Book 34 Chapter 474

13 1 0
                                    

Uni

အခန်း (၄၇၄) တိချိုးမြို့တော်

ချန်ချင်နှင့် သူမ၏ စစ်သည်တော်များသည်လည်း မနေ့ညက ရှီးလျန်မြို့တော်သို့ အမီပြန်လာသည့်တိုင် သဘာဝဘေးဆိုး၏ အဖျားခတ်မှုကို ခံစားခဲ့ကြရသေးသည်။ နံနက်ပိုင်းတွင်တော့ အခြေအနေကို စုံစမ်းရန်လွှတ် လိုက်သည့် ကင်းထောက် တစ်ယောက် ပြန်ရောက်လာပြီး တာ့ရှီစစ်တပ်၏အဖြစ်ဆိုးကို သတင်းပို့ခဲ့လေသည်။ ချန်ချင်သခင်မနှင့် သူမ၏ စစ်သည်တော်များသည် ကြားရသည့် သတင်းအတွက် များစွာ တုန်လှုပ်ခဲ့ရလေသည်။ မနေ့ညက သူတို့သာ အလျင်အမြန် ပြန်လာခဲ့ခြင်း မရှိလျှင် သူတို့သည်လည်း ဘေးအန္တရယ်ဆိုးနှင့် ကြုံကာ ပျက်စီး ကြရမည် ဖြစ်လေသည်။

အဝေး တစ်နေရာတွင် ဆန်းလျန်သည် ရှောင်ခယ်နှင့် အတူ ကျားနက်ကြီးကို စီးကာ ရှီးလျန်မြို့တော်သို့ လာနေသည်ကို ချန်ချင်သခင်မ တွေ့မြင်လိုက်ရလေသည်။

ကျားနက်ကြီးကို စီးနှင်လာသည့် ဆန်းလျန်သည် ချန်ချင်သခင်မနှင့် အမျိုးသမီး စစ်သည်တော်များ ရှေ့တွင် ရပ်တန့် လိုက်သည်။

"မေမေ..."

ရှောင်ခယ်က ချစ်စရာ ကောင်းသည့် အသံလေးဖြင့် သူမ၏မိခင်ကို လှမ်းခေါ်လိုက်သည်။

ချန်ချင်သည် မြို့တော် သခင်မတစ်ပါး၏ သိက္ခာကိုပင် မငဲ့နိုင်တော့ဘဲ သမီးငယ်ကို သွားရောက် ပွေ့ချီလိုက်လေ သည်။ ထို့နောက် ဆန်းလျန်ကို တစ်ချက်ကြည့်လိုက်ရင်း...

"သား... ဘာလို့ တောင်ပေါ်က ဆင်းလာရတာလဲ"

"ကျွန်တော် ခရီးရှည်တစ်ခု ထွက်ဖို့ရှိတယ်၊ ဒါကြောင့် ညီမလေးကို အမေ့ဆီ ပြန်လာပို့တာ"

ချန်ချင်သည် ယမံနေ့ညက အကြောင်းများကို ပြန်စဉ်းစားလိုက်မိရင်း သက်ပြင်း တစ်ချက် ချလိုက်လေသည်။

"သားလုပ်မယ့် အလုပ်ကို ဘယ်သူက တားဆီးနိုင်မှာတဲ့လဲ၊ ခုစစ်ပွဲလည်း အဆုံးသတ် သွားပြီဆိုတော့ ရှီးလျန်လည်း အန္တရာယ် ကင်းသွားပါပြီး၊ သားကို အမေ မတားတော့ပါဘူးကွယ်"

"ကျွန်တော် ခရီးထွက်နေတုန်းမှာ လျိုမုန့်တယ်ဆိုတဲ့ တာအိုဆရာကို တောင်ပေါ်က ရွှမ်တုကျောင်းတော်မှာ အစောင့်ထားခဲ့တယ်၊ အမေအခက်အခဲ တစ်ခုခုကြုံရရင် အဲဒီတာအိုဆရာဆီ လူလွှတ်ပြီး အကူအညီတောင်းလို့ ရပါတယ်"

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Where stories live. Discover now