Arc 10.2 ~Azalea~
2K 213 25
Unicode
Azaleaနိုးလာတော့မနက်ခင်း၈နာရီတောင်ထိုးလို့နေပြီ။ ဘေးဘီဝဲယာကိုကြည့်မိတော့Zaneဟာရှိမနေကြည့်ရတာထသွားပြီထင်ပါရဲ့။ ကုတင်ပေါ်ကထရပ်လိုက်ချိန် သန့်ရှင်းနေတဲ့ခန္ဓာကိုယ်နဲ့ဝတ်ဆင်ထားတဲ့ပန်းသားရောင်ညအိပ်ဂါဝန်အဖျော့လေးကြောင့် Zaneအပေါ်အမြင်မကြည်မှုအနည်းငယ်ပြေလျော့သွားသည်။
"မဆိုးပါဘူး လူစိတ်တော့နည်းနည်းကျန်သေးတာပဲ"
"ဘယ်သူ့ကိုပြောတာလဲ"
"ဟင်!"
Azaleaနောက်ကိုလှည့်ကြည့်လိုက်တော့ ရေချိုးခန်းတံခါးကိုတစောင်းမှီနေကာခါးတွင်သာတပတ်တစ်ထည်ပတ်ထားပြီးလက်ပိုက်ကာသူ့အားစိုက်ကြည့်နေတဲ့Zaneကိုတွေ့လိုက်ရသည်။
"ဘယ်သူက လူစိတ်နည်းနည်းကျန်သေးတာလဲ"
"ရှင်လေ"
Zaneကိုတည့်တည့်ကြည့်ကာပြောလိုက်ပြီး အိမ်ထဲတွင်သာစီးသည့်အမွှေးပွဖိနပ်အဖြူလေးအားကောက်ကိုင်ကာ ​ဘေးဘက်ကသူ့အခန်းသို့ပြေးသွားသည့်Azaleaကိုကြည့်ကာ Zaneပြုံးလိုက်မိသည်။
*မင်းပြောင်းလဲလာတယ် Azalea*
Azaleaအခန်းထဲရောက်တော့ Floraကနိုးနေပြီဖြစ်တာကြောင့် သန့်ရှင်းရေးလုပ်ပေးပြီးမနက်စာပြင်ဆင်ရန်Floraလေးကိုရှေ့တွင်သိုင်းကာအောက်ထပ်ဆင်းလာပြီးမနက်စာပြင်ဆင်ရသည်။ ညကအရှိန်​ကြောင့်ကိုက်ခဲနေပေမဲ့အားလျန်ဆီကခိုးလာခဲ့တဲ့ဆေးကြောင့်နေသာထိုင်သာတော့ရှိနေသေးသည်။ Spaceထဲကအားလျန်ကတော့ သူ့ဆေးတစ်ချို့ပျောက်နေတာကြောင့်ရှာပုံတော်ဖွင့်နေလေသည်။
မနက်စာပြင်ဆင်ပြီးခဏအကြာမှာပဲ အညိုရောင်suitနဲ့Zaneကရောက်လာကာသူ့အားစိုက်ကြည့်နေတာကြောင့်မသိချင်ယောင်ဆောင်ကာ Floraကိုသာဖြည့်စွက်စာခွံ့နေလိုက်သည်။ တော်တော်ကြာသည်အထိမစားသေးဘဲသူ့ကိုကြည့်နေတဲ့လူကြောင့်အမြင်ကပ်လာရတော့သည်။
"Floraကတစ်နှစ်ကလေးမို့အခုလိုစားလို့ရတာ ရှင်ကတော့ကိုယ့်ဘာသာစားပေါ့လက်ရောပါးစပ်ရောအကောင်းကြီးရှိသေးတယ်မလား"
"အဟက်! ကိုယ်လက်နဲ့ပါးစပ်ကောင်းမကောင်းမင်းသိပါတယ်"
"အရှက်ကိုမရှိဘူး"