Arc 2.6 ~Li Xian~
5.7K 548 0
Zawgyi
"ဗျာ! ရှန့်​ရှန့်​အတွက်​ ဒူး​ထောက်​တယ်​"
လီရှန့်​တကယ်​မထင်​မှတ်​ထားတဲ့အရာပဲ မိဖုရားငယ်​​တွေက သူ့အတွက်​ဒူး​ထောက်​တယ်​တဲ့လား။ ယွီအမတ်​က သက်​ပြင်း
ရှိုက်​ပြီး ဆက်​​ပြောလာတဲ့စကား​ကြောင့်​ လီရှန့်ပိုအံ့ဩ
သွားရသည်​။
"ဟင်းးးးး ​တော်​၀င်​ကြင်​ယာ​တော်​ကလည်း အားရှန့်​အတွက်
တရားမျှတမှုရှိ​အောင်​စစ်​​ဆေး​ပေးဖို့ ကျို့ပြည်​​ထောင်​ရဲ့
အင်​အားကိုပါ သုံးဖို့​ပြောလာတယ်​"
"ဗျာ!"
ဘယ်​လိုဖြစ်​တာလဲ မူလကိုယ်​ပိုင်​ရှင်​တုန်းက ဘာလို့ဒီလို​တွေမရှိခဲ့တာလဲ ဘာ​ကြောင့်​လဲ လျို့ဝှက်​ထားတာများရှိ​နေတာလား။ အားလျန်​ကလည်း ပြန်​မ​ရောက်​​သေး​တော့ ​မေးဖို့အခွင့်​မရှိ​သေးဘူး။ အားလျန်​ပြန်​လာမှ ​သေချာ​မေးမြန်း
ကြည့်​ရမယ်​။ ​မိဖုရားငယ်​​တွေက သူနဲ့ခင်​မင်​တာမို့သူ့အတွက်​၀င်​​ပြောတာကထားပါ ​တော်​၀င်​ကြင်​ယာ​တော်​က ဘာ​ကြောင့်
သူ့ကိုကူညီချင်​တာလဲ။
"ရှန့်​ရှန့်​!!"
"ဗျာ ​ကော ​ကောဘာ​ပြောလိုက်​တာလဲ"
"အရမ်းအ​တွေးမများပါနဲ့ သွားအနားယူ​တော့
မနက်​ဖြန်​နန်းတွင်းဝင်​ဖို့ ပြင်​ဆင်​ထား"
"ဟုတ်​ကဲ့​ကော"
လီရှန့်​​တွေးစရာ​တွေများ​နေပြီ ပထမအချက်​က မိဖုရား​တွေနဲ့ ​တော်​၀င်​ကြင်​ယာ​တော်​က သူ့ကိုကာကွယ်​​ပေးတဲ့အ​ကြောင်း၊ ဒုတိယက သူ​ပျောက်​​နေတဲ့အ​ကြောင်း သတင်းဖုံးထားသည့်​ ကိစ္စပင်​ဖြစ်​သည်​။ အခု​လောက်​ဆို သူထွက်​​ပြေးလာတာ အရှင်​​သေချာ​ပေါက်​သိမှာပဲ ဘာ​ကြောင့်​ဖုံးကွယ်​ထားတာလဲ အရှင်​ကသူ့ကိုမုန်း​နေပြီမဟုတ်​လား။
ညက​တော်​​တော်​နဲ့လီရှန့်​အိပ်​မ​ပျော်​ခဲ့ဘူး အခုချိန်​ဆို​ကွေ့​ဖေးကိုမိဖုရား​ခေါင်​​မြှောက်​​တော့မယ့်​ အချိန်​မဟုတ်​လား။ သူ့အ​နေနဲ့ သက်​​သေမြန်​မြန်​ရှာဖို့လိုအပ်​​နေပြီ အရှင့်​ကို
ကွေ့​ဖေးလို ​ကောက်​ကျစ်​တဲ့သူနားရှိမ​နေ​စေချင်​ဘူး။