Arc 7.10 ~Feng Qin~
3.5K 312 4
Unicode
အားလျန်တို့ကောင်းကင်ညီလာခံကိုရောက်လာတော့ လေနတ်သမီးက ဒူးထောက်လျက်ထိုင်နေပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ထားသည်ကြောင့် အားလျန်ရောရှီကျွင်းပါသေချာစိုက်ကြည့်နေမိသည်။ ထိုအချိန်ဖုန်းချင်းကအားလျန်ကိုမြင်သွားပြီး အားလျန်ဆီရောက်လာသည်။
"ရခဲ့လားအားလျန်"
"ဟုတ် ဒီမှာ"
ဖုန်းချင်းအားလျန်လက်ထဲကဖန်ပုလင်းကိုယူလိုက်ပြီး လေနတ်သမီးရှေ့မှာသွားရပ်လိုက်သည်။
"လေနတ်သမီးသာအပြစ်တွေကိုဝန်ခံမယ်ဆိုရင် အပြစ်ဒဏ်လျော့ပေါ့ပေးလိမ့်မယ်"
"ဘာကိုဝန်ခံ...ရမှာလဲ....ငါ....ငါဘာမှမလုပ်ထားဘူး"
"ကောင်းပြီ လင်ယွမ်ငါ့ကိုသုံးပြီနော်"
"အင်း"
ဖုန်းချင်းဆင့်ခေါ်လိုက်တဲ့အရာကြောင့် ညီလာခံထဲကသူအားလုံးကအံ့ဩသွားကြသည်။ အင်းးးးရှီကျွင်းတော့မပါဘူးပေါ့ သူသိနေခဲ့ပြီးသားလေ။ လေနတ်သမီးလဲအခုမှလန့်သွားကာ ဖုန်းချင်းကိုကြည့်နေလေသည်။ ဖုန်းချင်းအဖြူရောင်တောက်ပလာတဲ့ဝိညာဥ်ဖော်အိုးထဲကိုရှီကျွင်းရဲ့သွေးစက်အနည်းငယ်ချလိုက်တော့အမဲရောင်အငွေ့တွေအဖြစ်ပြောင်းသွားပြီး ပုံရိပ်တစ်ချို့ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ရှီမုန့်သေဆုံးသည့်နေ့ကပုံရိပ်ဖြစ်သည်။ အနီရောင်ဝတ်ရုံလေးနဲ့လှပနေတဲ့ရှီမုန့်က သူ့ရဲ့အဆောင်ထဲမှာ သူကိုယ်တိုင်ပြင်ဆင်ခြယ်သနေချိန် အခန်းထဲကိုတစ်စုံတစ်ယောက်ကခိုးဝင်လာသည်။ ရှီမုန့်ထရပ်ကာခုခံဖို့လုပ်လိုက်ချိန်မှာပဲထိုသူကရှီးမုန့်ရဲ့ခါးကိုဓားမြှောင်ထိုးစိုက်လိုက်ကာ တံခါးဖွင့်သံကြား၍ထွက်ပြေးသွားခဲ့လေသည်။
"လေပွေသင်္ကတနဲ့ဝတ်ရုံကဘယ်နတ်မင်းများအသုံးပြုပါလိမ့်"
ထိုအခါမှလုပ်ကြံသူရဲ့ဝတ်ရုံကိုသတိထားမိသွားကြသည်။ ခေါင်းစောင်းနဲ့ ညာဘက်ကျောပြင်နားမှာလေပွေသဏ္ဍာန်ပါနေတဲ့ဝတ်ရုံကြောင့်တရားခံဟာထင်ရှားသွားလေသည်။ လေနတ်သမီးကြောက်လန့်သွားကာငြင်းလေတော့သည်။