Arc 4.1 ~Yu Min~
5.8K 438 18
Unicode
ရှောင်ကျန့်နားထဲမှာ အော်ဟစ်ဆူညံသံတွေကြားနေရသည်။ ဒါကဘယ်လိုနေရာမျိုးလဲ ပြီးတော့ သူကရော သူကဘာလို့ဘာမှမမြင်နိုင်ရတာလဲ။ ရုတ်တရက်သူ့လက်ကိုလာဆွဲပြီးပြေးတဲ့သူကြောင့် ဆွဲခေါ်ရာသာလိုက်ပြေးတော့သည်။ တစ်နေရာရောက်တော့ထိုသူကပြေးနေတာကိုရပ်တန့်လိုက်သည်။
"ယွီမင် ဒီမှာပဲကိုယ့်ကိုယ်စောင့်နေပေးနော် ကိုယ်ပြန်လာခေါ်မယ်"
"အင်း"
ထိုလူသူ့နားကထွက်သွားတော့မှ အားလျန်နဲ့ဆက်သွယ်လိုက်ရသည်။
*အားလျန် ဇာတ်ကြောင်းပို့ပေး*
ဒီကမ္ဘာရဲ့ဇာတ်လိုက်နာမည်က ချောင်လုံတဲ့ ချောင်လုံက Top2နေရာမှာရပ်တည်နေတဲ့ကုမ္ပဏီရဲ့ဥက္ကဋ္ဌ။ ချောင်လုံမှာအရမ်းချစ်ရတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။ သူမနာမည်က လျို့ယင် သာမန်မိန်းကလေးတစ်ယောက် ချောင်လုံဆီမှာအတွင်းရေးမှူးအဖြစ်အလုပ်လုပ်ရာကနေချစ်ကြိုက်မိသွားကြတာဖြစ်သည်။ ချောင်လုံက လျို့ယင်ကိုလက်ထက်ပြီး ကလေး၂ယောက်ရခဲ့တယ်။ ဇာတ်လမ်းကထင်သလောက်တော့ဘယ်ရိုးရှင်းပါ့မလဲ။ ချောင်လုံက Top1နေရာကိုရချင်လို့ကြိုးစားနေတဲ့သူတစ်ယောက် ဒါပေမဲ့ ကုလုပ်ငန်းစုရဲ့မူရင်းဆက်ခံသူအစစ်ကိုမသိတာကြောင့် သူ့အတွက်တော်တော်ခက်ခဲခဲ့တယ်။ ဆက်ခံသူအစစ်ကိုလုပ်ငန်းစုရဲ့အထက်ပိုင်းကလွဲပြီးဘယ်သူမှမသိကြသလိုမြင်လဲမမြင်ဖူးကြပေ။ ချောင်လုံရဲ့လုပ်ငန်းတွေမှာအမှားတွေပါဝင်လာတယ် ဒါကိုသိသွားတဲ့ ကျစ်လော့ဆိုတဲ့မိန်းကလေးကို လျို့ယင်ကရှင်းပစ်ခဲ့တယ်။ ရက်ရက်စက်စက်သတ်ပစ်ခဲ့တာကြောင့် ကျစ်လော့ရဲ့ချစ်သူကောင်လေးက လက်စားချေဖို့ကြိုးစားခဲ့တယ်။ ဇာတ်လိုက်တို့ရဲ့သဘာဝအရ ချောင်လုံတို့ကပဲအနိုင်ရခဲ့တယ်လေ ကျစ်လော့ရဲ့ချစ်သူကောင်လေးကိုသတ်ပစ်ခဲ့ကြတယ်။ အဲ့ဒီ့ကောင်လေးသေဆုံးမှုကိုကုလုပ်ငန်းစုဘက်ကဖော်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပေ။နောက်တော့ကုလုပ်ငန်းစုရဲ့ဆက်ခံသူကဇာတ်မြုပ်သွားခဲ့ပြီး ချောင်လုံကTop1နေရာကိုရရှိခဲ့တယ်။