Arc 2.2 ~Li Xian~
5.8K 585 1
Zawgyi
"သား!! အားရှန့်​"
အချုပ်​ခန်းထဲအ​ပြေးတစ်​ပိုင်းဝင်​လာပြီး သူ့ကို​ပွေ့ဖက်​လိုက်​တဲ့လူကြီး​ကြောင့်​ အမတ်​ကြီးယွီမှန်းသိလိုက်​သည်​။ ယွီအမတ်​က လီရှန့်​ကိုသိပ်​ချစ်​ပြီးအလိုလိုက်​သည်​ ငယ်​ငယ်​ကတည်း
ကအပြည့်​အ၀ကာကွယ်​​ပေးပြီး ဖခင်​​ကောင်းပီသသူတစ်​​ယောက်​ဖြစ်​သည်​။ ဇာတ်​​ကြောင်းမှာ လီရှန့်​​သေဆုံးသွား​တော့ ယွီအမတ်​ကနန်းတွင်းကနှုတ်​ထွက်​ပြီး သာမန်​အိမ်​​တော်​တစ်​ခုအ​နေနဲ့ပဲရပ်​တည်​သွားပြီး လီရှန့်​ကိုအမြဲလွမ်းဆွတ်​​နေခဲ့သည်​။ ယွီအမတ်​ဆီကရတဲ့​နွေး​ထွေးမှု​ကြောင့်​ 
ရှောင်​ကျန့်​မျက်​ရည်​ကျမိသည်​ သူ့ကမ္ဘာမှာကအ​ဖေဖြစ်​သူကအချိန်​ပြည့်​အလုပ်​ပဲလုပ်​​နေတာ​ကြောင့်​ သူ့ကို​နွေး​ထွေးမှုမ​ပေးနိုင်​ခဲ့ဘူး။ ယွီအမတ်​ကိုတင်းကြပ်​စွာပြန်​ဖက်​ထားမိသည်​။ ယွီအမတ်​အကူအညီနဲ့ သူဒီထဲကထွက်​မှဖြစ်​မည်​။
"​ဖေ​ဖေ သားကိုတစ်​ခုကူညီနိုင်​မလား"
"အားရှန့်​ဒီထဲကထွက်​ချင်​လား သားကြိုက်​ရာ​ပြော
ဖေ​ဖေဖြည့်​ဆည်း​ပေးမယ်​"
"သားဒီထဲကထွက်​ချင်​တယ်​ ​ဖေ​ဖေ
ပြီး​တော့ မင်းကြီးအနားမှာအနီးကပ်​​နေလို့ရတဲ့​နေရာ
သားလိုချင်​တယ်​ ​ဖေ​ဖေကဖြည့်​ဆည်း​​ပေးမယ်​မဟုတ်​လား"
ယွီအမတ်​ရင်​ခွင်​ထဲဝင်​ပြီး ပူဆာသလို​ပြောလိုက်​​တော့ ယွီအမတ်​က ​ရှောင်​ကျန့်​​ခေါင်း​လေးကိုပုတ်​ပြီး ​ခေါင်းတဆက်​ဆက်​ငြိမ့်​ပြသည်​။
"​ဖေ​ဖေကူညီမယ်​ ​သားရဲ့အစ်​ကို​ဆီကို​ဖေ​ဖေ
အကူညီ​တောင်းလိုက်​မယ်​ သားကြီးကအားရှန့်​​လေးသတင်းမကြား​သေးဘူး"
"ကိုကိုက စစ်​​မြေပြင်​​ရောက်​​နေတာမဟုတ်​လား ​ဖေ​ဖေ"
"မ​နေ့က စစ်​​ပြီး​ကြောင်း​အောင်​ပွဲရ​ကြောင်း ​ခြေမြန်​​တော်​က
သတင်းပို့တယ်​ သားကြီးနန်းတွင်းမ၀င်​ခင်​​ဖေ​ဖေတို့လှုပ်​ရှားကြတာ​ပေါ့"