Arc 5.9 ~Li Jie~
4K 355 6
Unicode
နောက်တစ်နေ့ညီလာခံရောက်တော့ အရင်နဲ့မတူပဲတိတ်ဆိတ်နေသည်။ မနေ့ကအမတ်ချုပ်အပြစ်ပေးခံရပြီး ရင်းမေ့ကရာထူးချခံရတာကြောင့် ကျန်တဲ့အမတ်တွေလဲငြိမ်နေကြသည်။ တိတ်ဆိတ်နေတဲ့ညီလာခံကိုဖြိုခွဲလိုက်တဲ့အသံက ဟောက်ဇီဆီကပင် ။
"ကွေ့ဖေးမယ်မယ်ရဲ့အမှုကို ​ဧကရာဇ်ရှေ့မှောက်သက်သေနှင့်တကွတင်ပြပါရစေ"
"ကောင်းပြီ ကွေ့ဖေးကိုသွားရောက်ခေါ်ဆောင်ခဲ့ကြ"
[Host Hostကိုလာခေါ်နေပြီ အပီအပြင်သရုပ်ဆောင်ပစ်နော်]
*မင်းHostပါစိတ်ချထားလိုက်*
လီကျဲသူ့ကိုလာခေါ်တဲ့သူတွေနောက်ကနေ ငြိမ်ငြိမ်လေးလိုက်လာကာ သူတို့ချထားတဲ့
အစီစဥ်အကြောင်းစဥ်းစားနေလိုက်သည်။ ညီလာခံထဲရောက်တယ်ဆိုရင်ပဲ ​ကိုယ်လုပ်တော်ရင်းကို ဧကရာဇ်ဘေးမှာတွေ့လိုက်ရသည်။
*ဒီဗျိုင်းနာမကတော့ လူကြီးဘေးလာရပ်နေသေးတယ် ပါးဆွဲရိုက်လိုက်ရ*
[အမလေး စိတ်လျော့ပါHostရယ်]
"ဧကရာဇ်ကိုဂါရဝပြုပါတယ်"
"အင်း စစ်သူကြီးတင်ပြနိုင်ပြီ"
ဧကရာဇ်ဆီကခွင့်ပြုချက်ရသည်နှင့် သူယူလာတဲ့သက်သေတွေကို ဧကရာဇ်ရှေ့တင်ပြလိုက်သည်။
"ဧကရာဇ် ပထမဆုံးသက်သေက လက်ကိုင်ပုဝါပါ ဒီနန်းတော်ကလူတိုင်းသိမှာပါ နန်းတော်အတွင်းမှာ အပျိုတော်တိုင်းကို သူ့တို့ကျရာနေရာအလိုက်ပုဝါတွေခွဲပေးထားတယ် အခုဧကရာဇ်ရှေ့မှာရှိနေတဲ့ပုဝါက ကိုယ်လုပ်တော်ရင်းရဲ့အဆောင်ကိုယ်စားပြုပါ ဒီပုဝါကိုနှင်းဆီခင်းဘေးကသစ်ပင်အောက်ကရှာတွေ့ခဲ့တာပါ သေဆုံးသူအပျိုတော်မှာပုဝါရှိနေပါတယ် ဒီတော့ဒီပုဝါကနောက်ထပ်အမျိုးသမီးတစ်ယောက်ရဲ့ပုဝါပါ အခုချိန်မျက်မြင်သက်သေအမျိုးသမီးဖြစ်တဲ့ ကိုယ်လုပ်တော်ရင်းရဲ့အပျိုတော်တစ်ယောက်ပျောက်နေပါတယ်"
"ကွေ့ဖေးကအကြံပက်စက်တာပဲ"
အမတ်ချုပ်ကြီးကဝင်ထောက်တော့ လီကျဲပြုံးလိုက်သည်။ ဒါကသူတို့လိုချင်တဲ့အခြေအနေပဲလေ သူ့တို့ဇာတ်ထဲပါအောင်ဆွဲသွင်းရတော့မှာပေါ့။