Arc 3.10 ~Bai Xie~
5.8K 480 18
Unicode
ရက်တွေကမြန်လိုက်တာ အခုဆို စစ်မင်ရဲ့မွေးနေ့တောင်ရောက်လာပြီ။ ဒီအတောတွင်းစစ်မင်က ပိုင်ရှဲ့ကိုအရမ်းဂရုစိုက်သည်။ ချစ်တယ်လို့ဝန်မခံတာကလွှဲရင်အကုန်အဆင်ပြေပြေရှိသည်။ အိမ်အလုပ်တွေလဲမလုပ်ခိုင်းဘဲ သူသွားရာခေါ်သွားတတ်သည်။ ရှေ့ရက်ကဆို ပိုင်ရှဲ့ကိုစိုက်ကြည့်လို့ဆိုပြီး ရုံးကဝန်ထမ်းကောင်မလေးကိုအလုပ်ထုတ်ပစ်လိုက်သေးသည်။ အခုလဲပိုင်ရှဲ့အတွက်ဝတ်စုံပြင်ဆင်ပေးနေသည်။ တကယ်ပါပဲဝန်မခံပေမဲ့ဟန်လဲမဆောင်ပြန်ဘူး ခံစားချက်ကတစ်မျိုးကြီးပဲ လူကိုမနေတတ်အောင်လုပ်ဖို့ဆို လျိုစစ်မင်တို့ကထိပ်ဆုံးကပဲ။
"ရှဲ့ ဘာတွေတွေးနေတာလဲ"
"လူကြီး ကျွန်တော့်ကိုချစ်လား"
ပိုင်ရှဲ့ခါးကိုဖက်ထားတဲ့ စစ်မင်ရဲ့လက်တွေတင်းကြပ်သွားသည်။ ဘာလို့မေးရတာလဲ အဲ့ဒီ့မေးခွန်းအတွက်သူ့မှာအဖြေမရှိဘူးလေ။
"ရှဲ့မလုပ်ဘူးဆို လူကြီးယုံမှာလား"
"ဟမ်? ဘာကို..."
"ဟင့်အင်းထားလိုက်ပါ ပွဲအပြင်ဆင်သွားကြည့်လိုက်အုံးမယ် ဒီနေ့ကအရေးကြီးတယ်လေ"
စစ်မင်ပြောချင်တာတွေပြောပြီးထွက်သွားတဲ့ကောင်လေးကြောင့် အတွေးများနေရပြန်သည်။ အခုတလောဒီကောင်လေးကြောင့် စိတ်ထဲမတင်မကျဖြစ်နေရတာများပြီ။ ပါးနဲ့မားကိုဆုံးရှုံးစေလို့မုန်းမိသလို သူ့နှလုံးသားကလဲစွဲစွဲလမ်းလမ်းချစ်နေမိပြန်သည်။ တကယ်ပဲ ချင်းပိုင်ရှဲ့က ဖြေရှင်းရခက်ပြီးအဓိပ္ပါယ်နက်နဲတဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ။
(တီတီတီ.....)
"ဟယ်လို ချိန်ပြော"
"......."
"ကောင်းပြီ စာရင်းအပြတ်ရှင်းဖို့ပြင်ထားလိုက်ချိန်"
*ဟက်! လုချင်ရှီး မင်းကအဆိပ်မသေးပါလား
ဒါပေမဲ့ မထိသင့်တာကိုမှရွေးထိမိတာကတော့ မင်းအတွက်ကံဆိုးမှုပဲ*
စစ်မင် ဟွိုက်ချန်ကိုဖုန်းဆက်ပြီး သူ့အစီစဥ်တိုင်းဆောင်ရွက်ဖို့ပြောထားလိုက်သည်။ ပြဿနာတွေကကြာကြာလွှတ်ပေးထားလို့မကောင်းဘူးလေ။ သူအောက်ထပ်ဆင်းလာတော့ဧည့်သည်တွေတောင်ရောက်နေကြပြီ။