Arc 7.6 ~Feng Qin~
3K 315 27
Unicode
ဖုန်းချင်းအခု ကောင်းကင်အရှင်ရဲ့တားမြစ်ဥယျာဥ်ထဲကကြာကန်နားကိုရောက်နေလေသည်။ ဝိညာဥ်သစ္စာပန်းက ကြာကန်အလယ်မှာတစ်ပွင့်ထဲသာရှိတဲ့ ပန်းပွင့်ဖြစ်သည်။ အဖြူရောင်ပေါ်မှာ သျှားရောင်လွှမ်းထားသဏ္ဍာန်ရှိပြီး အရိုးကအစိမ်းနုရောင်လေးဖြစ်သည်။ နှစ်သက်ဖွယ်ရနံ့ကဥယျာဥ်တစ်ခုလုံးကိုမွှေးပျံ့နေလေတော့သည်။ နှစ်ပေါင်းသောင်းချီသက်တမ်းရှိနေပြီး ခူးဆွတ်သူရှိမှသာနောက်တစ်ကြိမ်ပွင့်လန်းမည့်ပန်းဖြစ်သည်။ သို့သော်ကောင်းကင်အရှင်ကြောင့်ခူးဆွတ်ရဲသူမရှိခဲ့ချေ။
"ချင်းအော်"
ပန်းပွင့်ကိုမည်မျှကြာအောင်ငေးမောနေမိသည်မသိ အနောက်ပါးမှထွက်ပေါ်လာတဲ့အသံခပ်ဩဩကိုကြားမှလက်ရှိကိုပြန်သတိရလေတော့သည်။ အနောက်သို့လှည့်လိုက်ပြီး ခေါင်းငုံ့အရိုသေပေးလိုက်သည်။
"ကောင်းကင်အရှင်"
"လင်ယွမ်"
"ဟင်?"
"လင်ယွမ်လို့ခေါ်"
"မသင့်တော်ပါဘူးအရှင်"
ဝမ်လင်ယွမ်ကဖုန်းချင်းလက်ကိုဖြေးညင်းစွာဆုပ်ကိုင်လာပြီး ဖုန်းချင်းကိုသူ့အနားသို့ဆွဲခေါ်လိုက်လေသည်။
"ချင်းအော် ကိုယ်တောင်းပန်ပါတယ်"
"ရပါတယ်အရှင် အကျိုးရှိလို့အကြောင်းဖြစ်လာတယ်လို့ပဲသဘောထားလိုက်ပါ့မယ်"
"ဒါဆိုကိုယ့်ကိုခွင့်မလွှတ်နိုင်ဘူးလား"
"......."
နှုတ်ဆိတ်နေတဲ့ဖုန်းချင်းကိုကြည့်ကာဝမ်လင်ယွမ်သက်ပြင်းရှိုက်လိုက်ပြီး ကောင်းကင်အရှင်ရဲ့နဂါးဝတ်ရုံကြီးကို'မ'ကာ ဖုန်းချင်းရှေ့ဒူးထောက်ချလိုက်တော့သည်။
"အရှင်!"
"ချင်းအော် မင်းအပေါ်မှာအပြစ်တစ်ခုမကကိုယ်လုပ်မိခဲ့တယ် ကိုယ်နောင်တရသလို လုပ်မိတိုင်းလည်းကိုယ်တိုင်ပါနာကျင်ခဲ့ရတာ ကိုယ့်အပြင်..."
"မုန့်မုန့်လည်းသိနေတယ်မဟုတ်လား"
"ချင်းအော်"