Arc 5.10 ~Li Jie~
4.4K 342 20
Unicode
အထိန်းတော်ကြီးလက်ထဲကပန်းချီကားကို လက်လွှဲယူလိုက်ပြီး အရှင့်ရှေ့မှောက်ချပြလိုက်သည်။ အရှင့်မျက်နှာကအလိုမကျသလိုမျက်မှောင်ကြုတ်သွားပြီး အမတ်တစ်ချို့ကအံ့ဩသွားကြသည်။
"အရှင်ဒီပန်းချီကားကိုသိမှာပါ"
"ချည်နှောင်ဖွဲ့အသက်ကျိန်စာကားချပ် ဒါကပန်းချီမဟုတ်ဘဲကျိန်စာကားချပ်"
"ဟုတ်ပါတယ်အရှင် အရှင်မှတ်မိမှာပါ လွန်ခဲ့တဲ့ရက်ပိုင်းကစာကြည့်ဆောင်ကိုလာပြီး အရှင့်ဆီကကျိန်စာအကြောင်းစာအုပ်မေးခဲ့တယ်လေ"
"အင်း ကိုယ်မှတ်မိတယ်"
"အဲ့ဒီနေ့က လီအော်ကိုယ်လုပ်တော်ရင်းဆီသွားခဲ့တယ် ကိုယ်လုပ်တော်ရဲ့အဆောင်မှာဒီပန်းချီကားကိုတွေ့ခဲ့တာ အဲ့ဒါကြောင့်ပဲအရှင့်ဆီကစာအုပ်လာတောင်းခဲ့တာ"
ဖန်းဇယ်ကိုယ်လုပ်တော်ရင်းကိုကြည့်လိုက်တော့ ခေါင်းငိုက်စိုက်ကြသွားပြီး ဘယ်သူ့ကိုမှမော့မကြည့်ရဲတော့ပေ။
"ဒီကားချပ်က ကိုယ်တော့်ရဲ့ဘိုးဘေးကရေးဆွဲခဲ့တာ အမုန်းတွေနဲ့ပြည့်နှက်နေတဲ့အချိန်မှာ သူမုန်းတဲ့သူကိုလဲကျိန်စာတိုက်ပြီးသူကိုယ်သူလဲစတေးပြီး ဒီကားချပ်ကိုလိုချင်သူမှန်သမျှကိုလဲကျိန်စာသင့်စေခဲ့တယ် စိတ်သန့်သန့်နဲ့ကိုင်တဲ့သူသာကျိန်စာကမထိရောက်မှာ"
"ကြင်ယာတော်ရင်းက လီအော်ကိုမကျေနပ်ရာက သူ့ကိုယ်သူထိခိုက်စေခဲ့မိတာ ဒါကြောင့်လဲသူကျိန်စာပြေနိုင်ဖို့ လီအော်ကိုမတရားစွပ်စွဲခဲ့တာ"
"တောက်! အထိန်းတော်ကြီး အဲ့ဒီကားချပ်ကို ဘိုးဘေးဆောင်မှာသွားသိမ်းထားလိုက်ပါ ကိုယ်လုပ်တော်ရင်းကို လက်ချောင်းတွေချိုးပြီးအချုပ်ထဲထည့်ထားလိုက်"
ဖန်းဇယ်အမိန့်ချပြီးတာနဲ့ ညီလာခံသိမ်းဖို့ကြေညာပြီး ပလ္လင်ပေါ်ကဆင်းကာ လီကျဲနားလျှောက်လာသည်။ လီကျဲအနားရောက်တယ်ဆိုရင်ပဲ ကိုယ်လုပ်တော်ရင်းရဲ့ ရယ်သံကိုကြားလိုက်ရသည်။
"ဟားးးးး ငါရှုံးသွားမှတော့ နင်လဲမနိုင်စေရဘူး လုလီကျဲ"
ဘေးမှာရပ်နေတဲ့ရဲမက်ရဲ့ခါးကဓား​မြှောင်ကိုဆွဲယူပြီး လီကျဲဆီပစ်ပေါက်လိုက်တော့သည်။ ဖန်းဇယ်လက်ဆွဲတော်ဓားကိုသုံးပြီး ဓားမြှောင်ကိုဦးတည်မှုပြောင်းစေလိုက်ပေမဲ့ လီကျဲကတော့သူ့ရင်ခွင်ထဲပြိုကျလာသည်။