Arc 9.6 ~Min JiJeon~
2.4K 241 8
Unicode
ဆိုရာနဲ့စကားမများချင်တာကြောင့် အိမ်ပေါ်တက်လာခဲ့ပေမဲ့ ဆိုရာကအိမ်ပေါ်ထပ်အထိလိုက်လာသည်။ အခန်းတံခါးဖွင့်ဖို့လုပ်နေတဲ့ ဂျီဂျွန်လက်ကို လှမ်းဆွဲလိုက်ပြီးသူ့ဘက်ဆွဲလှည့်ကာပါးရိုက်လိုက်တဲ့ဆိုရာကြောင့် ဂျီဂျွန်စိတ်တိုလာရသည်။
ဖြောင်းးးး
"နင် နင် မိန်းကလေးကို"
"ငါ့အသားနာအောင်လုပ်ရင် မိန်းကလေးယောကျာ်းလေးဆိုပြီးခွဲခြားနေမှာမဟုတ်ဘူးပြီးတော့ကိုယ့်ဘာသာနေတာအကောင်းဆုံးပဲဆိုရာ ငါ့ကိုလာပြဿနာမရှာနဲ့ငါကငြိမ်နေမှာမဟုတ်ဘူး"
ဆိုရာကရုတ်တရက်သူယူလာတဲ့ဓားကိုအင်္ကျီထဲကထုတ်လိုက်တာကြောင့် လန့်သွားပြီးအမြန်ရှောင်လိုက်လေသည်။ ရှောင်တာမြန်ပေမဲ့လက်ဖျံကိုထိသွားတာကြောင့် လက်ရမ်းကနေတစ်ဆင့်သွေးကအောက်ထပ်ကိုကျသွားတော့ ပတ်မင်ဂျောင်ကပြေးတက်လာကာ ဆိုရာကိုဆွဲထားလေသည်။
"ကို ဘာလုပ်တာလဲ ဆိုရာကိုလွတ်ပေး"
"မလွတ်ဘူးဆိုရာ သူကမင်းDaddyနဲ့လက်ထက်မယ့်သူနော် အသိဝင်စမ်း"
"ဟင့်အင်း ဆိုရာသဘောမတူဘူး သတ်ပစ်မယ်"
"ကင်မ်ဆိုရာ! မင်း နောက်မှငါ့အဆိုးမဆိုနဲ့"
ပတ်မင်ဂျောင် ဆိုရာကဓားနဲ့ရမ်းနေတာကြောင့်လွှတ်ပေးလိုက်ချိန်ဆိုရာကဂျီဂျွန်ကိုဓားနဲ့ထိုးရန်ပြေးသွားတာကြောင့် စိုးရိမ်ပြီး ဆိုရာကိုဖယ်လိုက်ချိန် အရှိန်လွန်ပြီးဆိုရာကအိမ်ပေါ်ထက်ကပြုတ်ကျသွားပြီး သူနဲ့အတူဂျီဂျွန်ကိုပါဆွဲခေါ်သွားတာကြောင့်ဂျီဂျွန်ပါပြုတ်ကျသွားသည်။
"မဟုတ်ဘူး ဓားက!!"
ဂျုံဟာတစ်ယောက်အစည်းဝေးအတွက်သွားနေစဥ် စိတ်ထဲလေးလံလာတာကြောင့်လက်ထဲကဖိုင်တွဲကိုတင်းကြပ်စွာကိုင်လိုက်မိသည်။
"ဟေဆော့ ငါတို့ပြန်ကွေ့ကြမယ်"
"အစည်းဝေးက"
"အခုပြန်ကွေ့!!"
ဟေဆော့ဒေါသတကြီးအော်ပြောလိုက်တဲ့ဂျုံဟာကြောင့်ကြောင်သွားပေမဲ့ကားကိုပြန်ကွေ့ဖို့လုပ်ရသည်။ အတော်လေးခရီးပေါက်လာပြီးမှပြန်ကွေ့ခိုင်းတာထူးစမ်းနေပေမဲ့ စိုးရိမ်နေပုံရတဲ့ဂျုံဟာကြောင့်ဘာမှမမေးတော့ဘဲပြန်ဖို့ပြင်ရသည်။