Arc 4.4 ~Yu Min~
4.4K 387 11
Unicode
ချန်လင်ရေချိုးခန်းထဲကထွက်လာတော့ ယွီမင်ကအိပ်ပျော်နေပြီဖြစ်သည်။ သူပဲအရမ်းကြာသွားတာလား ဒီကလေးကပဲအအိပ်မက်တာလား။ အိပ်ပျော်နေတဲ့ယွီမင်ရဲ့ဆံပင်လေးတွေကိုသပ်တင်ပေးလိုက်ပြီး နှဖူးလေးကိုနမ်းလိုက်သည်။ ဒီနေ့ကုမ္ပဏီကို ညီအစ်ကိုနှစ်ယောက်လုံး သွားရမှာကြောင့် ကျန်ခဲ့မယ့်ကလေးနှစ်ယောက်အတွက်စိတ်ပူနေရလေပြီ။ မသွားလို့တဲ့မဖြစ်တာမို့လုံခြုံရေးအထက်ထက်ချပြီး သွားဖို့စီစဥ်ရသည်။ ချန်လင်အခန်းရှေ့ရောက်တော့ ချန်ဝေကအဆင်သင့်ပြင်ပြီးသူ့အခန်းထဲကထွက်လာတာတွေ့လိုက်သည်။ ချန်ဝေမျက်နှာမကောင်းတာသိပေမဲ့ မမေးသင့်တဲ့အကြောင်းရာမို့ မသိချင်ယောင်သာဆောင်နေလိုက်ရသည်။
"ကော ကျွန်တော်ကားထဲကစောင့်နေမယ်"
"အင်း"
ချန်ဝေ စစ်လုယွင်ရဲ့အခန်းထဲဝင်လိုက်တော့ လုယွင်ကစားလက်စမုန့်ပန်းကန်ကိုချပြီး သူ့ရင်ခွင်ထဲဝင်ပြေးလာသည်။ အသာယာပွေ့ဖက်ပြီး ကျောပြင်လေးကိုပုတ်ပေးလိုက်တော့မှ ရင်ခွင်ထဲကနေသူ့ကိုမော့ကြည့်လာသည်။
"ကိုကို ကျွန်တော့်ကိုရှင်းပြခွင့်ပေးမယ်မဟုတ်လားဟင်"
"အင်း အချိန်ကျရင်ပေါ့ ခုတော့ကိုယ့်မှာလုပ်စရာတွေအများကြီးကျန်သေးတယ် ယွီမင်အတွက်အများကြီးလုပ်ပေးရအုံးမှာမို့ ကိုယ်တို့ကိစ္စကိုခဏမေ့ထားကြတာပေါ့"
"ဟုတ် ကျွန်တော်ကြိုးစားပါ့မယ်
ဒါနဲ့ ယွီမင််ဘယလိုနေလဲဟင်"
"သူသက်သာပါတယ် မနက်ဖြန်ခွဲစိတ်ရတော့မယ်"
"တော်သေးတာပေါ့ တစ်ချိန်လုံးစိတ်ပူနေခဲ့တာ"
"အင်း အခုတော့ကိုယ်ကုမ္ပဏီသွားရအုံးမယ် ဒါကြောင့်မင်းကယွီမင်ကိုဂရုစိုက်ပေးပါ"
"စိတ်ချပါ ပြီးတော့ကိုကိုလဲဂရုစိုက်ပါ"
"အင်း ကိုယ်မြန်မြန်ပြန်လာခဲ့မယ်"
ချန်ဝေကားပေါ်ရောက်တော့ ချန်လင်ကဖိုင်တွဲတစ်ခုကမ်းပေးလာသည်။ ချန်ဝေဘာလဲဆိုတဲ့အဓိပ္ပါယ်နဲ့ကြည့်လိုက်တော့ ချန်လင်ကရှင်းပြသည်။