Real Life 1
2K 167 7
Unicode
ရှောင်ကျန့်မျက်လုံးဖွင့်ကြည့်လိုက်တော့ သူရောက်နေတာဆေးရုံအခန်းတစ်ခုမှာဖြစ်ပြီး သူ့ဘေးတွင်တော့သူ့လက်ကိုကိုင်ကာအိပ်ပျော်နေတဲ့ကောင်လေးတစ်ယောက် ရှောင်ကျန့်သူ့လက်ကိုအနည်းငယ်လှုပ်ရှားလိုက်တော့ကောင်လေးကခေါင်းမော့လာပြီးသူ့ကိုမော့ကြည့်လာသည်။
"ဟင် ဝမ်ရိပေါ်"
"သတိရပြီလားbaby ကိုယ်ဆရာဝန်သွားခေါ်ပေးမယ်"
ခဏနေတော့ဝမ်ရိပေါ်နဲ့အတူဆရာဝန်ပါရောက်လာပြီးစစ်ဆေးစရာရှိတာစစ်ဆေးပြီးနောက်ပြန်ထွက်သွားသည်။
"babyလက်နဲ့ခေါင်းကိုပဲထိသွားတာမို့မနက်ဖြန်ဆင်းချင်ဆင်းလို့ရပြီတဲ့"
"တမင်လုပ်တာမလား"
"ဘာကိုလဲ"
"ကားတိုက်မှုလေ"
"အင်း အဲ့ဒါမှsystemထဲထည့်လို့ရနိုင်မှာကြောင့် ကိုယ်တောင်းပန်းပါတယ်"
"အင်း ထားလိုက်တော့"
ဆေးရုံကဆင်းပြီး၃ရက်အကြာမှာတော့ရှောင်ကျန့်တက္ကသိုလ်ပြန်တက်သည်။ ကျောင်းကိုရောက်တော့ ရှောင်ကျန့်နဲ့ သူ့အရင်ရည်းစားဟောင်းအကြောင်းသို့လောသို့လောနှင့်ကောလဟာလများစွာထွက်နေလေသည်။ ရှောင်ကျန့်ကတော့I don't careပါပဲ အတန်းကိုပုံမှန်အတိုင်းပဲတက်ကာ နေ့လည်နားချိန်ရောက်တော့ကန်တင်းကိုထွက်လာခဲ့လိုက်သည်။ သူကန်တင်းကိုရောက်တော့စားချင်တာမှာထားပြီးစောင့်နေချိန်သူ့ရှေ့ကခုံမှာ ဝင်ထိုင်တဲ့နှစ်ယောက်ကြောင့်စိတ်ရှုပ်သွားရသည်။
"ရှောင်ကျန့်ဆေးရုံကဆင်းပြီလား သက်သာရဲ့လား"
"မင်းစောက်ပူမပါဘူး"
"ရိုင်းလိုက်တာ ကိုကမင်းကိုစေသနာနဲ့မေးတာကို"
"စေသနာနဲ့လာမေးတာလား စောက်ရှက်မရှိလာအရွဲ့တိုက်နေတာလားဆိုတာကျုပ်ကောင်းကောင်းခွဲခြားတတ်တယ် အစ်မကြီး အဲ့ဒီ့တော့ဒီဝိုင်းကနေလစ်လိုက်တော့"
"တောက်! ကိုလာသွားကြရအောင်"
"ရှောင်ကျန့်မင်းပြောင်းလဲသွားတယ်"