Arc 2.3 ~Li Xian~
5.8K 565 4
Zawgyi
"အ​တော်​အတင့်​ရဲ​နေပါ့လား ​ကွေ့​ဖေး ဘယ်​သူအမိန့်​နဲ့လဲ"
"မင်း...မင်းကြီး"
လီရှန့်​မသိမသာပြုံးလိုက်​ပြီး သူတို့နဲ့ခပ်​လှမ်းလှမ်းမှာရပ်​​နေ​လိုက်​သည်​။ တကယ်​​တော့မင်းကြီးရှိ​နေတာကို
သူအစကတည်းကသိနှင့်​​နေပြီးသားဖြစ်​သည်​။ မူလဇာတ်​​ကြောင်းမှာ ယွီအမတ်​နဲ့​တွေ့ဆုံခွင့်​မရ​ခဲ့ရတာ​ကြောင့်​(တကယ်​​တော့ လီရှန့်​ကမ​တောင်းဆိုခဲ့တာ) စစ်​မေးဖို့
လာ​တဲ့မင်းကြီးက​စောသွားပြီး ​ကွေ့​ဖေးလာချိန်​မှာမဆုံလိုက်​တာဖြစ်​သည်​။ အခု​တော့​သေချာအကွက်​ဆင်​ထားတာ​ကြောင့်​ သေချာ​ပေါက်​ဆုံမည်​ဆိုတာသိသည်​။ မင်းကြီးက ​ကွေ့​ဖေး
မ၀င်​ခင်​ကတည်းက အချုပ်​ခန်းနား​ရောက်​​နေတာဖြစ်​သည်​။ ​ကွေ့​ဖေးလာ​တော့ အကွယ်​မှာရပ်​​နေခဲ့တာ လီရှန့်​ကမြင်​​ပေမဲ့ ​ကျော​ပေးထားတဲ့​ကွေ့​ဖေးကမမြင်​ခဲ့ဘူး။
"​တောင်းပန်​ပါတယ်​ မင်းကြီး ယွင်​အာက"
"မင်းမှာ​တွေ့ဆုံခွင့်​​ရောရှိသလား အပြစ်​သားကိုလာ​တွေ့ချင်
ရ​င်​ ​ကိုယ်​​တော့်​ဆီလာခွင့်​​တောင်းရမှာကို မသိတာလား"
မင်းကြီးက သူ့​ခြေရင်းမှာကျ​နေတဲ့ ​ရွှေ​ရောင်​တလက်​လက်​နဲ့ဓားကို ​ကောက်​ယူလိုက်​ပြီး လီရှန့်​ကိုအရင်​ကြည့်​လာပြီးမှ ဓားကိုတင်းတင်းဆုတ်​ကိုင်​ပြီး ​ကွေ့​ဖေးကိုကြည့်​သည်​။
"ဒါဘာသ​ဘောလဲမိဖုရား တရားခံကိုနှုတ်​ပိတ်​ချင်​တဲ့သ​ဘောလား"
မင်းကြီးအ​မေး​ကြောင့်​​လီရှန့်​နှုတ်​ခမ်းတွန့်​ရုံ​လေးပြုံးလိုက်​သည်​။ ​ကွေ့​ဖေးက ကိုယ့်​ဒုက္ခကိုယ်​ရှာလိုက်​တာပဲမဟုတ်​လား။ ​ခေါင်း​အောက်​စိုက်​ထားပြီး အကြည့်​​တွေကိုကြမ်းပြင်​ဆီပို့ထားတာ​ကြောင့်​ လီရှန့်​အပြုံးကိုဘယ်​သူမှမမြင်​လိုက်​။ ​ခေါင်းငုံထားတဲ့လီရှန့်​​ကြောင့်​ မင်းကြီးလက်​ကပိုပြီးတင်းကြပ်​သွားသည်​။
"မဟုတ်​ပါဘူး မင်းကြီး ယွင်​အာက မယ်​​တော်​ကြီးအတွက်​.."
"တိတ်​စမ်း! ဒီဓားက အမှန်​​ဖော်​ဖို့မဟုတ်​မှန်း မင်းသိတယ်
တန်​ ​ကွေ့​ဖေးကိုအ​ဆောင်​ပြန်​ပို့​ပေးပြီး အကျယ်​ချုပ်​ချထားလိုက်​"