Unicode
မနက်ခင်းနေရောင်ခြည်နွေးနွေးကိုခံစားမိတာကြောင့် တိမ်လွှာထက်ယံ မျက်လုံးဖွင့်ကြည့်လိုက်တော့ ကုတင်ဘေးကနေသူ့ကိုရပ်ကြည့်နေတဲ့ မင်းအက္ခရာကိုတွေ့လိုက်ရသည်။
"အင်းးးးး နိုးနေတာကြာပြီလား"
"မကြာသေးဘူး ယံလေးခါတိုင်းဒီလောက်မအိပ်သလိုဘဲ"
"ဘယ်လိုသိတာလဲ"
"ဘာကိုလဲ?"
"ဒီချိန်ထိမအိပ်တာကိုလေ"
ကုတင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ခေါင်းအုံးကိုပေါင်ပေါ်တင်ကာ သူ့ကိုမျက်လုံးတောက်တောက်လေးတွေနဲ့ကြည့်နေတဲ့ယံလေးကြောင့် ခရာရင်ခုန်ရပြန်သည်။
"အဲ့ဒါက....အဟမ်း ခါတိုင်းဒီအချိန်ဆိုကိုယ့်အတွက်မနက်စာတောင်လုပ်ပေးပြီးပြီလေ"
ငေးကြည့်နေမိတာကြောင့် အရှက်ပြေချောင်းဟန့်ပြီးမှဖြေရသည်။ အခုရက်ပိုင်းအရင်နဲ့မတူဘဲချစ်စရာကောင်းလာတာ သူများမြင်မှာတောင်ဝန်တိုနေရလေသည်။
"အာ.....ဟုတ်သားပဲ ခုသွားလုပ်ပေးမယ်နော်"
ကုတင်ပေါ်ကအမြန်ပြေးဆင်းပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့ကောင်လေးကိုကြည့်ပြီး သူ့လုပ်ရပ်တွေကို နောင်တရနေရလေသည်။ အရင်ကတည်းက ခရာ့ဝိယာဝိစ္စအကုန်မငြီးမငြူလုပ်ပေးတတ်သလို သွေးမတော်သားမစပ်တဲ့ အိန္ဒြာလေးကိုလဲသမီးအရင်းလိုစောင့်ရှောက်ပေးသည်။ ဒီကောင်လေးရဲ့ဖြူစင်တဲ့စိတ်ထားလေးကိုသူဘာကြောင့်မမြင်ခဲ့ရပါလိမ့်။
မင်းအက္ခရာcompanyသွားတာနဲ့ ဒီဇိုင်းတွေကိုသာစိတ်နစ်ပြီးဆွဲနေလိုက်သည်။ နေ့လည်လောက်ရောက်မှနေ့လည်စာချက်ပြုတ်ပြီး companyကိုလိုက်သွားသည်။ အားလျန်ရဲ့ပြောပြချက်အရဆို ဒီနေ့အခြေအနေက ကစားလို့ကောင်းမယ့်အနေအထားဖြစ်သည်။ companyရောက်တော့ မင်းအက္ခရာရဲ့ရုံးခန်းကိုသာတန်းသွားလိုက်သည်။
အရင်တစ်ခါပြဿနာတက်ပြီးကတည်းကသူ့ကိုမင်းအက္ခရာနဲ့လက်ထက်ထားတဲ့သူဆိုတာသိသွားတာကြောင့် ဘယ်သူကမှမတားရဲပေ။
"ကို ကိုဘာတွေဖြစ်နေရတာလဲ ဘာကိုတွေဝေနေတာလဲ အဲ့ကောင်ကကို့လုပ်စာကပ်စားနေတဲ့သူပဲဟာ လျော်ကြေးပေးပြီးမောင်းထုတ်လိုက်ရင်ရတာပဲ"
"နောက်မှပြောမယ် ငါအခုမအားဘူး"
ရုံးခန်းထဲမဝင်ခင်အတွင်းထဲကနေကြားလိုက်ရတဲ့အသံကြောင့်အခြေအနေကိုခန့်မှန်းမိလိုက်သည်။
"လျော်ကြေး? ဘာအတွက်လဲ ကွာရှင်းဖို့လား"
"ယံလေး!!"
"ကျွန်တော်ခင်ဗျားကိုမမေးဘူးမင်းအက္ခရာ ကျေးဇူးပြုပြီးဝင်မပါပါနဲ့"
"....."
"အစ်မပြောတာ ကျွန်တော်ကလျော်ကြေးယူပြီးထွက်သွားပေးရမှာလား"
"သိပ်ဟုတ်တာပေါ့ တို့မှာကိုယ်ဝန်ရှိနေပြီ ဒီတော့မင်းက ကို့ကိုကွာရှင်းပေး"
"ကိုယ်ဝန် အဟက်! ကိုမင်းအက္ခရာ ဒီကိစ္စကို အိမ်မှာရှင်းကြတာပေါ့ ညနေစောပြန်ခဲ့ပါ ခင်ဗျားမိန်းမကိုလဲခေါ်လာခဲ့ပေါ့"
ဒုန်းးးးးးးးးး
*အားလျန် အခုလာစမ်း!*
[ခညာ လာလို့ရဝူးလေ Hostအိမ်ပြန်ခဲ့]
*အေး အိမ်ရောက်ရင်မင်းနာဖို့ပြင်ထား*
ယူလာတဲ့ထမင်းချိုင့်ကို မင်းအက္ခရာရဲ့ရုံးခန်းရှေ့ထားခဲ့လိုက်ပြီး အိမ်ကိုသာပြန်လာခဲ့လိုက်တော့သည်။ အိမ်ရောက်တော့ ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ မင်းအိန္ဒြာယံကိုတွေ့လိုက်ရသည်။
"အားလျန် မင်းငါ့ကိုပြောတဲ့ထဲ ကိုယ်ဝန်ရှိနေတာမပါဘူး ဘာလို့ဟိုမိန်းမကကိုယ်ဝန်ရှိနေတာလဲ"
"မင်းအက္ခရာကမြင်းကြောထထားတာနေမှာပေါ့လို့"
"တယ်! ငါလုပ်လိုက်ရ အဲ့ကိစ္စစုံစမ်းပေး ဟိုကင်မရာကိစ္စရော"
"အဲ့ဒါက ဒီလိုရှိတယ်Host....."
"ဟုတ်ပြီ လောလောဆယ် ငါ့ကိုတစ်ခုကူညီ"
"ဘာလုပ်ပေးရမလဲ"
"မင်းရဲ့မူလပုံစံခဏပြောင်းပေး"
"ဗျာ!!!"
"အခု!"
အားလျန် သူ့Hostဘာလုပ်ချင်နေတာလဲနားမလည်ပေမဲ့ မူလပုံစံကိုပြောင်းလိုက်သည်။ ရုတ်တရက်သူ့ကိုဖက်လိုက်တဲ့ Hostကြောင့်ကြောင်အသွားပေမဲ့ အိမ်ထဲဝင်လာတဲ့မင်းအက္ခရာကိုတွေ့လိုက်တော့နားလည်သွားတော့သည်။
[*Hostကငါ့ကိုသေတွင်းတူးပေးနေတာပဲ*]
မင်းအက္ခရာ companyကနေဒေါသတကြီးထွက်သွားတဲ့ယံလေးကြောင့်ပြေးလိုက်လာမိသည်။ အိမ်ရောက်တော့ကောင်လေးတစ်ယောက်နဲ့ဖက်နေတဲ့ယံလေးကိုတွေ့တော့စိတ်တိုသွားပြီး ထိုကောင်လေးရင်ခွင်ထဲကယံလေးကိုဆွဲထုတ်ကာ သူ့ရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့ရုန်းကန်နေတဲ့ယံလေးကြောင့်ပုခုံးပေါ်ထမ်းတင်လိုက်ပြီး အပေါ်ထပ်ကအိပ်ခန်းဆီခေါ်လာခဲ့လိုက်သည်။ ကျန်ခဲ့တဲ့အားလျန်မှာတော့ အမြန်ပင်မင်းအိန္ဒြာယံရဲ့ကိုယ်ထဲပြန်ဝင်နေလိုက်ရတော့သည်။
"ယံလေး မင်းကကိုယ့်ရဲ့ကာမပိုင်ယောကျာ်းဆိုတာမသိဘူးလား"
"အဲ့ဒါခင်ဗျားကိုမေးရမှာ ခင်ဗျားသာကျွန်တော့်ကိုယူထားပြီး တစ်ခြားမိန်းမနဲ့ဖြစ်ချင်တိုင်းဖြစ်နေတာ ကွာမယ် ခင်ဗျားနဲ့ကွာမယ်"
အခန်းထဲရောက်တာနဲ့ တိမ်လွှာထက်ယံရဲ့ကိုယ်လေးကို ကုတင်ပေါ်ပစ်တင်ပြီး သူ့ခါးပတ်ကိုဆွဲဖြုတ်ကာလက်နှစ်ဖက်ကိုချည်နှောင်ထားလိုက်တော့သည်။
"ဘာလုပ်တာလဲ လွှတ်ပေး"
"မလွှတ်ပေးဘူး မင်းကိုလဲကွာမပေးနိုင်ဘူး"
"ကွာမယ်ခင်ဗျားတို့က ကလေးတောင်ရနေပြီ ကျွန်တော်ဆက်မပေါင်းဘူးကွာပေး"
ပြောနေရင်း ဝမ်းနည်းလာကာ ထိုင်ငိုချလိုက်မိတော့ မင်းအက္ခရာကျစ်သတ်လိုက်ပြီး သူ့ရှေ့ဒူးထောက်ချလိုက်သည်။
"ကိုယ်အဲ့ကိစ္စကိုင်တွယ်ပါ့မယ် အဲ့ဒီကိုယ်ဝန်က ကိုယ်နဲ့ရတာမဟုတ်ဘူးဆိုတာသာ ယံလေးကယုံကြည်ပေးပါ"
ဘာမှမပြောဘဲ ငိုနေတဲ့ယံလေးကြောင့် ယံလေးခြေထောက်နုနုလေးကိုကိုင်လိုက်ပြီး ခြေဖမိုးနုနုကိုအနမ်းပေးလိုက်တော့ မျက်ရည်ဝိုင်းနေတဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကြည့်လာသည်။
"ယုံပါကလေး ကိုယ်သူနဲ့စည်းမကျော်ခဲ့ဘူး ကိုယ်သူနဲ့တွဲတာ ယံလေးဆီကအာရုံစိုက်မှုရချင်ရုံပါ ကိုယ်ထိတွေ့ချင်တဲ့သူကလဲယံလေးပါ ကိုယ့်ကိုယုံပါ"
"ဟင့်~ ဘယ်လိုဖြေရှင်းကြမှာလဲ"
"ကိုယ့်ကိုယ်ယုံ ဟုတ်ပြီလား"
"အွန်း~"
"ဒါနဲ့အစောကကောင်လေးကဘယ်သူလဲ"
"သူက ယံလေးသူငယ်ချင်း ယံလေးဝမ်းနည်းနေလို့ရင်ဖွင့်ချင်လို့ခေါ်လိုက်တာ"
"မဖက်ရဘူး နောက်ကိုကိုယ်နဲ့သမီးကလွှဲရင်ဘယ်သူ့မှမဖက်ရဘူး"
"အွန်း"
"လိမ္မာတယ် ကိုယ်အခုအပြင်ခဏသွားလိုက်အုံးမယ်"
"လက်ကခါးပတ်ဖြေပေးခဲ့လေ"
"No...ကလေး တစ်ခြားသူကိုဖက်လို့အပြစ်ပေးတာ ကိုယ်ပြန်လာတဲ့အထိအဲ့အတိုင်းလေးထိုင်နေ"
မင်းအက္ခရာထွက်သွားတော့မှ အားလျန်ကိုလှမ်းခေါ်ရသည်။
*အားလျန်*
"လာပြီ Host"
တံခါးဖွင့်ကာဝင်လာသည့် အိန္ဒြာက ကုတင်နားထိပြေးလာပြီး ကုတင်ပေါ်ခုန်တက်ကာ သူ့ဘေးဝင်ထိုင်နေသည်။
"စောဏကပြောထားတာတွေ recordယူထားပြီး ဟိုမိန်းမဆီပို့ပေး ငါ့ကိုပဲထိတွေ့ချင်တာပါဆိုတဲ့အထိပဲ"
"ဟုတ် ကြိုးတွေဖြေအုံးမလားHost"
"မဖြေတော့ဘူး မင်းနားတော့အားလျန်
ငါ့အတွက်လဲဆေးကြိုပြင်ထားပေး"
"ဟီးးးး ဟုတ်Host"
အားလျန်ထွက်သွားမှ ကုတင်ပေါ်လှဲချလိုက်ကာ ခဏလောက်အနားယူနေလိုက်တော့သည်။
//////
ဆက်ရန်
ကောရေးတဲ့ Ficက Perfectမဖြစ်နိုင်တာသိပါတယ် အခုမှစရေးတာမို့ လိုအပ်ချက်တွေရှိနေတယ် အကယ်၍ အဆင်မပြေတာရှိခဲ့ရင်ကောကိုလာပြောနိုင်ပါတယ် အသုံးအနှုန်းတော့ယဥ်ကျေးပေးပါ။
ကောမရိုင်းတတ်ဘူး ဒါ့ပေမဲမယဥ်ကျေးတဲ့သူတွေအတွက်လဲ ယဥ်ကျေးမပေးတတ်ဘူး။
Wang Mei Lian
Zawgyi
မနက္ခင္းေနေရာင္ျခည္ေႏြးေႏြးကိုခံစားမိတာေၾကာင့္ တိမ္လႊာထက္ယံ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ ကုတင္ေဘးကေနသူ႔ကိုရပ္ၾကည့္ေနတဲ့ မင္းအကၡရာကိုေတြ႕လိုက္ရသည္။
"အင္းးးးး ႏိုးေနတာၾကာၿပီလား"
"မၾကာေသးဘူး ယံေလးခါတိုင္းဒီေလာက္မအိပ္သလိုဘဲ"
"ဘယ္လိုသိတာလဲ"
"ဘာကိုလဲ?"
"ဒီခ်ိန္ထိမအိပ္တာကိုေလ"
ကုတင္ေပၚမွာ တင္ပလႅင္ေခြထိုင္ၿပီး ေခါင္းအုံးကိုေပါင္ေပၚတင္ကာ သူ႔ကိုမ်က္လုံးေတာက္ေတာက္ေလးေတြနဲ႔ၾကည့္ေနတဲ့ယံေလးေၾကာင့္ ခရာရင္ခုန္ရျပန္သည္။
"အဲ့ဒါက....အဟမ္း ခါတိုင္းဒီအခ်ိန္ဆိုကိုယ့္အတြက္မနက္စာေတာင္လုပ္ေပးၿပီးၿပီေလ"
ေငးၾကည့္ေနမိတာေၾကာင့္ အရွက္ေျပေခ်ာင္းဟန႔္ၿပီးမွေျဖရသည္။ အခုရက္ပိုင္းအရင္နဲ႔မတူဘဲခ်စ္စရာေကာင္းလာတာ သူမ်ားျမင္မွာေတာင္ဝန္တိုေနရေလသည္။
"အာ.....ဟုတ္သားပဲ ခုသြားလုပ္ေပးမယ္ေနာ္"
ကုတင္ေပၚကအျမန္ေျပးဆင္းၿပီး ေရခ်ိဳးခန္းထဲေျပးဝင္သြားတဲ့ေကာင္ေလးကိုၾကည့္ၿပီး သူ႔လုပ္ရပ္ေတြကို ေနာင္တရေနရေလသည္။ အရင္ကတည္းက ခရာ့ဝိယာဝိစၥအကုန္မၿငီးမျငဴလုပ္ေပးတတ္သလို ေသြးမေတာ္သားမစပ္တဲ့ အိျႏၵာေလးကိုလဲသမီးအရင္းလိုေစာင့္ေရွာက္ေပးသည္။ ဒီေကာင္ေလးရဲ႕ျဖဴစင္တဲ့စိတ္ထားေလးကိုသူဘာေၾကာင့္မျမင္ခဲ့ရပါလိမ့္။
မင္းအကၡရာcompanyသြားတာနဲ႔ ဒီဇိုင္းေတြကိုသာစိတ္နစ္ၿပီးဆြဲေနလိုက္သည္။ ေန႔လည္ေလာက္ေရာက္မွေန႔လည္စာခ်က္ျပဳတ္ၿပီး companyကိုလိုက္သြားသည္။ အားလ်န္ရဲ႕ေျပာျပခ်က္အရဆို ဒီေန႔အေျခအေနက ကစားလို႔ေကာင္းမယ့္အေနအထားျဖစ္သည္။ companyေရာက္ေတာ့ မင္းအကၡရာရဲ႕႐ုံးခန္းကိုသာတန္းသြားလိုက္သည္။
အရင္တစ္ခါျပႆနာတက္ၿပီးကတည္းကသူ႔ကိုမင္းအကၡရာနဲ႔လက္ထက္ထားတဲ့သူဆိုတာသိသြားတာေၾကာင့္ ဘယ္သူကမွမတားရဲေပ။
"ကို ကိုဘာေတြျဖစ္ေနရတာလဲ ဘာကိုေတြေဝေနတာလဲ အဲ့ေကာင္ကကို႔လုပ္စာကပ္စားေနတဲ့သူပဲဟာ ေလ်ာ္ေၾကးေပးၿပီးေမာင္းထုတ္လိုက္ရင္ရတာပဲ"
"ေနာက္မွေျပာမယ္ ငါအခုမအားဘူး"
႐ုံးခန္းထဲမဝင္ခင္အတြင္းထဲကေနၾကားလိုက္ရတဲ့အသံေၾကာင့္အေျခအေနကိုခန႔္မွန္းမိလိုက္သည္။
"ေလ်ာ္ေၾကး? ဘာအတြက္လဲ ကြာရွင္းဖို႔လား"
"ယံေလး!!"
"ကြၽန္ေတာ္ခင္ဗ်ားကိုမေမးဘူးမင္းအကၡရာ ေက်းဇူးျပဳၿပီးဝင္မပါပါနဲ႔"
"....."
"အစ္မေျပာတာ ကြၽန္ေတာ္ကေလ်ာ္ေၾကးယူၿပီးထြက္သြားေပးရမွာလား"
"သိပ္ဟုတ္တာေပါ့ တို႔မွာကိုယ္ဝန္ရွိေနၿပီ ဒီေတာ့မင္းက ကို႔ကိုကြာရွင္းေပး"
"ကိုယ္ဝန္ အဟက္! ကိုမင္းအကၡရာ ဒီကိစၥကို အိမ္မွာရွင္းၾကတာေပါ့ ညေနေစာျပန္ခဲ့ပါ ခင္ဗ်ားမိန္းမကိုလဲေခၚလာခဲ့ေပါ့"
ဒုန္းးးးးးးးးး
*အားလ်န္ အခုလာစမ္း!*
[ခညာ လာလို႔ရဝူးေလ Hostအိမ္ျပန္ခဲ့]
*ေအး အိမ္ေရာက္ရင္မင္းနာဖို႔ျပင္ထား*
ယူလာတဲ့ထမင္းခ်ိဳင့္ကို မင္းအကၡရာရဲ႕႐ုံးခန္းေရွ႕ထားခဲ့လိုက္ၿပီး အိမ္ကိုသာျပန္လာခဲ့လိုက္ေတာ့သည္။ အိမ္ေရာက္ေတာ့ ဧည့္ခန္းမွာထိုင္ေစာင့္ေနတဲ့ မင္းအိျႏၵာယံကိုေတြ႕လိုက္ရသည္။
"အားလ်န္ မင္းငါ့ကိုေျပာတဲ့ထဲ ကိုယ္ဝန္ရွိေနတာမပါဘူး ဘာလို႔ဟိုမိန္းမကကိုယ္ဝန္ရွိေနတာလဲ"
"မင္းအကၡရာကျမင္းေၾကာထထားတာေနမွာေပါ့လို႔"
"တယ္! ငါလုပ္လိုက္ရ အဲ့ကိစၥစုံစမ္းေပး ဟိုကင္မရာကိစၥေရာ"
"အဲ့ဒါက ဒီလိုရွိတယ္Host....."
"ဟုတ္ၿပီ ေလာေလာဆယ္ ငါ့ကိုတစ္ခုကူညီ"
"ဘာလုပ္ေပးရမလဲ"
"မင္းရဲ႕မူလပုံစံခဏေျပာင္းေပး"
"ဗ်ာ!!!"
"အခု!"
အားလ်န္ သူ႔Hostဘာလုပ္ခ်င္ေနတာလဲနားမလည္ေပမဲ့ မူလပုံစံကိုေျပာင္းလိုက္သည္။ ႐ုတ္တရက္သူ႔ကိုဖက္လိုက္တဲ့ Hostေၾကာင့္ေၾကာင္အသြားေပမဲ့ အိမ္ထဲဝင္လာတဲ့မင္းအကၡရာကိုေတြ႕လိုက္ေတာ့နားလည္သြားေတာ့သည္။
[*Hostကငါ့ကိုေသတြင္းတူးေပးေနတာပဲ*]
မင္းအကၡရာ companyကေနေဒါသတႀကီးထြက္သြားတဲ့ယံေလးေၾကာင့္ေျပးလိုက္လာမိသည္။ အိမ္ေရာက္ေတာ့ေကာင္ေလးတစ္ေယာက္နဲ႔ဖက္ေနတဲ့ယံေလးကိုေတြ႕ေတာ့စိတ္တိုသြားၿပီး ထိုေကာင္ေလးရင္ခြင္ထဲကယံေလးကိုဆြဲထုတ္ကာ သူ႔ရင္ခြင္ထဲထည့္ဖက္ထားလိုက္ေတာ့႐ုန္းကန္ေနတဲ့ယံေလးေၾကာင့္ပုခုံးေပၚထမ္းတင္လိုက္ၿပီး အေပၚထပ္ကအိပ္ခန္းဆီေခၚလာခဲ့လိုက္သည္။ က်န္ခဲ့တဲ့အားလ်န္မွာေတာ့ အျမန္ပင္မင္းအိျႏၵာယံရဲ႕ကိုယ္ထဲျပန္ဝင္ေနလိုက္ရေတာ့သည္။
"ယံေလး မင္းကကိုယ့္ရဲ႕ကာမပိုင္ေယာက်ာ္းဆိုတာမသိဘူးလား"
"အဲ့ဒါခင္ဗ်ားကိုေမးရမွာ ခင္ဗ်ားသာကြၽန္ေတာ့္ကိုယူထားၿပီး တစ္ျခားမိန္းမနဲ႔ျဖစ္ခ်င္တိုင္းျဖစ္ေနတာ ကြာမယ္ ခင္ဗ်ားနဲ႔ကြာမယ္"
အခန္းထဲေရာက္တာနဲ႔ တိမ္လႊာထက္ယံရဲ႕ကိုယ္ေလးကို ကုတင္ေပၚပစ္တင္ၿပီး သူ႔ခါးပတ္ကိုဆြဲျဖဳတ္ကာလက္ႏွစ္ဖက္ကိုခ်ည္ေႏွာင္ထားလိုက္ေတာ့သည္။
"ဘာလုပ္တာလဲ လႊတ္ေပး"
"မလႊတ္ေပးဘူး မင္းကိုလဲကြာမေပးႏိုင္ဘူး"
"ကြာမယ္ခင္ဗ်ားတို႔က ကေလးေတာင္ရေနၿပီ ကြၽန္ေတာ္ဆက္မေပါင္းဘူးကြာေပး"
ေျပာေနရင္း ဝမ္းနည္းလာကာ ထိုင္ငိုခ်လိုက္မိေတာ့ မင္းအကၡရာက်စ္သတ္လိုက္ၿပီး သူ႔ေရွ႕ဒူးေထာက္ခ်လိုက္သည္။
"ကိုယ္အဲ့ကိစၥကိုင္တြယ္ပါ့မယ္ အဲ့ဒီကိုယ္ဝန္က ကိုယ္နဲ႔ရတာမဟုတ္ဘူးဆိုတာသာ ယံေလးကယုံၾကည္ေပးပါ"
ဘာမွမေျပာဘဲ ငိုေနတဲ့ယံေလးေၾကာင့္ ယံေလးေျခေထာက္ႏုႏုေလးကိုကိုင္လိုက္ၿပီး ေျခဖမိုးႏုႏုကိုအနမ္းေပးလိုက္ေတာ့ မ်က္ရည္ဝိုင္းေနတဲ့မ်က္ဝန္းေလးေတြနဲ႔သူ႔ကိုၾကည့္လာသည္။
"ယုံပါကေလး ကိုယ္သူနဲ႔စည္းမေက်ာ္ခဲ့ဘူး ကိုယ္သူနဲ႔တြဲတာ ယံေလးဆီကအာ႐ုံစိုက္မႈရခ်င္႐ုံပါ ကိုယ္ထိေတြ႕ခ်င္တဲ့သူကလဲယံေလးပါ ကိုယ့္ကိုယုံပါ"
"ဟင့္~ ဘယ္လိုေျဖရွင္းၾကမွာလဲ"
"ကိုယ့္ကိုယ္ယုံ ဟုတ္ၿပီလား"
"အြန္း~"
"ဒါနဲ႔အေစာကေကာင္ေလးကဘယ္သူလဲ"
"သူက ယံေလးသူငယ္ခ်င္း ယံေလးဝမ္းနည္းေနလို႔ရင္ဖြင့္ခ်င္လို႔ေခၚလိုက္တာ"
"မဖက္ရဘူး ေနာက္ကိုကိုယ္နဲ႔သမီးကလႊဲရင္ဘယ္သူ႔မွမဖက္ရဘူး"
"အြန္း"
"လိမၼာတယ္ ကိုယ္အခုအျပင္ခဏသြားလိုက္အုံးမယ္"
"လက္ကခါးပတ္ေျဖေပးခဲ့ေလ"
"No...ကေလး တစ္ျခားသူကိုဖက္လို႔အျပစ္ေပးတာ ကိုယ္ျပန္လာတဲ့အထိအဲ့အတိုင္းေလးထိုင္ေန"
မင္းအကၡရာထြက္သြားေတာ့မွ အားလ်န္ကိုလွမ္းေခၚရသည္။
*အားလ်န္*
"လာၿပီ Host"
တံခါးဖြင့္ကာဝင္လာသည့္ အိျႏၵာက ကုတင္နားထိေျပးလာၿပီး ကုတင္ေပၚခုန္တက္ကာ သူ႔ေဘးဝင္ထိုင္ေနသည္။
"ေစာဏကေျပာထားတာေတြ recordယူထားၿပီး ဟိုမိန္းမဆီပို႔ေပး ငါ့ကိုပဲထိေတြ႕ခ်င္တာပါဆိုတဲ့အထိပဲ"
"ဟုတ္ ႀကိဳးေတြေျဖအုံးမလားHost"
"မေျဖေတာ့ဘူး မင္းနားေတာ့အားလ်န္
ငါ့အတြက္လဲေဆးႀကိဳျပင္ထားေပး"
"ဟီးးးး ဟုတ္Host"
အားလ်န္ထြက္သြားမွ ကုတင္ေပၚလွဲခ်လိုက္ကာ ခဏေလာက္အနားယူေနလိုက္ေတာ့သည္။
//////
ဆက္ရန္
ေကာေရးတဲ့ Ficက Perfectမျဖစ္ႏိုင္တာသိပါတယ္ အခုမွစေရးတာမို႔ လိုအပ္ခ်က္ေတြရွိေနတယ္ အကယ္၍ အဆင္မေျပတာရွိခဲ့ရင္ေကာကိုလာေျပာႏိုင္ပါတယ္ အသုံးအႏႈန္းေတာ့ယဥ္ေက်းေပးပါ။
ေကာမ႐ိုင္းတတ္ဘူး ဒါ့ေပမဲမယဥ္ေက်းတဲ့သူေတြအတြက္လဲ ယဥ္ေက်းမေပးတတ္ဘူး။
Wang Mei Lian