Arc 9.2 ~Min JiJeon~
3.1K 315 38
Unicode
"တကယ်ကြီး ကင်မ်ဂျုံဟာလား!?"
"အင်း"
"အမလေး လူကြီးကယ်ပါ!"
"လန့်သွားတာလား"
ဂျီဂျွန်ရဲ့ခေါင်းကိုခပ်ဖွဖွပုတ်ပေးပြီး လေပြေလေးနဲ့စကားပြောလာတဲ့ ကင်မ်ဂျုံဟာကို မျက်စောင်းထိုးပစ်လိုက်သည်။ ဟုတ်သည်လေ နိုးနေတာကိုမပြောဘူးလူကိုလန့်အောင်လုပ်တယ်။ သူ့အမူအရာကိုမြင်ပြီးကင်မ်ဂျုံဟာက ခပ်ဖွဖွရယ်ပြန်သည်။
*အားးးးးတော်ရုံပဲပြုစားပါလူကြီးရယ်*
[Hostရဲ့လူဆိုတာသေချာပြီလား]
*သေချာတယ် ဒီရင်ခွင်ငွေ့ကိုငါမမှားနိုင်ဘူး*
"ထတော့ပြီးရင်ဆေးသောက်ရအောင်"
"ဆေး! ဘာ...ဘာဆေးလဲ"
"မင်းလေးကိုက်တာခဲတာမဖြစ်အောင်လေ ညကကိုယ်အရမ်းကြမ်း....."
"ရပြီရပြီဆက်မပြောနဲ့နားလည်ပြီ"
"ရှက်တာလားကိုယ့်omegaလေးက"
"ဟင်? omega"
"အင်း ကလေးအသက်ဘယ်လောက်ရှိပြီလဲ"
"၂၃"
"ဟေ! ကိုယ်က၁၈လောက်ထင်နေတာ ဒါထက်၂၃ကိုဘာလို့Pheromoneကောင်းကောင်းမဖွံ့ဖြိုးသေးတာလဲ"
"ဖယ်အုံး ရေချိုးမလို့"
"အင်း"
ဂျီဂျွန် ဂျုံဟာရဲ့ရင်ခွင်ထဲကထွက်ပြီးရေချိုးခန်းထဲပြေးဝင်သွားလိုက်သည်။ သူ့pheromoneကအခုမှစဖွံ့ဖြိုးနေတာဖြစ်လို့ထိန်းချုပ်ဖို့မလွယ်ပေ သူသာအပြင်မှာဆက်နေနေရင်ဆက်အစားခံရမှာသေချာသည်။
*အားလျန် လုပ်အုံး ငါမထိန်းချုပ်တတ်တော့ဘူး*
[အဲ့ဒါအားလျန်လည်းမလုပ်တတ်ဘူး Hostလူကြီးကိုသွားမေးကြည့်ပါလား]
ကင်မ်ဂျုံဟာ ရေချိုးခန်းထဲပြေးဝင်သွားတဲ့ကျောပြင်လေးကိုကြည့်ပြီး ညကအကြောင်းတွေပြန်စဥ်းစားနေမိသည်။ ညကရှယ်ယာရှင်တစ်ချို့ရဲ့ဖိတ်ခေါ်မှုနဲ့Barကိုလိုက်ပါလာခဲ့တာမထင်မှတ်ဘဲ ဆေးမိနေတဲ့ကောင်လေးနဲ့သူဝင်တိုက်မိသွားသည်။ ဆေးအရှိန်ပြင်းနေပုံရတဲ့ကောင်လေးက တစ်စုံတစ်ဦးဆီမှထွက်ပြေးလာပုံရပြီး အရမ်းထိန်းချုပ်နေရပုံပင်။ သူ့လက်တွေကိုဆုပ်ကိုင်လာပြီး အရည်လဲ့နေတဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုပြောလာသည်က ' ကျေးဇူးပြုပြီးကူညီပေးပါ ကျွန်တော်မထိန်းထားနိုင်တော့ဘူး' ဆိုတာကြောင့် အခန်းတစ်ခုယူကာ အတူနေဖြစ်သွားသည်။ အရှုပ်အရှင်းတွေမကြိုက်သလိုအလုပ်များနေတတ်ပြီး sexကိစ္စကိုရှောင်ရှားတတ်သည့်သူက အခုမှတွေ့ဖူးတဲ့ကောင်လေးနဲ့သွေးသားခြင်းနှီးနှောလိုက်မိသည်။