Arc 2.7 ~Li Xian~
5.5K 555 0
Zawgyi
"ထယ်​ အဆိပ်​!!"
ကွေ့​ဖေးက အရှင့်​ကိုအဆိပ်​ခပ်​တာလား? ဇာတ်​​ကြောင်း
ကဘာလို့မူလဇာတ်​​ကြောင်းက​နေ​သွေဖယ်​​နေတာလဲ? အားလျန်​ပြန်​လာဖို့က၆ရက်​​လောက်​လို​နေ​သေးတယ်​ ဇာတ်​​ကြောင်း​ပြောင်းတာဆိုရင်​ သူ့အနားအားလျန်​ရှိ​နေမှပိုအဆင်​​ပြေမှာဖြစ်​သည်​။ ​လော​လောဆယ်​​တော့ ​ကွေ့​ဖေး​ပေးတဲ့လက်​ဖက်​ရည်​ကြမ်းအိုးကို အရှင်​မ​သောက်​​အောင်​လုပ်​မှဖြစ်​မည်​။ အရှင်​မလာခင်​ စားဖို​ဆောင်​ကိုသွားပြီး လက်​ဖက်​ရည်​ကြမ်း
အသစ်​ပြင်​ဆင်​ပြီး ​ကွေ့​ဖေး​ပေးတဲ့လက်​ဖက်​ရည်​ကြမ်းနဲ့​နေရာလဲထားလိုက်​သည်​။ အားလုံးပြင်​ဆင်​ပြီး​တော့ သူ့အတွက်​စီစဉ်​​ပေးထားတဲ့ အခန်းကိုပြန်​ဖို့အရှင့်​အ​ဆောင်​ထဲကထွက်​ရန်​ပြင်​လိုက်​ချိန်​ အခန်းထဲဝင်​လာတဲ့အရှင့်​​ကြောင့်​ ပုဝါကိုအမြန်​ပြန်​ကောက်​တပ်​ရသည်​။ အ​စောကအလုပ်​လုပ်​​နေချိန်​ ရှုပ်​လို့ချွတ်​ထားပြီး အခုမှပြန်​၀တ်​မလို့ဖြစ်​သည်​။
"မယ်မင်းကဘာလို့ခုချိန်​ထိရှိ​နေတာလဲ"
"အရှင်​....အရှင်​မင်းကြီးရဲ့ ​ဝေယျာဝိစ္စအကုန်​တာဝန်​ယူထားရလို့ပါ"
"မလိုဘူး ​နောက်​ကိုငါကိုယ်​​တော်​မလာခင်
မယ်​မင်းဒီအဆောင်​ထဲကထွက်​ပါ သွား​တော့"
အရှင့်​ကိုအရို​သေပြုပြီး အ​ဆောင်​ထဲကအမြန်​ထွက်​လာခဲ့ရသည်​။ အရှင့်​ပုံစံကစိတ်​တို​နေသလိုပဲ ညီလာခံမှာ
ဘာဖြစ်​လာလို့လဲ။ သူ့အတွက်​စီစဉ်​​ပေးထားတဲ့ အ​ဆောင်​ကအရှင့်​အ​ဆောင်​ရဲ့အနီးက နား​နေ​ဆောင်​လိုအ​ဆောင်​ငယ်​​လေးမို့ အရှင့်​ကိုအချိန်​ပြည့်​​စောင့်​ကြည့်​လို့ရပြီဖြစ်​သည်​။ လီရှန့်​အ​ဆောင်​ဘက်​​ကွေ့အ၀င်​မှာ ​တော်​၀င်​ကြင်​ယာ​တော်​ ​လျှောက်​လာတာ​တွေ့တာ​ကြောင့်​ ရပ်​လိုက်​ပြီးအရို​သေပြု​တော့ ​တော်​၀င်​ကြင်​ယာ​တော်​က သူ့လက်​ကိုဆွဲပြီး အ​ဆောင်​ထဲ​​ခေါ်သွားသည်​။
"​တော်​၀င်​ကြင်​ယာ​တော်​ ကျွန်​​တော်​မျိုးမကို
ဘာ​ကြောင့်​....!"