Arc 10.1 ~Azalea~
2.5K 205 16
Unicode
ရှောင်ကျန့် မျက်လုံးဖွင့်ဖွင့်ခြင်းတွေ့လိုက်ရတာက ၁နှစ်အရွယ်ကလေးမလေးတစ်ယောက်ဖြစ်သည်။ နှစ်ခြိုက်စွာအိပ်ပျော်နေပုံရတဲ့ကလေးကအပူအပင်ကင်းစွာပင်။ သူလည်းအခန်းထောင့်မှာရှိတဲ့မှန်တင်ခုံရှေ့သွားကာ သူရဲ့ရုပ်ကိုကြည့်ဖို့ပြင်လိုက်သည်။
"အားးးး အကျိုးတွေနည်းကုန်ပြီ အားလျန်အခုလာစမ်း"
[ဗျ ဗျာ Host]
"မင်းငါ့ကိုမိန်းကလေးခန္ဓာကိုယ်ထဲထည့်ပေးထားတယ်"
[အဲ့ဒါကျွန်တော်လုပ်တာမဟုတ်ဘူးလေHost
ပြစ်တော့မတရားခံရတဲ့ကိုယ်တွေထဲပဲပို့တာလေ မတရားခံရတဲ့ကိုယ်တိုင်းကယောကျာ်းလေးမဟုတ်သလို မိန်းကလေးတိုင်းကလဲမယုတ်မာကြဘူးလေ]
"ထားပါတော့ မင်းပြောတော့မင်းစကားပေါ့ကွာ"
[ဇာတ်ကားပို့ပေးပါ့မယ် Host]
"အင်း"
ဇာတ်ကြောင်းကိုဖတ်ကြည့်လိုက်တော့ သူဝင်ထားတဲ့ကိုယ်က Azaleaလို့ခေါ်တဲ့အမျိုးသမီးလေးဖြစ်ပြီး သူမမှာ Floraလို့ခေါ်တဲ့တစ်နှစ်ကျော်အရွယ်သမီးလေးရှိသည်။ Azaleaရဲ့ခင်ပွန်းကဒီကမ္ဘာရဲ့ဇာတ်လိုက်မဟုတ်ဘဲVillianဖြစ်သည်။ ဇာတ်လိုက်က Zaynဖြစ်ပြီး Zaneရဲ့အစ်ကိုဖြစ်သည်။ Zaynရဲ့အဖေမှာမိန်းမနှစ်ယောက်ရှိပြီး Zaynကမယားငယ်ကမွေးဖွားလာတဲ့သားဖြစ်သည်။ Zaneရဲ့အမေဟာကိုယ်ဝန်မရတာကြောင့် Zaneရဲ့အဖေကနောက်အိမ်ထောင်ပြုခဲ့တာဖြစ်ပြီး Zaynကိုမွေးဖွားပြီးနှစ်နှစ်ကြာမှZaneကိုမွေးခဲ့သည်။ ဒါကြောင့်သူသေဆုံးချိန်မှာမိသားစုအမွေတွေကိုZaynကိုလွှဲပြောင်းပေးခဲ့သည်။ ဒါကအများအမြင်ပေါ့ အမှန်တကယ်တော့Zaynရဲ့အမေဟာသူ့ရဲ့အချစ်ဦးဖြစ်တာကြောင့်ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး Zaneအပေါ်မှာမေတ္တာမပေးဘဲအမြဲတမ်းခွဲခြားဆက်ဆံခဲ့သည်။ Zaneရဲ့အမေဟာအေးချမ်းတဲ့သူဖြစ်တာကြောင့် ဘာမှမပြောခဲ့ပေမဲ့ Zaneကတော့အငြိုးထားခဲ့သည်။ ZaneကိုZaynကချစ်ခင်ဂရုစိုက်ပေမဲ့ Zaneအတွက်တော့ဟန်ဆောင်မှုဟုသာလက်ခံထားကာ အမှောင်ဘက်ခြမ်းမှာ အာဏာရှိအောင်ကြိုးစားပြီး Zaynဆီကနေအရာရာကိုလုယူဖို့ကြိုးစားခဲ့သည်။ ဒါကြောင့်ပဲZaynချစ်ရတဲ့Azaleaကိုအရယူခဲ့ခြင်းဖြစ်သည်။ Zaneတွင်Jennaလို့ခေါ်တဲ့ချစ်သူရှိပြီး သူဟာAzaleaကိုမချစ်မနှစ်သက်ပေ။ Zaynကိုအနိုင်ရချင်စိတ်တစ်ခုတည်းနဲ့ရယူထားပြီးအမြဲတမ်းစိတ်ဒုက္ခပေးတတ်သည်။ ဒါပေမဲ့ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်းမျိုးတော့တစ်ခါမှမလုပ်ခဲ့ပေ။ Azaleaကတော့Zaneကိုငယ်ငယ်လေးကတည်းကချစ်လာခဲ့တာဖြစ်ပြီး Zaneနဲ့ရတဲ့သွေးသားကိုZaneကဖျက်ချခိုင်းခဲ့တာတောင်အရယူခဲ့သည်။ Floraလေးကိုမွေးပြီးနောက်ပိုင်းZaneကသူ့ကိုစိတ်ဒုက္ခမပေးတော့ပေမဲ့ လုံးဝကိုပစ်ပယ်ထားခဲ့တာဖြစ်သည်။ ဒါကိုအခွင့်ကောင်းယူပြီး JennaကAzaleaနဲ့Floraကိုအမျိုးမျိုးနှိပ်စက်သည်။ Zaynကသိသွားကာကူညီချင်ခဲ့ပေမဲ့Zaneကိုသူ မကျော်လွန်နိုင်ခဲ့ပေ။ Jennaကတစ်ရက်မှာတော့ Zaneအိမ်မှာမရှိတုန်းAzaleaကိုလူလွှတ်ကာဖျက်ဆီးခိုင်းခဲ့ပြီး ဖောက်ပြန်သလိုလုပ်ကြံဇာတ်ဆင်ခဲ့သည်။ Zaneကလည်းဒါကိုယုံကြည်ခဲ့ပြီး Azaleaကိုနှင်ထုတ်ခဲ့တာကြောင့်နှလုံးရောဂါအခံရှိတဲ့သူမဟာထိုနေရာမှာပဲရင်ကွဲကာသေဆုံးခဲ့ရသည်။ Zaynကတော့ကြေကွဲသွားခဲ့ရပေမဲ့ သူ့ညီဖြစ်တဲ့Zaneကိုမထိခိုက်ရက်တာကြောင့်ဘာမှမတုံ့ပြန်ပေးခဲ့ပေ။ နောက်ပိုင်းမှာAzaleaရဲ့အမွှာညီမဖြစ်တဲ့ Asterနဲ့လက်ထက်ခဲ့ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုထူထောင်ကာနယ်မြို့လေးကိုပြောင်းရွေ့နေထိုင်ပြီးအမွေအားလုံးကိုZaneလက်ထဲထည့်ပေးခဲ့သည်။ Zaneဟာလည်းZaynကိုလွတ်ပေးခဲ့ပြီးJennaနဲ့လက်ထက်ကာFloraကိုစောင့်ရှောက်ရင်းနေထိုင်သွားခဲ့သည်။