Arc 7.9 ~Feng Qin~
3.1K 319 21
Unicode
အားလျန်တစ်ယောက် သူ့Hostကောင်းမှုကြောင့် နတ်ဆိုးအရှင်ရဲ့ညီလာခံခန်းမထဲရောက်နေလေသည်။ မျက်စောင်းခဲချင်ပေမဲ့ ထိုသူ့ရဲ့ပိုင်နက်ဖြစ်နေပြန်တော့ အားမတန်လို့မာန်လျော့ဆိုသလို ငြိမ်ကုပ်နေရလေသည်။ နတ်ဆိုးတိုင်းပြည်အကြောင်းဆွေးနွေးပြီးမှ သူ့ဘက်ကိုလှည့်ကြည့်လာသည်။ အစောကနှင့်မတူဘဲ ပြုံးယောင်နေသည့်နှုတ်ခမ်းများကြောင့်အားလျန်ပြန်ပြေးချင်လာမိသည်။
*အူးဝါးးးးးHostပြန်လာခေါ်ပေး မနေချင်ဘူးအူးဝါးးးးးး*
"ဖူးစားရေးနတ်ရောက်နေတာကြာပြီ ဘာကိစ္စများလဲ"
"နတ်ဆိုးအရှင်နဲ့သီးသန့်ပြောဖို့ အစ်ကိုတော်ကမှာလိုက်ပါတယ်"
"ကောင်းပြီ ကိုယ့်အဆောင်သွားကြတာပေါ့"
"ဗျာ!...ဟုတ် ဟုတ်ကဲ့"
*အရှင်တစ်ခါဖက်နမ်းတယ် ဒီတစ်ခါဆို...အိ*
နတ်ဆိုးအရှင်ရဲ့အဆောင်ကိုရောက်တော့ အဆောင်ရှေ့ကစားပွဲမှာနတ်ဆိုးအရှင်ကထိုင်လိုက်တာကြောင့် အားလျန်သက်ပြင်းခိုးချမိသည်။ ဒါကိုမြင်သွားတဲ့နတ်ဆိုးအရှင်ဆီကခပ်တိုးတိုးရယ်သံကိုကြားလိုက်ရသည်။
"ကိုယ်ကအဲ့လောက်ထိလည်းလက်မရဲပါဘူး ဖူးစားရေးနတ်ပေါက်စရဲ့"
"ခင်ဗျားနော် လူကိုပေါက်စပေါက်စနဲ့ ကျွန်တော်အဲ့လောက်မငယ်ပါဘူး"
"အင်း မငယ်ပေမဲ့သေးတယ်လေ"
"ဘာဗျ!"
"လူကောင်သေးတယ်လေ ကိုယ်လုံးလေးကသေးသေးလေးလို့ပြောတာ"
"ဟွန့် အစ်ကိုတော်ကြောင့်သာမဟုတ်ရင် မလာဘူး"
"မင်းမလာရင်ကိုယ်လာတွေ့မှာပေါ့"
"ရားးးးးတော်ပြီလာရင်းကိစ္စပြောမယ်
အစ်ကိုတော်ကခင်ဗျားရဲ့သွေးစက်နည်းနည်းလောက်ပေးဖို့တောင်းဆိုခိုင်းလိုက်တယ်"
ဝတ်ရုံထဲကဖန်ပုလင်းလေးကို ရှီကျွင်းရှေ့တိုးပေးလာတဲ့ကောင်လေးကိုရှီကျွင်းအသည်းယားစွာပဲကြည့်နေမိသည်။ ဒီကောင်လေးကိုစတွေ့ကတည်းကမြတ်နိုးခဲ့ရတာ သူ့အစ်ကိုကိုအထင်လွှဲပြီးနာကျင်အောင်လုပ်ခဲ့မိတဲ့အတွက် ချစ်ကြောင်းဝန်မခံရဲသေးပေ။ ဒါပေမဲ့ဒီကောင်လေးကသူ့အပိုင်ပဲဖြစ်လာရမည်။