စကားပြော၍ရအောင် ထိန်းချုပ်မှုဖယ်ရှားပေးလိုက်သော်လည်း ရေနဂါးကြီး လွတ်လွတ်လပ်လပ် လှုပ်ရှား၍မရအောင်တော့ ဖိနှိပ်ထားဆဲ ဖြစ်လေသည်။

ရေနဂါးကြီးမှာ ဆန်းလျန်၏ရှေ့တွင် ရေမြွေလေးအလား ပြားပြား၀ပ်နေရလေသည်။

ရေနဂါးကြီးမှာ နဂါးမျိုးရိုးမှဆင်းသက်လာသော်လည်း ဆန်းလျန်ပြောစကားကိုကြားသည်နှင့် သူက ဆန်းလျန်ကို ကလန်ကဆန်လုပ်ရန် မစဉ်းစားတော့ပေ။

ရေနဂါးကြီးက ချက်ချင်းပင် ပြောလိုက်သည်။

"သခင် ၊ ဒီနဂါးလေးက ကတိဖျက်မှာမဟုတ်ပါဘူး"

"အင်း… ဟုတ်ပြီလေ ၊ ဒါနဲ့ မင်း ကျုန်းစန်းတောင်အထိရောက်လာတာ တော်တော်တော့ သတ္တိကောင်းတာပဲ"

ဆန်းလျန်က ပြောလိုက်သည်။

"မင်းလို ထူးထူးဆန်းဆန်းအကောင်မျိုး ဒီနေရာမှာ ရောက်နေမယ်မှန်းသိရင် ကျုပ် ကျုန်းစန်းတောင်ကို မလာခဲ့ပါဘူးကွာ"

ထိုစကားကိုတော့ ရေနဂါးကြီးက စိတ်ထဲမှသာ ပြောလိုက်မိခြင်း ဖြစ်လေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now